Happy Birthday to 6 Years Old GMail!!

April 1 ရက်နေ့ Fool Day ဆို မှတ်ရလွယ်တာ တစ်ခုက GMail ရဲ့ မွေးနေ့ပါ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက GMail ဆိုပြီးစခဲ့တာက အခုဆိုရင် လူသုံးအများဆုံး ဖြစ်သွားပါပြီ။ အရင်ကတော့ HotMail, Yahoo!! Mail တို့ နေရာယူထားခဲ့တာ။ Storage Space ဆိုရင် အရင်က inbox.com က အများဆုံးပေးထားတာပါပဲ။ GMail ထွက်လာပြီးတဲ့ နောက်မှာတော့ တဖြည်းဖြည်းနဲ့ အားလုံး နောက်ကျကျန်ခဲ့ကြပါပြီ။
GMail က Google Accounts အားလုံးရဲ့ အသက်ဖြစ်သလိုပါပဲ.. အခုဆိုရင် GMail ကိုGoogle က OAuth protocol ကိုလဲ စအလုပ်လုပ်ပါပြီ။ ဘာတွေလုပ်မှာလဲတော့ သေချာမသိရဘူး။ ဖုန်းတွေမှာတော့ push လုပ်ပေးတဲ့ service မျိုးတွေ ထပ်တွေ့ရတော့မယ် ထင်တယ်။ အကြိုက်ဆုံးပြောရရင် free ရတာကိုကြိုက်ပြီး ဘယ်အချိန်ထဲဖောက်မလဲတော့ လန့်တယ် ၃၀ ရက်နေ့ ညကလဲ အရေးကြီးလို့ Gtalk နဲ့ ပြောနေကာမှ ကမ္ဘာအနှံ့မှာ ၁၀ မိနစ်လောက် ကျသွားသေးတယ်။ နောက် Google Buzz လို service တွေသုံးချင်မှန်းမသိ မသုံးချင်မှန်းမသိ push လုပ်ပြီး လျောက်ထည့်တာတွေတော့ သဘောမကျတာရှိတယ်။ လောလောဆယ်တော့ သူပဲ အကောင်းဆုံးဖြစ်နေသေးတော့ ဆက်သုံးဖြစ်နေမှာပါပဲ။ ဘာပဲပြောပြောပါ။

ZaunG said,
Wrote on April 1, 2010 @ 8:26 pm
Happy Birthday, GMAIL!!
Like or Dislike:
0
0