Gowalla ~ App to Check In


Gowalla Logo

Geo-Location based Social Networking မျိုးတွေ လွန်ခဲ့တဲ့ ၂ နှစ် iPhone 3G ခေတ်လောက်ကတည်းက ခေတ်စားလာပါတယ်။ ပထမဆုံး ကျွန်တော် သတိထားမိတာက Google Latitude ရှိတယ်နောက် iPhone 3G ကြော်ငြာမှာပါတဲ့ Loopt ရှိတယ်။ နောက်ပိုင်းတော့ Twitter လဲ Geo-Tagging အလုပ်လုပ်လာတယ်။ နောက် အခုဆိုရင် FourSquare, Gowalla, BrightKite, Rally Up, Check.In, Google Buzz စတာတွေ ပေါ်လာတယ်။ အဲဒီထဲက ကျွန်တော် သုံးဖြစ်တဲ့ Gowalla အကြောင်းပဲ ပြောတော့မယ်။

Gowalla

Gowalla က အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း location based Social Networking ပါ ဆိုတော့ location အတွက် GPS ပါတဲ့ handheld device (eg. iPhone 3G, 3GS, Nexus One, Blackberry, etc…) တွေ လိုပါတယ်။ ကောင်းတာတစ်ခုက social networking အတွက် သုံးလို့ ရသလို အနီးအနားမှာ စားသောက်ဆိုင်၊ KFC လိုမျိုးဆို ရှိမရှိလဲ ရှာနိုင်တယ်။ တစ်နေရာရာ ရောက်တာနဲ့ application ဖွင့်လိုက်ရင် အခု ဘယ်နားရောက်နေပြီ ဆိုတာပြပါတယ်။ ဥပမာ အခု KFC ဆိုင်ထဲရောက်နေတယ် ဒါမှမဟုတ် Sydney Opera House နားရောက်နေတယ်ဆိုရင် အဲဒီမှာ Check In လုပ်လိုက်ရင် သူက ဒီနေရာကို လက်ရှိ သူငယ်ချင်းတွေထဲက ဘယ်နှယောက် ဘယ်ရက်တွေ ကလာခဲ့တယ်ပြပေးတယ်။ ဒါမှမဟုတ် လက်ရှိ သူငယ်ချင်းတွေ မြို့ထဲက ဘယ်နေရာတွေမှာ ရောက်နေလဲဆိုတာ သူတို့ Check In လုပ်တာနဲ့ သိနိုင်တယ်။

တကယ်လို့ သူတို့ နေရာက ကိုယ်နဲ့ သိပ်မဝေးရင် ဖုန်းလှမ်းခေါ်လိုက်ပြီး သွားတွေ့လိုက်ရုံပါ။ ဒါမှမဟုတ် ဖုန်းမခေါ်ပဲ သူတို့ Check In status မှာ comment ရေးလိုက်လဲ ရပါတယ်။ Location Based Social Networking တွေ အများစုမှာ တူတာက Passport, Stamp တွေပါ။ တစ်နေရာရာမှာ Check In လုပ်လိုက်တယ်ဆိုရင် သူက အဲဒီ building လိုမျိုးမှာ ပစ္စည်းတွေ ဖွက်ထားတာ ရှိတယ်။ ကံကောင်းရင် အဲဒီ ပစ္စည်းတွေ ရနိုင်တယ်။ ပြီး နောက်တစ်နေရာရာ အသစ်ရောက်ရင် အဲဒီနေရာမှာ ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတွေထဲက ၁ ခုခု ကိုချခဲ့ပြီး အဲဒီ building, landmark, shop ရဲ့ founder နေရာကို ယူနိုင်တယ်။ ဥပမာ ပြောရရင်ဗျာ Peninsula Plaza ကိုရောက်ရင် Gowalla App ကိုဖွင့်ပြီးကြည့်လိုက် ပလာဇာ founder မှာ နာမည်ကြီး (ပေါလိုက်တာ… –>) ဘလော့ဂ်ဂါ တစ်ယောက်နာမည် တွေ့ရမယ်။ =P

Gowalla Badges

နောက် Application ထဲမှာ Trips ဆိုပြီးတော့လဲ ခရီးစဉ်တွေ သတ်မှတ်ထားတာရှိတယ် ဥပမာ london trip လိုမျိုးတွေကို သွားရင် ပြထားတဲ့ landmark တွေ ရောက်တိုင်း Check In လုပ်ပြီး ဂိမ်းဆော့လို့ရတယ်။ Check In လုပ်တိုင်းလဲ text message status အပြင် Photo တွေပါ တင်လိုက်လို့ရပါတယ်။ အမှန်တော့ Location based Social Networking တွေအကုန်လုံး အဲဒီ feature မျိုးတွေနဲ့ နာမည်သာကွဲပြီး အကုန်တူပါတယ်။ လက်ရှိတော့ FourSqaure က ကမ္ဘာအနှံ့မှာ အသုံးများပါတယ်။ Loopt က America မှာ အသုံး အများဆုံးပါ။ Loopt ကို ပြီးခဲ့တဲ့ နှစ်ကတည်းက စမ်းဖို့လုပ်ပါသေးတယ် သူက American Mobile Phone နဲ့ confirm လုပ်သေးတာမို့ ဆော့လို့မရပါဘူး။ Gowalla က လူအများဆုံးမှာ ဒုတိယလိုက်ပါတယ်။ ဘာကြောင့် Gowalla ပဲ သုံးဖြစ်လဲဆိုရင် features အကုန်တူတူပဲမို့ UI, Icons တွေလှလို့ သုံးပါတယ်။ အခြား Twitter က friend တွေ၊ ကမ္ဘာအနှံ့ Design Community ကလူတွေ အများစုကလဲ Gowalla ပဲ သုံးကြတာလဲ ပါပါတယ်။

Gowalla on iPhoneLocation based Social Networking သုံးရင် privacy ကိုတော့ သတိထားရပါတယ်။ သုံးတိုင်း Setting မှာ ကိုလိုချင်တဲ့ အခြေအနေ ပြောင်းပြီးမှ သုံးတာကောင်းပါတယ်။ ဥပမာ လက်ရှိ ဘယ်ရောက်နေတယ်ဆိုတာကို public ကြည့်လို့ရအောင် လုပ်မှာလား friends တွေပဲ ပေးကြည့်မှာလား စသဖြင့် ပြောင်းသင့်ပါတယ်။ ကျွန်တော်ကတော့ public လုပ်ထားတာမို့ ကျွန်တော့် Gowalla Profile မှာ follow လုပ်နိုင်သလို အရင်က အားတိုင်း လူမှုရေးနားမလည်ပဲ အွန်လိုင်း တွေ့တာနဲ့ အခုဘယ်မှာလဲ ဘယ်မှာနေလဲ မေးမေးနေတဲ့ ပုဂ္ဂိုလ်များလဲ follow လုပ်နိုင်ပါပြီ။ Gowalla ကလက်ရှိမှာ Wiki 150,000 Active Users ရှိပြီး iPhone, Android, Blackberry, Palm WebOS, Web based, Desktop based Applications တွေ သက်ဆိုင်ရာ Market မှာ free download ယူနိုင်ပါတယ်။ Gowalla လိုမျိုး သုံးခြင်းအားဖြင့် သူငယ်ချင်းတွေ ဘယ်မှာရောက်နေတယ်ဆိုတာ အမြဲ သိနိုင်သလို၊ တခါတလေ တယောက်ထဲ ရထားစီးရင်း ပျင်းတဲ့ အခါမျိုးမှာ Check In လုပ် ပစ္စည်းတွေ ချပြီး real world game ကစား ရသလိုမျိုးမို့ အပျင်းပြေပြီး ပျော်ဖို့ ကောင်းပါတယ်။ နောက်ကြရင် Check In လုပ်တဲ့ game စွဲသွားရင်တော့ ကျွန်တော် တာဝန်မယူပါဘူး =D Have A Nice Day!!



Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: