Justice Bao

ပြည့်သူတရားရှင် ပေါင်ချိန် (Justice Bao) ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်တော် ၅ တန်းလောက်က မြဝတီ ရုပ်မြင်သံကြားကနေ ပြခဲ့တဲ့ တရုတ် ဇာတ်လမ်းတွဲပါ။ ဒီနေ့မှ Bao ဆိုတဲ့ အကြောင်း အွန်လိုင်းမှာ ထိုင်ရှာဖြစ်တယ်။ ရှာဖြစ်တာကလဲ သီချင်းနားထောင်မိရာကနေ ရှာဖြစ်တာပါပဲ။ သီချင်းနာမည်က New Butterfly Dream လို့ အင်းကလိပ်လို အဓိပ္ဗါယ်ရတဲ့ သီချင်းပါ။ YouTube မှာ နားထောင်ဖြစ်တယ်။
အဲဒီသီချင်းက ပေါင်ချိန် ကားပြီးတိုင်း စာတန်းထိုးတဲ့ အချိန်မှာပါတဲ့ သီချင်းပါ။ ငယ်ငယ်ကတည်းက တီဗီမှာ လာကတည်းက ကြိုက်တယ် အဝင်က စန္ဒယား သံဝင်လာပြီး နောက် တယောတွေ သံပြိုင်ထိုးသွားတဲ့ အသံ တော်တော်ကြိုက်ပါတယ်။ Orchestra သံက အရမ်းကောင်းတယ်။ ဆိုတာက တရုတ်လို ဆိုပါတယ်။ စာသားတွေက ကဗျာ တစ်ပုဒ်လိုပဲ လှတယ်.. << ကျွန်တော်နားလည်လို့ မဟုတ်ပါဘူး translator သုံးပြန်ထားတာ.. သီချင်းတွေကတော့ ဘာသာစကားနားမလည်လဲ နားထောင်ဖြစ်တာ ငယ်ငယ်ကတည်းကပဲ အဆိုတော် အသံကိုလဲ တူရိယာတစ်ခုက ထွက်လာတဲ့ ဂီတ factor တစ်ခုလို့ ပဲ သဘောထားတာဆိုတော့ ဘာပြောလဲ နားမလည်ပေမယ့် ခံစားလို့ရတယ်။ အဆိုတော် နာမည် က ဘယ်လိုခေါ်လဲ တရုတ်လို မတတ်တော့ မသိပါဘူး။ အောက်မှာတော့ YouTube embed လုပ်ထည့်ထားပါတယ်။ ကိုချမ်းမြစိုး facebook မှာ link တင်လိုက်မှ ပြန်နားထောင်ဖြစ်တာပါ။
သီချင်းနားထောင်ရင် ပေါင်ချိန် ဇာတ်ကားရဲ့ behind the scene တွေ သိချင်လာတာနဲ့ english လိုရှာကြည့်တယ်။ ပေါင်ချိန်ကို အင်္ဂလိပ်လို လျောက်ပေါင်းတော့ result ကမရဘူး ဒါနဲ့ ခုနက တရုတ်သီချင်း နာမည် ကူးပြီး ရှာလိုက်တာ တရုတ် wikipedia ထဲရောက်သွားတယ်။ အဲဒီကနေမှ နောက်ထပ် ဆက်သွားတာ Justice Bao အကြောင်းရောက်သွားတယ်။ နားမလည်တော့ Google translator သုံးလိုက် Mac Dashboard က translator သုံးလိုက်နဲ့ ဘယ်ရမလဲ နောက်ဆုံးတော့ ပေါင်ချိန် wiki ကို ရောက်သွားတယ်။
Justice Bao (Pao) ဇာတ်လမ်းတွဲကို Taiwan Chinese Television System ကနေ 1993 ကနေ 1994 အထိ ၁ နှစ်ကျော် စပြီးပြခဲ့တယ်လို့ ဆိုပါတယ်။ ၁ ပိုင်းကို ၁ နာရီကြာပြီး အပိုင်း ၂၃၆ ပိုင်းရှိတယ်လို့ သိရတယ်။ ပေါင်ချိန် (Bao Zheng, Bao Qing Tian) က တရုတ်ပြည်မှာ ပုံပြင် လိုပဲနာမည်ကျော်တယ်လို့ သိရတယ်။ ဆောင်ခေတ်က တရားသူကြီး ဖြစ်ခဲ့တယ်လို့ wikipedia မှာတွေ့ရပါတယ်။ ပေါင် ရဲ့ line up က ကျန်ကျောင်း (Zhan Zhao, 展昭) နောက် ကုန်းစွန်းချဲ့ (Gongsun Ce, 公孙策) နောက်တော့ ဟို အနီ ၂ ယောက် အနက် ၂ ယောက် Wang Chao (王朝), Ma Han (馬漢), Zhang Long (張龍), and Zhao Hu (趙虎) တို့ပါ။ သရုပ်ဆောင်တွေ ပုံကိုတော့ အပေါ်ဆုံးမှာ ကြည့်ပါ။
အသက် ၆၂ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပေါင်ချိန်က တရုတ်ပြည်မှာတော့ တရားမျှတမှု ရဲ့ ပြယုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာမှာ ဆိုရင်တော့ မဟော်သဓါ လိုဖြစ်ပါလိမ့်မယ်။ ပေါင်ချိန်က တာဝန်ထမ်းခဲ့တဲ့ အချိန်အတွင်းမှာ ဘုရင့် အမှုထမ်း၊ အမျိုးတွေပါ မညှာတမ်း တရားစီရင်ခဲ့တဲ့ လို့ဆိုပါတယ်။ အကြိမ် ၃၀ ကျော် ရာထူးကနေ ချခံရတယ်လို့ ပါရှိပါတယ်။ သူ သေဒါဏ် စီရင်တိုင်း Rank ကိုလိုက်ပြီး ခေါင်းဖြတ်စက် ၃ ခုရှိတယ်လို့ ဖတ်ရပါတယ်။ ခွေးခေါင်း၊ ကျားခေါင်း၊ နဂါးခေါင်း ဓားစက်တွေပါ။ အကျယ်ကို wikipedia မှာ ဖတ်ပါရန်။ ပေါင်ချိန် ရဲ့ အုတ်ဂူကို ယနေ့ အထိတွေ့နိုင်သေးတယ်လို့ သိရတယ်။ ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။
ပေါင်ချိန် အကြောင်းကို ဇာတ်လမ်းတွဲတွေအနေနဲ့ ရိုက်ထားတဲ့ series က ဟောင်ကောင်၊ ထိုင်ဝမ် တင်မကပဲ တရုတ်ပြည်မကြီး၊ ကိုရီးယား၊ အရှေ့တောင် အာရှ အထိပါ အောင်မြင်ခဲ့တယ်လို့ သိရတယ်။ မြန်မာ နိုင်ငံမှာလဲ အောင်မြင်ခဲ့ပါတယ်.. ဝန်ကြီး မေးတဲ့ မြန်မာ့ သမိုင်းက ကျန် နဲ့စတဲ့ သူရဲကောင်းတောင် ကျန်ကျောင်း ဖြစ်သွားတဲ့ အထိပဲ။ ကျွန်တော် ငယ်ငယ်ကဆို ကျန်ကျောင်းဓါး ဆိုပြီး အရုပ်လဲရှိတယ်၊ ဦးထုပ်လဲ ရောင်းကြသေးတယ်။ နောက် ဇာတ်ဝင်သီချင်းတွေလဲ မြန်မာလို ပြန်ဆိုတဲ့သူတွေရှိတယ်။ ပေါင်ချိန်ဇာတ်ကားက အစက ဇာတ်လမ်း ၁၅ ခုပဲရိုက်ဖို့ရာကနေ အောင်မြင်မှုရလာတဲ့ အတွက် ၂၃၆ ပိုင်း အထိရိုက်ဖြစ်သွားတာလို့ ဆိုပါတယ်။ ပေါင်ချိန် ကားတွေ အများကြီးရှိပေမယ့် အောင်မြင်ဆုံးက မြဝတီကနေလဲလွင့်ခဲ့တဲ့ ပေါင်ချိန်က အောင်မြင်ဆုံးလို့ဆိုပါတယ်။ ပေါင်ချိန်၊ ကျန်ကျောင်း မူကွဲ ဇာတ်ကားတွေကို TVB Square Page မှာ ကြည့်လို့ရပါတယ်။
အခုတော့ ပေါင်ချိန်ကားထဲက သီချင်း ၂ ပုဒ် နဲ့ သရုပ်ဆောင်တွေ ပုံတင်ထားလိုက်တယ်။ ဇာတ်ကားထဲကလို ရှေးဟောင်း အဝတ်အစားတွေ မိတ်ကပ်တွေ မပါတော့ ပေါင်ချိန်ကို မှတ်တောင် မမှတ်မိဘူး။ ပေါင်ချိန်အတွဲကို အရင် သရုပ်ဆောင်တွေနဲ့ ပြန်ရိုက်မယ်လို့ သတင်းလဲတွေ့တယ်။ ပေါင်ချိန်ကားတွေတောင် ပြန်ကြည့်ချင်လာတယ် ရန်ကုန် အိမ်က စက်ထဲမှာတော့ DVD ကနေ rip လုပ်ထည့်ထားတာတွေရှိတယ်။ အခုကတော့ ဇာတ်ဝင် သီချင်းကို bookmark လုပ်ပြီးသားလဲဖြစ်သွားအောင် blog မှာ တင်ထားလိုက်တာပါ။ Have A Nice Day!!




TZA said,
Wrote on April 24, 2010 @ 7:35 am
ကျနော့်မားသားကြီးက အဲဒီသီချင်းကို အရမ်းကြိုက်တာ၊ လာတိုင်းလိုက်ဆိုတာပဲ။ ဟားဟား။
Like or Dislike:
0
0
ကူးကူး said,
Wrote on April 24, 2010 @ 8:57 pm
ကျေးဇူးပြန်.. ပြန်သတိရမိတယ်။
ဲမြန်မာမှာတုန်းက အဲဒီကားလွှင့်တုန်းက အသည်းသန်စောင့်ကြည့်ရတာ…
ဒုတိယအပုဒ်ကိုပိုကြိုက်တယ်.. အားနဲ့မာန်နဲ့ဆိုထားတာ..
Like or Dislike:
0
0
kyaw kyaw said,
Wrote on April 24, 2010 @ 9:15 pm
Thank you very much for this post.
Do you have any clue for japanese [romance TV series]aired in Burma around 1992/3 forget the name of that serie [101 like that].I remembered the actor who was also in the movie’The princess and the photographer’.Thanks again
Like or Dislike:
0
0
satan24 said,
Wrote on April 25, 2010 @ 9:45 am
ညီလေးရေဒီခေတ်မှာပေါင်းချိန်ရှိရင်ဖြတ်လိုက်ရမဲ့ခေါင်းတွေနည်းမှာမဟုတ်ဘူးလက်တောင်လယ်မှာမဟုတ်ဘူး
Like or Dislike:
1
0
Htoo Tay Zar said,
Wrote on April 27, 2010 @ 12:04 am
@ Bro TZA ~ ကျွန်တော်လဲ ကြိုက်တယ်.. တရုတ်လို မရတော့ လိုက်တော့ မဆိုနိုင်ဘူး
@ ကူးကူး ~ ဟုတ်တယ်… ဒုတိယ တစ်ပုဒ်က ringtone လုပ်ထားလို့ ပိုမိုက်တယ်
@ Kyaw Kyaw ~ Sorry Bro, I don’t know about that Japanese Series coz I’m still kid at that time around 92/93
@ Bro Satan ~ ဟီး ဟီး ဟုတ်ပါ့ ခေါင်းဖြတ်စက်မှာ တရုတ်ကလာတဲ့ မော်တာ တပ်ဖြတ်မှရမယ်..
Like or Dislike:
0
0
exiter said,
Wrote on April 27, 2010 @ 9:06 am
ကျွန်တော်လည်း အရင်တုန်းက ပေါင်ချိန်ပဲ ကြိုက်တယ် … အခုနောက်ပိုင်းရိုက်တဲ့ ပေါင်ချိန်တွေက တစ်မျိုးကြီးပဲ …
အရင်ပေါင်ချိန်ထဲက ကျန်ကျောင်း လည်း အဲဒီကားနဲ့ နာမည်ကြီးသွားတာပဲမလား … သူ့ တစ်ခြား movies တွေ ဆိုရင်လည်း ကျန်ကျောင်း ပဲခေါ်ကြတာများတယ်…
Like or Dislike:
0
0
Ko Nyan said,
Wrote on April 27, 2010 @ 4:33 pm
ဖတ်သွားပါတယ်။ ငယ်ဘ၀ကို ပြန်လွမ်းသွားကြောင်းပါ။ ငယ်ငယ်တုန်းကတော့ အရမ်းကြည့်လို့ကောင်းခဲ့တာပါပဲ။ ဒါပေမယ့် အခုအချိန်ပြန်ကြည့်ရင် ဖီလင်တွေ တူတော့မယ်မထင်ဘူး။ ဒီအသက်အရွယ်ရောက်မှ မျောက်မင်းစွမ်းဝူခုန်းကို ပြန်ကြည့်တဲ့အချိန်မှာ ရှေ့(၃)ပိုင်းလောက်ပဲ ပြီးသေးတယ်။ ဆက်မကြည့်ဖြစ်ဘူး။ ၀ူခုန်းကို သဘောကျခဲ့တဲ့ စိတ်အခံလေး ပျောက်သွားမှာကြောက်လို့ပါ။ ကလေးတုန်းကတော့ ကြိုက်ခဲ့ပေမယ့် အခုအချိန် ပြန်ကြည့်တဲ့အခါ အမြင်မတူတာတွေ၊ လက်မခံနိုင်တာတွေ အများကြီးတွေ့ရတယ်။ ပေါင်ချိန်ကားလည်း အဲလိုပဲ ဖြစ်မယ်ထင်ပါရဲ့။ ဒါပေမယ့် ပြန်ကြည့်ချင်သွားမိတာတော့ အမှန်ပါပဲ။ ဒီဗီဒီခွေလေးတွေ ပြန်ရှာလိုက်ပါဦးမယ်။ ပို့စ်အတွက် ကျေးဇူးပါ။
Like or Dislike:
0
0
Talkii said,
Wrote on April 29, 2010 @ 7:35 pm
@kyaw kyaw,
Do you mean 101st Marriage Proposal?
http://wiki.d-addicts.com/101st_Marriage_Proposal
ငယ်ငယ်က စွဲစွဲလမ်းလမ်း ကြည့်ခဲ့ဖူးတဲ့ ကားတွေပော့။ ဝူခုန်းကားကိုလည်း 3D ပြန်ရိုက်မယ်လို့ ဖတ်လိုက်ရတယ်။ ခုချိန်ပြန်ကြည့်ခိုင်းရင်တော့ ငယ်ငယ်က ကြည့်ရတဲ့ အရသာကို မီမှာမဟုတ်တော့ဘူး။
Like or Dislike:
0
0