
ဒီနေ့က April 1 ရက်နေ့မှာ မြန်မာ community တစ်ခု ဖြစ်တဲ့ MysteryZillion ရဲ့ ၃ နှစ်မြောက် မွေးနေ့လဲ ဖြစ်ပါတယ်။ MysteryZillion ဆိုတာက နည်းပညာ သီးသန့် ဖိုရမ်တစ်ခုဖြစ်ပြီး ကိုစေတန်ဂေါ့ စပြီး တည်ထောင်ခဲ့တာပါ။ ဖိုရမ်က မြန်မာနည်းပညာ ဖိုရမ် တွေထဲမှာ လက်ချိုးရေလို့ရတဲ့ Active ဖြစ်တဲ့ အထဲက တစ်ခုပါ။ နည်းပညာအကြောင်း ဖတ်လို့ရသလို၊ အခက်အခဲတွေအတွက် မေးလို့လဲ ရနိုင်ပါတယ်။ နောက် community အနေနဲ့ open source projects တွေဖြစ်တဲ့ Ornagai Mobile Phone Dicitonary, MZ Edu လို ပရောဂျက်တွေလဲ ရှိပါတယ်။
ဒီနှစ်လဲ MZ Anniversary အတွက် Technical Seminar, forum တွေလုပ်ဖို့ အစီအစဉ်ရှိတယ် (You’ll need MZ Account to read full news) လို့လဲ သိရပါတယ်။ April 25 ရက်မှာ ဆူးလေဘုရားလမ်း၊ သမ္မတဟိုတယ် ပထမထပ်က Myanmar Egress ရဲ့ Hall ခန်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မနှစ်ကတော့ Info-Tech Conference Hall မှာ လုပ်ခဲ့တာပါ။ ကျွန်တော်တောင် အဲဒီတုန်းက Web 2.0 ဆိုပြီး Topic တစ်ခု လျောက်ပြောလိုက်သေးတယ်။ ဒီနှစ်လဲ Linux Distro, Mobile Phone Dictonary, Stickers တွေ အခမဲ့ပေးမယ်လို့ သိရတယ်။ အသေးစိတ်ကိုတော့ နီးမှ ထပ်ပြီးသိသမျှပြန်တင်ပေးပါ့မယ်။ MysteryZillion ဖိုရမ်မှာတော့ ကျွန်တော်က စာဖတ်သူ သတ်သတ်ပါပဲ ဝင်ရေးလေ့မရှိပါဘူး။ ဟိုးအရင်ကတော့ ကျွန်တော် ဘလော့ဂ်မရေးခင်က Planet, MMTeaShop, Padonma ဖိုရမ်တွေမှာ နေ့ရေး၊ ညရေး၊ ငြင်းလိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပဲ ဘလော့ဂ်ရေးဖြစ်ကတည်းက ဖိုရမ်သိပ်မရေးဖြစ်တော့ဘူး မအားတာနဲ့ ကိုယ့်ကို မေးတာ quote လုပ်တာတွေကို မအားလို့ ပြန်မဖြေနိုင်၊ ဝင်မကြည့်နိုင်ရင် မကောင်းတာနဲ့ ဖတ်ရုံပဲ ဖတ်ဖြစ်တော့တာ။ ဘာပဲပြောပြောပါ ဒီနေ့ကတော့ MysteryZillion အတွက်
Mystery Zillion Related Articles
Ornagai {English ~ Myanmar Dictionary}
Mystery Zillion Mobile Dictionary
MysteryZillion Education
Happy Birthday, MysteryZillion!!
Like or Dislike:
0
0
thank you…..
Like or Dislike:
0
0
Thanks for da post bro …
Like or Dislike:
0
0