Chaos Rings ~ Real RPG Game for iPhone!!

Final Fantasy Game Series တွေနဲ့ နာမည်ကြီးတဲ့ Square Enix company ရဲ့ iPhone ဂိမ်းသစ် Chaos Rings ကို နောက်အပတ်လောက်မှာ App Store မှာ ရတော့မယ်လို့ Official SquareEnix facebook မှာ ဖတ်ရပါတယ်။ Trailer ကိုလဲ အောက်မှာ ကြည့်လို့ရပါတယ်။ ဒီဂိမ်းက trailer ကြည့်ရတဲ့ ပုံအရတော့ အရင် iPhone အတွက် လုပ်ခဲ့တဲ့ Final Fantasy 1, 2, Crystal Defenders, Vanguard စတဲ့ ဂိမ်းတွေထက် ရုပ်ထွက်ကောင်းပါတယ်။ 3D ပုံရတယ်..
အရင် ထုတ်ခဲ့တဲ့ ဂိမ်းတွေလို birdeye view မဟုတ်ပဲ 3rd person view ပုံနဲ့ Play Station လိုဖြစ်လာတာ တော်တော် မိုက်ပါတယ်။ App Store မှာလဲ approved ဖြစ်ပြီးသားလို့ ပြောပါတယ်။ နောက် အပတ်လောက်မှာ စပြီး world wide ဝယ်လို့ရမယ်လို့လဲပြောပါတယ်။ အောက်ဖက်မှာ သူတို့တင်ထားတဲ့ iPhone screenshot ပြန်တင်လိုက်ပါတယ်။

