Google Translate for Animals ~ Beta!!

Google Translate ကနေပြီးတော့ ဘာသာစကား တစ်ခုကနေ တစ်ခုကို အလိုလျောက် ဘာသာပြန်ပေးနိုင်တာ အားလုံး သိကြမှာပါ။ အခုလဲ beta အနေနဲ့ language တစ်ခု အသစ်ထပ်တိုးလိုက်ပါပြီ Google Translate for Animals လို့ ခေါ်ပါတယ်။ ဆိုတာက တိရိစ္ဆာန်တွေ ပြောတဲ့ အသံကို english လို ဘာသာပြန်ပေးနိုင်တာပါ။ နည်းပညာက မိုဘိုင်းဖုန်းကနေ အသံသွင်းယူလိုက်တဲ့ တိရိစ္ဆာန်အသံကို Google Translate Servers ပေါ်ကို ပို့ပေးပြီး english လို ပြန်ပေးတာပါ။ အပေါ်မှာပုံပြထားတဲ့ အတိုင်းပါပဲ။ အခုအောက်က youtube video မှာတွေ့ရတဲ့ အတိုင်းပါပဲ။
ဒီ application က လက်ရှိ beta အနေနဲ့ Google Android Market မှာ free ရနိုင်ပါတယ်။ အိုင်ဖုန်း အတွက်ကတော့ မကြာခင် လာမယ်လို့ ပြောပါတယ်။ ဗီဒီယိုထဲက Google UK က ပုဂ္ဂိုလ်ကတော့ Nexus One နဲ့ စမ်းပြသွားလေရဲ့။ ဖုန်းတောင် လယ်သမားကြီး ပေးခဲ့လိုက်သေးတယ်။ နည်းပညာတွေများ တကယ်အံ့သြဖို့ ကောင်းတယ်ဗျာ… ဒီနေ့ အဖို့တော့ အကြိုက်ဆုံး App ပဲ.. iPhone အတွက်ထွက်မှာတောင် မစောင့်နိုင်တော့ဘူး =P








someone said,
Wrote on April 2, 2010 @ 3:09 am
It’s for April fools. just a hoax.
Htoo Tay Zar said,
Wrote on April 2, 2010 @ 5:50 am
I know =P that’s why I wrote “Favorite App of The Day” hee hee you can hover your mouse to those images you’ll see messages too
Happy April Fool Day!! « My Burmese Blog said,
Wrote on April 3, 2010 @ 12:57 am
[...] ညဘက်ရောက်မှ ထပ်တင်ချင်လာတာနဲ့ Google Translate က Animals တွေ အတွက် ရပြီ ဆိုပြီး ထတင်သေးတယ်။ အဲဒါက Google UK က [...]