Future Of Internet Search

Red Dot Design Award

Red Dot Concept Design Award 2009 ရသွားတဲ့ပုံတွေကို တွေ့ဖူးမလားမသိဘူး။ အခု အပေါ်မှာ တင်ထားတဲ့ ပုံတွေရယ် အောက်က ပုံတချို့တွေပါ။ နိုင်ငံတကာက Tech Magazine, blogs တွေမှာ တော်တော်များများမှာ တင်ခဲ့ဖူးပါတယ်။ Smashing Magazine မှာ လဲတွေ့ခဲ့ဖူးလို့ ရှာကြည့်တာ 2008 ကတင်ခဲ့တာ ပြန်ရှာတွေ့တယ်။ ကျွန်တော့် အထင်မမှားရင် အဲဒီ future က ဒီနေ့ကနေ နောက် ၁၀ နှစ်လောက်က အလွန်ဆုံးပဲ ကွာလိမ့်မယ်ထင်တယ်။ အခုတော့ algorithm အရမ်းကောင်းတဲ့ search တွေ အကြောင်း အခန်းဆက် ပို့စ်ရေးလိုက်မလို့ပါပဲ။ ပထမဆုံးတော့ အဲဒီ Glass Interface Search အကြောင်းနဲ့ စလိုက်တော့မယ်။

Futuristic Glass

Futuristic Glass

Futuristic Glass

Futuristic Glass

Futuristic Glass

Futuristic Glass

အခုအပေါ်က ပုံတွေကြည့်လိုက်ရင် သူဆိုလိုချင်တဲ့ Search အကြောင်း ရိပ်မိမယ်ထင်တယ် အဆောက်အဦးတစ်ခုကို point လုပ်လိုက်ရင် အဲဒီကောင်က ဘယ်တုန်းကဆောက်တာ ဘယ်လောက်မြင့်တာ အထပ်ဘယ်လောက်ရှိတာ စတာတွေ ရှာပေးမယ် ဆိုတာမျိုးပေါ့။ အဲဒီ ဖန်ပြား device က ဒီနေ့ အချိန်မှာ တကယ်မရှိသေးတဲ့ gadget တစ်ခုပါ။ တကယ်ရှိတာက အခု အောက်မှာပြထားတဲ့ iPhone screenshot ကိုကြည့်ပါ။ ကျွန်တော် အပြင်ထွက်တုန်းက ဖုန်းကနေ screenshot ဖမ်းထားတာတွေပါ။

Acrossair App in Singapore

ဒါက iPhone application တစ်ခုရဲ့ search ပါ။ သူက အပေါ်ကပြခဲ့တဲ့ Futuristic Glass Search လိုနီးပါး အလုပ်လုပ်နိုင်လာပါပြီ။ လောလောဆယ်တော့ Google, Yelp, Twitter, Wikipedia လိုမျိုးတွေကို ရှာပေးနိုင်တယ်။ လက်ရှိ ကိုယ်ရောက်နေတဲ့ နေရာနဲ့ အနီးဆုံး စားသောက်ဆိုင်၊ Nearest Subway (Only in US, Europe), Nearest Wiki, Tweets, Photos တွေကို iPhone Digital Compass, GPS သုံးပြီး ဘယ်လောက်အကွာမှာရှိတယ် ဘယ်အရပ်မှာ ရှိတယ်ဆိုတာတွေ ရှာပေးနိုင်ပါတယ်။ အပေါ်က concept လို တိုက်ကိုပြရင် အလွာလိုက်ခွဲပြတာတို့ ပန်းသီးမှာ vitamin ဘယ်လောက်ပါတယ် ဆိုတာတွေ မပြနိုင်တာပဲရှိပါတယ်။ အဲဒီ App က ACrossair လို့ခေါ်ပါတယ် iTunes App Store မှာ free download (iTunes link) ယူနိုင်ပါတယ်။

Acrossair App in Singapore

စမ်းကြည့်သလောက်တော့ တော်တော်အားရစရာကောင်းပါတယ်.. သိပ်ပြီး interactive မဖြစ်သေးပေမယ့် ဆက်ပြီးသာ develop လုပ်သွားမယ်ဆိုရင် သိပ်မကြာတဲ့ နှစ် အတွင်းမှာ အပေါ်က ပြောခဲ့တဲ့ Futuristic Glass လို ဖြစ်လာနိုင်ခြေရှိပါတယ်။ အဲဒီ Futuristic Glass လို transprent OLED tech ကလဲ အခုစပြီး သုံးလာပါပြီ Samsung Transparent Laptop လိုမျိုးတောင် စထုတ်နေပြီ ဆိုတော့ ကျွန်တော်ပြောတဲ့ ၁၀ နှစ် အလွန်ဆုံးဆိုတာ သိပ်တော့ မလွန်ဘူးထင်တယ်။ :D တကယ်လို့ အချိန်ရရင် Acrossair app ကို စမ်းကြည့်ပြီး Official site မှာ link လုပ်ထားတဲ့ Press Review တွေ ဖတ်ကြည့်သင့်ပါတယ်.. ကျွန်တော်တော့ ပေါက်ကရ review မရေးတော့ပါဘူး.. နမူနာ ပုံတစ်ချို့ screenshot ဖမ်းပြီးတင်ထားလိုက်ပါတယ် အားမရရင် ကိုယ့်ဖာသာ စမ်းကြည့်ကြပါ။ ကျွန်တော်တော့ မသေခင်မှာ နောက်ကို ဘယ်လို အဆန်းတွေတွေ့ရဦးမလဲ အံ့သြမိတယ်.. :D

Acrossair App in Singapore

4 Comments

  1. ကျွန်တော်လည်းလွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက Google Android (HTC) စပေါ်တုန်းက အဲလို App တစ်ခုသုံးဖူးတယ်။ Android Mart မှာ Free ပေးတာပါပဲ။ သုံးရတာအရမ်းကောင်းတယ်။ အဆင်လည်းပြေတယ်။ App’s name ကိုတော့မမှတ်မိတော့ဘူး။ ဖြုတ်ပြစ်လိုက်တာကြာပြီ။
    Plan ယူမထားမိတော့ Bill တအားတက်တာနဲ့ဖြုတ်ပြစ်လိုက်တာ။ အခု Iphone မှာတော့ ကိုတေဇာပြောတဲ့ App ကိုမသုံးဖူးသေးဘူး။

    Like or Dislike: Thumb up 0 Thumb down 0

  2. Nyan Min April 22, 2010

    Google has Goggles for Android. http://www.google.com/mobile/goggles/#landmark
    Because it was developed by Google, we will see more awesome innovations in this field.

    Talking about future, check this TED video, it’s more like “Glass Interface Search” mentioned above.

    Like or Dislike: Thumb up 0 Thumb down 0

  3. P2MS April 24, 2010

    It is a kind of Augmented Reality technology (Machine Vision + Object recognition + semantic context of environmental elements). You can find some more example here. http://layar.com/. If you have web-cam you can download and try the examples from here (http://www.hitl.washington.edu/artoolkit/). You can write your own apps with the toolkit.
    To see more:
    http://www.larngeartech.com/
    http://www.wikitude.org/

    Like or Dislike: Thumb up 0 Thumb down 0

  4. Ko Nyan April 27, 2010

    Thank you for your post. An interesting post. Carry on bro!

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 1