First Silverlight FaceBook Client


FaceBook Client on Silverlight

Microsoft Silverlight သုံးထားတဲ့ FaceBook Client ကို ၃ ရက်လောက် စမ်းသုံးကြည့်ဖြစ်တယ်။ Silverlight run time 4.0 Beta ပေါ်မှာ ပဲ အလုပ်လုပ်တာမို့ version 3 သုံးနေရင် beta version download လုပ်ဖို့ လိုပါလိမ့်မယ်။ အရင်ဆုံး သတိထားမိတာက UI က Microsoft ရဲ့ Windows Phone 7 Series UI အတိုင်းပါပဲ။ Animation တွေလဲ လုပ်ပါတယ်။ Microsoft က Animation တွေ transition တွေ အရင်က သိပ်သုံးလေ့မရှိပဲ iPhone, Mac တွေအောင်မြင်လာတဲ့ နောက်မှာ သူလဲ အများကြီး လုပ်လာတာကို သတိထားမိပါတယ်။

FaceBook Client က ကောင်းတာတစ်ခုက သူငယ်ချင်းတွေ တင်တဲ့ ဓာတ်ပုံတွေကို ညာဘက် အစွန်ဆုံးမှာ fade လုပ်ပြီးပြထားပေးတယ် Hover လုပ် ကလစ်လုပ်လိုက်ရင် ပုံအကြီးပြပေးပါတယ်။ တစ်ခုဆိုးတာက permission ကြောင့် ပုံတော်တော်များများကို ကြည့်လို့မရပါဘူး ပြတာက ဒီ application ကို allow လုပ်ပေးမထားဘူးတဲ့။ ဆိုးတာတစ်ခုက မြန်မာစာ အလုပ်မလုပ်တာပါ။ လေးထောင့်တုံးတွေပဲ မြင်ရပြီး setting မပါလို့ ပြောင်းလို့ မရပါဘူး။ နောက် တစ်ခုက mouse scroll, Multi-Touch trackpad တွေ အလုပ်မလုပ်တာပါ အောက်ဖက်ဆင်းချင်ရင် ဘေးက scroll bar ကို သွားနေရတာက ဆိုးပါတယ်။

FaceBook Videos တွေကို တိုက်ရိုက်ကြည့်လို့ရပါတယ်။ နောက် Growl Notification အလုပ်လုပ်ပါတယ်။ Events တွေ အလွယ်တကူကြည့်လို့ရပါတယ်။ TweetDeck ထက်သာတာမျိုးတွေ ရှိပေမယ့် scroll မရတာ မြန်မာစာ မရတာတွေတော့ မကြိုက်ပါဘူး။ SilverLight Apps တွေ သိပ်လဲ မသုံးဖူးပါဘူး ဒါပေမယ့် feeling တော့ အောက်သွားတယ် silverlight ဆိုတာ ဒီလိုကြီးပဲလားမသိဘူး။ ဘာရယ် မဟုတ်ပါဘူး Beta 4 ကို စမ်းသုံးချင်တဲ့သူတွေ အတွက် တင်လိုက်တာပါ။ Have A Nice Day!!



Related Posts

2 Comments so far »

  1. mgpyone said,

    Wrote on April 8, 2010 @ 9:05 am

    I’ve tried in MS before (http://www.mgpyone.net/2010/01/mss-silver-light-apps-for-facebook.html).. it’s quite awesome but don’t like it as TweetDeck =D

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on April 8, 2010 @ 7:11 pm

    Yes, It’s.. i think quite eat a lot of RAM… Also fail in Unicode font support.. I don’t use it…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: