Wrap Your Earphone for Safety


iPhone Ear Phone

ကျွန်တော့်မှာ အရင်ကတည်းက walkman, mp3 တွေ နားထောင်ရင် ပြသနာ ခဏတိုင်း ဖြစ်တာက နားကြပ်ပါပဲ။ ကျွန်တော်က အပြင်သွားတိုင်း လမ်းလျောက်တိုင်း၊ ကားစီးတိုင်း အမြဲ နားကြပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိတယ်။ အပြင်မှာလဲ ဘယ်သူမှ လမ်းတွေ့လို့ခေါ်ရင် မကြားဘူး။ ဒါပေမယ့် နားကြပ်တပ်ထားပေမယ့် ကားတွေ ဘာတွေကိုတော့ အမြဲသတိထားတယ်။ နားကြပ်တပ် သီချင်းနားထောင်ရင်းနဲ့ ကားကို မမြင်ပဲ လမ်းဖြတ်ကူးတဲ့သူတွေလဲ လိုက်ဆွဲဘူးတာတော့ မနဲဘူး။ နောက်ဆုံး ဆွဲခဲ့တာကတော့ လမ်းလျောက်တတ်စ ကလေးကို သွားဆွဲဖူးတာ အရင်ပြောဖူးပါတယ်။ သီချင်းက တစ်ယောက်ထဲနေမှ နားထောင်ပါတယ် သူငယ်ချင်းတွေနဲ့ သွားရင် ဘယ်တော့မှ နားမထောင်ဘူး။ သူများကို မလေးစားရာကျသလို နားတစ်ဖက်ဖြုတ်ထားပြန်ရင်လဲ battery waste ဖြစ်ပြီး သီချင်းကိုလဲ စိတ်မရောက်ဖူးထင်လို့။

အိုကေဗျာ အခုက သီချင်းအကြောင်းပြောမှာမဟုတ်ဘူး နားကြပ်အကြောင်းပဲ ကျွန်တော် အဲဒီလို အမြဲနားထောင်တော့ ဖြစ်တာက နားကြပ်ပြတ်တဲ့ ပြသနာ ဖြစ်တယ်။ မတော်တဆလဲ ပျက်သလို၊ သက်တမ်းကုန်သွားလို့ ပျက်တာလဲဖြစ်တယ်။ အသစ်ဝယ်ရမယ်ဆိုရင်တော့ ဒုက္ခရောက်တော့တာပဲ earphone တွေက ရောင်းရင် parking ထုတ်ထားတယ် ကျွန်တော် စမ်းလို့မရဘူး bass သံ sound proof, noise reducing တွေ ဘာမှ မသိရဘူး။ ကျွန်တော်ကလဲ အကောင်းမဝယ်နိုင်ဘူးဆိုတော့ တော်တော် ဒုတ်ခရောက်တယ် အရင် ကျောင်းတက်တုန်းကဆို တစ်ခါဖြစ်သေးတယ် လိုင်းကားပေါ်က ဆင်းပြီး လမ်းလျောက်တုန်း ရှပ်အကျီထဲက ပိုက်ဆံ ၁၀၀ တန် အစုတ်တစ်ရွက် ကျသွားတာ ကျွန်တော် မသိလိုက်ဖူး။ မျက်နှာချင်းဆိုင် လာတဲ့သူက တွေ့လို့ သတိပေးတော့ ကျွန်တော်လဲ သီချင်းနားထောင်နေရင်း ကောက်လိုက်တာ အိတ်ထဲက mp3 player က ထွက်ကျသွားပြီး ကြိုးကို ဆောင့်ဆွဲသလိုဖြစ်ပြီး ပျက်ပါလေရော။ ၁၀၀ တန်နဲ့ နားကြပ်နဲ့လဲလိုက်ရတယ် :D

နောက်တော့ နားကြပ်ဝယ်တာနဲ့ ပြသနာတက်ရော ဈေးကြီးတိုင်းလဲ ကောင်းတယ်လို့ပြောလို့မရပြန်ဘူး အရမ်း special ဈေးကြီးမှ တကယ်ကောင်းတာရနိုင်တယ်။ ကျွန်တော်ကလဲ အလယ်အလတ်တန်းပဲ ဝယ်နိုင်တော့ အမြဲပြသနာဖြစ်တယ်။ နောက်ဖြစ်တတ်တာက ကျောင်းမှာ အိတ်ထဲထည့်ထားတုန်း နားကြပ်ကြိုးက စာအုပ်တွေဖိမိနေတာကို ဆွဲထုတ်ရင်းနဲ့ ညှိပြီး အသံတစ်ဖက်မလာတော့တာက တော့ ခဏတိုင်းပဲ။ အခုက အဲဒီလိုတွေ မဖြစ်ရအောင် earphone management လုပ်နည်းပြောမလို့ပါ။ ကြိုးကို မလိုတဲ့ အချိန်မှာ ကျွန်တော်အပေါ်ဆုံးက တင်ထားတဲ့ ပုံလို ခေါက်ထားလို့ရတယ် tissue နဲ့ ပတ်ထားလိုက်ရင် နားကြပ်လဲ သန့်သွားတယ်။ အဲဒီလို ခေါက်ဖို့ကို HowCast က video ကို ကြည့်လိုက်ပါ။ ကျွန်တော်ကတော့ ဓာတ်ပုံရိုက်မပြတော့ဘူး ပြီးခဲ့တဲ့ အပတ်ကပဲ iPhone နားကြပ်ဈေးကြီးပေးဝယ်လိုက်ရလို့ ကြေကွဲနေတယ်။ ဒါတောင် ရိုးရိုးနားကြပ်ပဲရှိသေးတယ်၊ earbud မဟုတ်သေးဘူး။

ကျွန်တော့်ရဲ့ ပထမဆုံး iPhone Earphone ကတော့ တစ်ခါ အဝတ်လျော်စက်ထဲ ကျင်လည်ဖူးလေရဲ့။ ညက ပင်ပန်းလို့ အဝတ်လဲပြီးတန်းအိပ်တာ အဝတ်လျော်စက်ထဲထည့်ပြီး ပျင်းလဲကို အပေါ်ကာဗာကနေ အထဲလျောက်ကြည့်နေတာ ဘောင်းဘီထဲက ဘာလေးလဲမသိဘူးဆိုပြီး ကြည့်နေတုန်း earphone တဖြည်းဖြည်းထွက်လာတာ.. အရင် Sony Ericsson နားကြပ်လဲ အဝတ်လျော်တဲ့ အထဲဝင်ဖူးတယ်။ ကံကောင်းတာက အဲဒီ ၂ ခေါက်လုံး ဘာမှဖြစ်မသွားဘူး။

Earphone ခေါက်နည်းပြီးရင် iPhone/iPod Earphone တွေ ရဲ့ ညစ်ပတ်လွယ်တဲ့ rubber တွေကို ဘယ်လိုဆေးရမလဲ ကြည့်ပါ။

နောက်ဆုံးကတော့ iPhone, iPod earphone သုံးတယ်ဆိုရင် ကျွန်တော် အပေါ်ဆုံးပုံမှာ ပြထားသလို ဖော့စွပ်လေး ဝယ်ပြီးစွပ်ထားတာကောင်းပါတယ်။ မဟုတ်ရင် သူတို့မှာပါတဲ့ ရာဘာက ဖုန်ကပ်ပြီး ညစ်ပတ်လွယ်တယ် နားထဲ ပိုးတွေဝင်သွားနိုင်တဲ့ အတွက် safe ဖြစ်တာမျိုး သုံးတာကောင်းပါတယ်။ မဟုတ်ရင် မြင်ရုံနဲ့ သန့်တယ်လို့ ပြောလို့မရဘူးလေ :P ပျော်ရွှင်ပါစေ။



Related Posts

5 Comments so far »

  1. emoracket said,

    Wrote on March 7, 2010 @ 2:57 am

    အင်းအင်း…ကျွန်တော့် နားကြပ်လည်း အဲ့လိုလုပ်ဦးမှ :D

    Like or Dislike: Thumb up 0 Thumb down 0

  2. khet myint myint said,

    Wrote on March 7, 2010 @ 9:50 am

    I phone/ I pod အော်ရဂျင်နယ်နားကြပ်တွေက သူ့အတိုင်းကြီးဆို နားနာတယ်၊ ဖော့စွပ်လေးတပ်ထားမှ သက်သာတာ ..။

    Like or Dislike: Thumb up 0 Thumb down 0

  3. exiter said,

    Wrote on March 8, 2010 @ 10:35 am

    ကျွန်တှောဆို လွယ်အိပ်ထဲက earphone ထုတ်ရင် သတိထားပြီး ထုတ်ရတယ် ။ နားကြပ်နဲ့ညှိပြီး ပျက်ပျက်သွားတတ်လို့ … :D

    Like or Dislike: Thumb up 0 Thumb down 0

  4. Talkii said,

    Wrote on March 12, 2010 @ 9:07 pm

    Thx 4 sharing bro. Your post reminds me to clean my earphone.

    Like or Dislike: Thumb up 0 Thumb down 0

  5. madyjune said,

    Wrote on April 5, 2010 @ 5:44 pm

    လောလောဆယ်တော့ နားကြပ်နဲ့ နားထောင်တိုင်း နားနာလို့ နားမှာချိတ်တဲ့ဟာ ၀ယ်ဖို့ စိတ်ကူးနေတယ်။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: