The State Of Internet

Internet က တဖြည်းဖြည်းနဲ့ လူသုံးများလာနေပါပြီ အခုဆို Extranet လို့တောင် ခေါ်ရမလားပဲ။ အခုကတော့ Data တွေ ကြည့်ကြည့်ရအောင်ပါ။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ စာရင်းအရ ကမ္လာပေါ်မှာ web site ပေါင်း 234 Million ရှိနေပြီ အဲဒီ အထဲမှာ စာဖတ်သူ အခုဖတ်နေတဲ့ site လေးလဲ ပါနေတယ်
84% Of Social Networking Sites Users are Women
Social Networking ဆိုဒ်တွေမှာ 84% ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေလို့ ဆိုပါတယ် ဆိုတော့ ကျန်တဲ့ 16% ထဲမှာ ကျွန်တော်ပါတာပေါ့။

27.3 Million Numbers Of Tweet on Twitter Per Day
Twitter မှာ တစ်ရက်ကို tweet လုပ်တဲ့ messages ပေါင်း 27.3 Million လောက်ရှိပါတယ်။ ကံကောင်းချင်တော့ အဲဒီ Million တွေထဲမှာ တစ်ရက်ကို 20 လောက် (ရုံးဖွင့်တဲ့ ရက်ဆို 40 လောက်) tweet လုပ်နေတာ ကျွန်တော် ပေါ့

4.63 Million People Following Ashton Kutcher on Twitter
4.63 Million လောက်က မင်းသား Ashton Kutcher ကို Twitter မှာ follow လုပ်ထားကြတယ်။ အဲဒီထဲမှာ မနေ့ကအထိ ကျွန်တော် မပါသေးဘူး အခုမှ သိပြီး စိတ်ဝင်စားသွားလို့ follow လုပ်လိုက်ဦးမယ်။

FaceBook has 260 Billion Pages View Per Month
ကံကောင်းတယ်ပြောရမယ် ကျွန်တော့် ဘလော့ဂ်ကို တစ်လ အဲဒီလောက် page view မရှိလို့ မဟုတ်ရင် ရှိသမျှ ပစ္စည်း အကုန်ရောင်းတောင် ဆာဗာ ဖိုးနိုင်မှာတောင် မဟုတ်ဘူး။

FaceBook Needs Over 30,000 Servers and More
ပိုကံကောင်းတယ် ပြောရမယ် အခုထိ ကျွန်တော့် ဘလော့ဂ်က ဖတ်တဲ့သူ သိပ်မရှိတော့ shared server ၁ လုံးနဲ့ တင်အဆင်ပြေနေတယ်။ FaceBook ကတော့ ၃ သောင်းကျော်တောင် သုံးနေရတယ်။

400 Million People On FaceBook
အခုပြောတဲ့ 400 Million ထဲမှာ ကျွန်တော်လဲ တစ်ယောက်အနေနဲ့ပါတယ်။

148,000 New Zombies Computers Created Per Day
ကံကောင်းတယ်ပြောရမယ် အခုထိတော့ အဲဒီ Zombie Computer ထဲ ကျွန်တော့် စက်မပါသေးဘူးထင်တာပဲ။

The State Of The Internet
ကျွန်တော် အခု အပေါ်မှာ ပြောခဲ့တဲ့ Internet နဲ့ သက်ဆိုင်တဲ့ Data တွေ အားလုံးနဲ့ အဲဒီထက်များတဲ့ အချက်အလက်တွေကို ထက်သိချင်သေးရင် အခုအောင်မှာ ပါတဲ့ The State Of The Internet ဆိုတဲ့ Video ကို ကြည့်နိုင်ပါတယ်။ JESS3 channel က လုပ်ထားတာဖြစ်ပြီး ရိုးရှင်းပြီး ကျွန်တော်တို့ မသိတဲ့ အကြောင်းတွေကို ပြောပြပေးပါလိမ့်မယ်။ Have Fun!!
JESS3 / The State of The Internet from JESS3 on Vimeo.

Ye Myat said,
Wrote on March 15, 2010 @ 5:09 pm
Figures
Like or Dislike:
0
0
Samuel Faith said,
Wrote on March 17, 2010 @ 10:23 am
84% of social network users are females. How many percentage of them are drop-dead gorgeous babes, Ko Tay Zar?
Like or Dislike:
0
0