Hitler Not Happy About YouTube Policy
Hitler not happy about the 550d… from oliver walker on Vimeo.
Hitler Downfall ဆိုတာက YouTube မှာ အရင်က နာမည်ကြီး video clip တွေပါပဲ။ အမှန်က အဲဒီ video က အများကြီးရှိတယ် iPad လဲရှိတယ် Camera လဲရှိတယ် iPhone လဲရှိတယ်။ မူရင်း “The Downfall: Hitler and the End of the Third Reich” ဂျာမန် စကားပြော ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းကို ဖြတ်ထုတ်ပြီး အောက်က စာသားမှာ ပေါက်ကရ ဟာသတွေ english လိုရေးပြီးတင်ကြတာပါ။ အရင် iPad ထွက်တုန်းကလဲ Hitler iPad မှာ camera မပါတာ ipod touch အကြီးစားကြီးဆိုပြီး ပေါက်ကရ စာသားတွေထိုးပြီး တင်ကြတယ်။ ရုပ်တည်ကြီးတွေနဲ့ သရုပ်ဆောင်နေတာကို အောက်က ဟာသတွေလျောက် ဘာသာ ပြန်ထားတာ တကယ်ရီရတယ်။
အခုတော့ YouTube မှာ အဲဒီ video တွေမရှိတော့ဘူး မူရင်း ရုပ်ရှင် company က ဖျက်ခိုင်းလို့ အကုန်ဖျက်လိုက်ပြီ။ ဖျက်လိုက်တော့ ညိမ်သွားမယ်မှတ် နေတာ နောက်ဆိုဒ်မှာ ပုဂ္ဂိုလ်များက ထပ်တင်ကြပါတယ်။ ဒီတစ်ခါကြတော့ Hitler သူ့ရဲ့ ဟာသ ဗီဒီယိုတွေ YouTube မှာဖျက်ခံရတဲ့ အကြောင်းကို တင်းနေတာဖြစ်သွားပြန်တယ်။ ရီနေရတယ်။ မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါဦး အပေါ်တစ်ခုက Hitler Canon 7D features တွေကို 550D မှာ တစ်ဝက်ဈေးနဲ့ ရနေလို့ တင်းတဲ့ အကြောင်းရယ် အခုအောက်ဆုံးမှာက YouTube မှာ သူ့ရဲ့ ဟာသ Downfall videos တွေ အဖျက်ခံရလို့ တင်းနေတာရယ် တင်လိုက်တယ်။




Ko Nyan said,
Wrote on April 27, 2010 @ 4:39 pm
စာတွေပဲ ဖတ်သွားတယ်။ စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါရဲ့။ ဗီဒီယိုဖိုင်တွေက ကြည့်လို့မရသေးဘူးဗျ။ နောက်အဆင်ပြေမှပဲ ကြည့်တော့မယ်။ ဗီဒီယိုကို ပလေးလိုက်တိုင်း အလယ်က စတုရန်းတုံးလေးတွေ အပြေးပြိုင်နေတာကိုပဲ ထိုင်ကြည့်နေရတယ်။ သူတို့ကို ကြည့်ချင်တာမှ မဟုတ်တာပဲ။
Talkii said,
Wrote on May 3, 2010 @ 9:51 pm
Google wave တုန်းကလည်း invitation မရလို့ဆိုပြီး ပောက်ကွဲနေတဲ့အပိုင်းလေး ကိုစိုးမင်း ဘလော့ဂ်မှာ ကြည့်လိုက်ရသေးတယ်။ မြန်မာစာတမ်းထိုးလုပ်ဖို့ idea ရှာဦးမှပာပဲ