Happy April Fool Day!!


Happy April Fool Day!!

မနေ့က April 1 ရက်နေ့မှာ တနေကုန်ပဲ မဟုတ်တာတွေရေး သူများလိုက်နောက် facebook မှာ ရေးလိုက် twitter မှာ ရေးလိုက်နဲ့ ဟုတ်နေတာပဲ.. အမှန်တော့ 2 ရက်နေ့က Good Friday ရုံးပိတ်ရက်လဲ ဖြစ်နေတာကြောင့် အတော် အူမြူးနေတာ။ FaceBook ထဲလဲ အလုပ်မှာ အဆင်မပြေလို့ ညီး သလိုလို ဘာလိုလိုနဲ့ မနက်ဖြန် ရုံးမတက်တော့ဘူး ပြောလို့ပြော၊ လခ ၁ ဆထက်တိုးလို့ သူငယ်ချင်းတွေ မုန့်လိုက်ကျွေးမယ် အကြောင်း ပြောလို့ ပြောနဲ့ April Fool လုပ်နေတာ။ Twitter မှာလဲ Google Tablet ထွက်ပြီ ရေးလိုက် iPad ဝယ်လို့ရပြီ ပြောလိုက်နဲ့ တနေကုန်ပဲ။

အခု blog မှာကော ? အဟဲ ရေးတာပေါ့ ဘယ်လို နောက်ရကောင်းမလဲ အသေအချာ စဉ်းစားပြီး Google Adsense ထဲဝင် screenshot ဖမ်းလိုက်တယ်။ နောက် ဖိုတိုရှော့ ထဲဝင်ပြီး အပီအပြင် ပိုက်ဆံတွေပြင်တော့တာပဲ အစက အောက်က all time amount result ပဲပြင်မလို့ယုတ္တိရှိအောင် အပေါ်က click rate တွေပါလိုက်ပြင်ရတယ်.. သေချာပုံကို ကြည့်လိုက်ရင် ဘေးက Click counter နဲ့ Click Per Pay ပိုက်ဆံက မြှောက်ကြည့်ရင် 500 ဘယ်လိုမှ မရတာပဲ တွေ့ရမှာပါ =P Google Ads က 100 ကျော်တာနဲ့ ငွေထုတ်လို့ရပါပြီ 500 ကြီးအထိတောင် စုထားတာဆိုတော့ ပုံမှန်တော့ မဟုတ်ဘူးပေါ့ နောက် category ကိုပါ funny ထဲထည့်ထားတယ်။ ပုံမှန်ဆို personal ဒါမှ မဟုတ် blogging ထဲ ထည့်မိမှာ.. အဟဲဆိုတော့ .COM domain name give away က fake ကြီးပေါ့ တကယ်ပြောတာပါ နောက်ကျရင် Give Away လုပ်ဖို့ အစီအစဉ်ရှိပါတယ် လောလောဆယ်တော့ ကျွန်တော်လဲ ပိုက်ဆံမရှိလို့ ငုတ်တုပ်ထိုင်နေရတာပါ =P

ဘာရယ်မဟုတ်ဘူး ညဘက်ရောက်မှ ထပ်တင်ချင်လာတာနဲ့ Google Translate က Animals တွေ အတွက် ရပြီ ဆိုပြီး ထတင်သေးတယ်။ အဲဒါက Google UK က ဒီနှစ်အတွက် လုပ်တဲ့ April Fool Video ပါ.. Google HQ ကလဲ လုပ်သေးတယ် Topeka ဆိုပြီး နာမည်ပြောင်းလိုက်ပြီတဲ့ ရေးတာဘယ်သူလဲ မှတ်တယ် CEO Eric Schmidt က ရေးတာ.. နောက် အခြားဆိုဒ်တွေမှာလဲ အများကြီး ရှိသေးတယ် Google RSS badge လိုမျိုးတွေ ပုံမှန်ကတော့ april fool day ဆို ဘယ်ဟာမှ မယုံသင့်ဘူးလေ link တွေဆို ပေးထားရင် mouse pointer တင်လိုက်တာနဲ့ browser အောက်ဆုံးက status bar မှာ ဘယ်ဆိုဒ် သွားတော့မယ် ဆိုတာမျိုးက ကြိုမြင်ရတယ်။ အခုအောက်က Google Translate for Animals post ဆို ကျွန်တော်ရေးထားတာ ဓာတ်ပုံတွေပေါ် mouse pointer လေး ခဏထားကြည့်လိုက်ရင် စာတွေ တွေ့ရမှာပေါ့ =P နောက် ထည့်ထားတဲ့ category က funny ထဲ ရေးထားတာက ဒီနေ့ အတွက် အကြိုက်ဆုံး application ဆိုပြီး =P

အမှန်တော့ ကျွန်တော်လဲ april fool အလုပ်ခံရဘူးပါတယ်… ဒုတိယနှစ်တုန်းက ကျောင်းက အခြား မေဂျာက မေဂျာမတူပဲ အတန်းလစ်ဖော်လစ်ဖက် ဘော်ဒါ တစ်ယောက် ရန်ဖြစ်တာ အရိုက်ခံရလို့ ရန်ကုန် ဆေးရုံကြီး ရောက်နေတယ်ဆိုလို့ ကျွန်တော်ရယ် နောက် ဘော်ဒါတစ်ယောက် သတင်းမေးဖို့ သွားကြတယ်။ ဖုန်းဆက်ပြီး သတင်းပေးတာက ရန်ကုန် ဆေးရုံကြီး အဆောင်ဘယ်လောက်က ခုတင် ဘယ်လောက်ဆိုလားပဲ မမှတ်မိတော့ဘူး. သွားလိုက်ရတာ ဟိုးဘက် အရေးပေါ် ဌာန ဘက်ကနေဝင်လိုက်ရတာ ဓာတ်လှေကားတောင် အလောင်းနဲ့ တွဲစီးရသေးတယ်။ သွားရတာကလဲ ငွေလမ်းခင်းပြီးသွားရတယ် ပြောရမလားပဲ ကော်ရစ်တာ တစ်ခု ဖြတ်တိုင်း အဲဒီက အစောင့်ကို ပိုက်ဆံ ၁၀၀၊ ၂၀၀ ပေးရသေးတယ်။ နောက်ဆုံး တော့ ပြောတဲ့နေရာရောက်သွားတော့ ဘယ်သူမှလဲ မတွေ့ ရှိမယ့် ပုံလဲ မမြင်တော့မှ နောက်ခဏနေ သူနာပြုဆရာမ မေးတော့မှ april fool လုပ်မှန်းသိတော့တယ်။ ဟဲ ဟဲ မလည်တော့ ခံလိုက်ရတယ်.. ဒီကြားထဲ အဲဒီ အစောင့်တွေ ပေးရတာက အားလုံးပေါင်းတော့ မနည်းဘူး.. တကယ် ပိုက်ဆံ မရှိ ဆင်းရဲတဲ့သူများ အရေးအကြောင်း ဆေးရုံ တက်ရရင် တော်တော်ခက်ခဲမှာ.. ဟဲ ဟဲ နောက်နှစ်ကြရင် ဒီလိုပဲ ထပ်နောက်ဖို့ အစီအစဉ်ရှိပါတယ် ဆိုတော့ သတိထားပြီး ရှောင်နိုင်အောင် ရှောင်ကြပါနော် သတိမေ့သွားရင်တော့… =P




Related Posts

2 Comments so far »

  1. သွယ်လင်းဆက် said,

    Wrote on April 3, 2010 @ 5:20 am

    ထင်တော့ထင်သားပဲ။ ဒါပေမဲ့ Google Ads ကိုတော့ယုံပြီးမေးဦးမလို့။ :P

    Like or Dislike: Thumb up 0 Thumb down 0

  2. Talkii said,

    Wrote on April 3, 2010 @ 10:37 pm

    အဟမ်း အဟမ်း… ၄ခုထဲတင်ဟဆိုတာနဲ့ ဘယ်ဟာမှ မမြှောက်အားတော့ဘူး။ အမြန်မန့်တော့တာပဲ။ နောက်တစ်ခောက်လာကြည့်မှ category တွေ့မှ မှားမှန်းသိတော့တယ်။ လူဇိုး။ မအဘူးများမှတ်နေလားမသိဘူး။ :P နောက်နှစ်ပော့။

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: