30 Apr, 2010
Folding The Colors လို့ နာမည်ပေးထားတဲ့ design project တစ်ခု လွန်ခဲ့တဲ့ ၁ ပတ်ကျော်က လုပ်ဖြစ်ခဲ့တယ်။ Adobe Photoshop CS4 ကို သုံးပြီး လုပ်ဖြစ်ပါတယ်။ Design concept ကရှင်းရှင်းလေးပါ အရောင်တွေပဲ ကစားလိုက်တယ်။ အိုင်ဒီယာက ဘယ်ကရလဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ကဆွဲခဲ့တဲ့ လိုဂိုကနေပဲ ရပါတယ်။ အဲဒီ လိုဂိုတုန်းကလဲ အရောင်ပဲ ကစားပြီးလုပ်ထားတာ.. အဲဒါကို တွေးမိပြီး လုပ်ဖြစ်ပါတယ်။
Read the rest of this entry »
28 Apr, 2010
World Wide Developer Conference 2010 ကို ဒီနှစ် June 7 ကနေ 11 ရက်အထိ ၅ ရက်လုပ်သွားမယ်လို့ Apple က တရားဝင်ကြေငြာပါပြီ။ ဒီနှစ် အတွက် tag line က The center of the app univers လို့ဆိုပါတယ်။ ဟုတ်တာပေါ့ ဒီနှစ် iPhone 4G အကြောင်း OS 4.0 အကြောင်းက အရေးပါလိမ့်မယ်။ ဒီနှစ်က မနှစ်က 2009 WWDC ကလို OS X အသစ်ထုတ်ဖို့မှမရှိတာပဲ။
Read the rest of this entry »
27 Apr, 2010
Hitler not happy about the 550d… from oliver walker on Vimeo .
Hitler Downfall ဆိုတာက YouTube မှာ အရင်က နာမည်ကြီး video clip တွေပါပဲ။ အမှန်က အဲဒီ video က အများကြီးရှိတယ် iPad လဲရှိတယ် Camera လဲရှိတယ် iPhone လဲရှိတယ်။ မူရင်း “The Downfall: Hitler and the End of the Third Reich ” ဂျာမန် စကားပြော ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို ဖြတ်ထုတ်ပြီး အောက်က စာသားမှာ ပေါက်ကရ ဟာသတွေ english လိုရေးပြီးတင်ကြတာပါ။ အရင် iPad ထွက်တုန်းကလဲ Hitler iPad မှာ camera မပါတာ ipod touch အကြီးစားကြီးဆိုပြီး ပေါက်ကရ စာသားတွေထိုးပြီး တင်ကြတယ်။ ရုပ်တည်ကြီးတွေနဲ့ သရုပ်ဆောင်နေတာကို အောက်က ဟာသတွေလျောက် ဘာသာ ပြန်ထားတာ တကယ်ရီရတယ်။
Read the rest of this entry »
27 Apr, 2010
Graphic Tablet တွေသုံးကြတဲ့ အထဲမှာ အဓိက အများဆုံးသုံးကြတဲ့ ရည်ရွယ်ချက်က analog ကရတဲ့ result မျိုးကို digitize အလွယ်တကူ လုပ်ချင်တာက အရေးကြီးတဲ့ အချက်ပါပဲ။ တချို့ကလဲ outline လိုမျိုးဆွဲဖို့ သုံးကြတယ်။ အဲဒီအတွက်ကတော့ သာမန်အနေနဲ့ သိပ်မလိုပါဘူး အရင်ကဆို ကျွန်တော်လဲ စာရွက်ပေါ်မှာ sketch ဆွဲပြီးမှ ရှိတဲ့ ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီး digitize ပြန်လုပ်ပါတယ်။ Scanner ရှိရင်တော့ ဓာတ်ပုံရိုက်စရာမလိုပဲ ပိုလွယ်တာပေါ့။ အခုကတော့ tablet သုံးရင်းရလာတဲ့ tips တချို့ကို ပြန် share တာပါ။
Read the rest of this entry »
23 Apr, 2010
ပြည့်သူတရားရှင် ပေါင်ချိန် (Justice Bao ) ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ၅ တန်းလောက်က မြဝတီ ရုပ်မြင်သံကြားကနေ ပြခဲ့တဲ့ တရုတ် ဇာတ်လမ်းတွဲပါ။ ဒီနေ့မှ Bao ဆိုတဲ့ အကြောင်း အွန်လိုင်းမှာ ထိုင်ရှာဖြစ်တယ်။ ရှာဖြစ်တာကလဲ သီချင်းနားထောင်မိရာကနေ ရှာဖြစ်တာပါပဲ။ သီချင်းနာမည်က New Butterfly Dream လို့ အင်းကလိပ်လို အဓိပ္ဗါယ်ရတဲ့ သီချင်းပါ။ YouTube မှာ နားထောင်ဖြစ်တယ်။
Read the rest of this entry »
22 Apr, 2010
ဒီနေ့က International Earth Day ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတော်တော်များများမှာ စက်ဘီးပြိုင်ပွဲတွေ၊ ကားမမောင်းရ နေ့လိုမျိုးတွေ လုပ်ကြတယ်။ စာရင်းအရ နိုင်ငံ ၁၉၀ ကျော်က လူပေါင်း 1 Billion လောက် ပါဝင်ကြတယ်လို့ ဆိုပါတယ်။ ဒီနှစ်က Earth Day ပြုလုပ်တဲ့ အနှစ် ၄၀ မြောက်နှစ်ပတ်လည်နေ့လဲ ဖြစ်ပါတယ်။
Read the rest of this entry »
22 Apr, 2010
Astoria Scum River Bridge ဆိုတဲ့ ဗီဒီယို အတိုလေး ပြီးခဲ့တဲ့ အပတ်က ကြည့်ဖြစ်တာ ပြန်တင်လိုက်ပါတယ်။ Vimeo မှာ တင်ထားတာတွေ့တာပါ။ Documentary ဇာတ်လမ်းပုံစံမျိုးလေး… Astoria ဂုံးတံတား အောက်ဖက်က ပိုက်ပေါက်ပြီး ရေစိမ့်နေတဲ့ နေရာမှာ လူ ၂ ယောက်က တံတား အသေးလေး တစ်ခု ဆောက်ပေးထားတဲ့ အကြောင်းရိုက်ထားတယ်။
Read the rest of this entry »
21 Apr, 2010
Red Dot Concept Design Award 2009 ရသွားတဲ့ပုံတွေကို တွေ့ဖူးမလားမသိဘူး။ အခု အပေါ်မှာ တင်ထားတဲ့ ပုံတွေရယ် အောက်က ပုံတချို့တွေပါ။ နိုင်ငံတကာက Tech Magazine, blogs တွေမှာ တော်တော်များများမှာ တင်ခဲ့ဖူးပါတယ်။ Smashing Magazine မှာ လဲတွေ့ခဲ့ဖူးလို့ ရှာကြည့်တာ 2008 ကတင်ခဲ့တာ ပြန်ရှာတွေ့တယ်။ ကျွန်တော့် အထင်မမှားရင် အဲဒီ future က ဒီနေ့ကနေ နောက် ၁၀ နှစ်လောက်က အလွန်ဆုံးပဲ ကွာလိမ့်မယ်ထင်တယ်။ အခုတော့ algorithm အရမ်းကောင်းတဲ့ search တွေ အကြောင်း အခန်းဆက် ပို့စ်ရေးလိုက်မလို့ပါပဲ။ ပထမဆုံးတော့ အဲဒီ Glass Interface Search အကြောင်းနဲ့ စလိုက်တော့မယ်။
Read the rest of this entry »
19 Apr, 2010
Swatch လက်ပတ်နာရီ ကြော်ငြာ ဒီနေ့ ထပ်ခါထပ်ခါ ကြည့်မိတယ်။ စိတ်ဝင်စားစရာကောင်းအောင် လဲလုပ်ထားတယ်.. animation လဲ အရမ်းကောင်းလို့ပါ။ နောက်ဒီရက်တွေမှာ handdrawn characters, vibrant colors တွေပဲ ကြည့်မိနေတာလဲ ပါလိမ့်မယ်။ 3D animation တွေပဲ ကြည့်ဖြစ်နေတာလဲပါတယ်။ Denmark က studio အသေးလေး Thank You ဆိုတာကနေ လုပ်ထားတာပါ။
Read the rest of this entry »