hit counter

Folding The Colors

Folding The Colors Wallpaper

Folding The Colors လို့ နာမည်ပေးထားတဲ့ design project တစ်ခု လွန်ခဲ့တဲ့ ၁ ပတ်ကျော်က လုပ်ဖြစ်ခဲ့တယ်။ Adobe Photoshop CS4 ကို သုံးပြီး လုပ်ဖြစ်ပါတယ်။ Design concept ကရှင်းရှင်းလေးပါ အရောင်တွေပဲ ကစားလိုက်တယ်။ အိုင်ဒီယာက ဘယ်ကရလဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ကဆွဲခဲ့တဲ့ လိုဂိုကနေပဲ ရပါတယ်။ အဲဒီ လိုဂိုတုန်းကလဲ အရောင်ပဲ ကစားပြီးလုပ်ထားတာ.. အဲဒါကို တွေးမိပြီး လုပ်ဖြစ်ပါတယ်။

အချိန် ၅ နာရီလောက် အတွင်းပြီးပါတယ်။ တစ်နေ့ နဲနဲ နဲ့ လုပ်ပါတယ်။ ဒီဘက်နှစ်တွေမှာ များသောအားဖြင့် creative ဖြစ်ဖို့ပဲ ကြိုးစားတော့တယ်.. အရင် ၂ နှစ် ၃ နှစ်လောက်က technically အပိုင်းတွေ tutorial တွေ လေ့လာခဲ့ပြီးပြီ နောက်ပိုင်း အိုင်ဒီယာက အရေးပါလာတယ်ဆို သိလာတော့ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် လမ်းသွားရင်းပဲ ဖြစ်ဖြစ် billboard တွေ ကားတွေ တိုက်တွေ structures တွေလိုက်ကြည့်ပြီး သေချာခေါင်းထဲ မှတ်တော့တယ်။ တစ်ယောက်ယောက် အကျီလေးဖြစ်ဖြစ်လှနေရင် အဲဒီ colors အတွဲကို ခေါင်းထဲထည့်လိုက်တယ်။

နောက်ပိုင်း စာအုပ် လဲ technical အကြောင်းတွေထက် Inspiration အကြောင်း design science လို သိပ္ပံနည်းကျ လေ့လာထားတဲ့ အကြောင်းတွေ မျက်စိ အလုပ်လုပ်ပုံ survay တွေ optical illustration တွေပဲ ၀ယ်ဖြစ်တယ်။ ဒီ design ကို ကြည့်လိုက်ရင်လဲ ပုံမှန် photoshop သုံးတတ်တဲ့သူ လိုက်လုပ်နိုင်ပါတယ် solid colors တွေကြည့်သုံးထားတယ်။ ပြောချင်တာက idea အဓိကပဲ အခုပုံကိုကြည့်လိုက်ရင် photoshop သိရင်လိုက်လုပ်နိုင်တယ် ဒါပေမယ့် အဓိကက ကိုယ်တိုင် ဖန်တီးနိုင်ဖို့ပဲ။ Adobe Design Award, Internation Design Award ရတဲ့ ဆုတွေ ကြည့်ကြည့်ပါ သူတို့ ဆုရတာ technicall skill အတွက် မဟုတ်ဘူး ကျွန်တော်လဲ ဆုရပုံကိုကြည့်ပြီးရင် လိုက်ပြီးလုပ်လို့ရတယ် ဒါပေမယ့် ခိုးချတာဖြစ်သွားပြီ ပထမဆုံး ဖန်တီးတဲ့သူ creative မဟုတ်တော့ဘူး။

ဆိုတော့ tools တွေ technical skill တွေက အဓိက မကျဘူး Creative Idea ရှိဖို့ရယ် idea ကို လက်တွေ့ဖန်တီးဖို့ လုံလောက်တဲ့ technical skill မျိုးဆိုရတယ်။ ကျွန်တော် အခုလုပ်ထားတဲ့ design ကိုကြည့်ပါ ဘာမှ မဟုတ်ဘူး colors နဲ့ perspective ပဲ ပြောင်းပြောင်းသွားတာ.. ဒါပေမယ့် အလုပ်ဖြစ်တယ် DeviantArt မှာတင်ထားတာ badge တစ်ခု ပထမဆုံး စရတယ်။ Firefox Theme ကတော့ Personas မှာ ယူလို့ ရပါတယ်။ Have Fun!!

Folding The Colors HD Wallpaper

Folding The Colors Firefox Theme
Folding The Colors iPhone Skin

Featured in Abduzeedo Blog (Famous Design Blog)

My Design has been featured in Famous Design Blog called Abduzeedo and you can find out in their iPhone App too (iTunes link ~ Free App).

Feature in Abduzeedo iPhone App
Feature in Abduzeedo iPhone App


Related Posts

2 Comments so far »

  1. exiter said,

    Wrote on May 3, 2010 @ 6:18 am

    Cheers bro … :)

  2. zawzaw said,

    Wrote on May 4, 2010 @ 1:08 pm

    good idea by bro, you have a right idea. do it do it!

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: