MITP Thin Gyan Singapore 2010


Myanmar IT Pro Singapore

အခုပြီးသွားတဲ့ 11 ရက်နေ့ ညနေက Myanmar IT Pro.com Singapore Thin Gyan Gathering ကို သွားခဲ့ပါတယ်။ MyanmarITPro.com က members တွေ အများကြီးဆုံဖြစ်ကြပါတယ်။ ညနေ ၄ ခွဲလောက်ကနေ စလိုက်ကြတာ ည ၉ နာရီလောက်မှ သိမ်းဖြစ်တယ်။ စကားတွေ အများကြီး ပြောဖြစ်ကြတယ် မုန့်တွေ အများကြီး၊ အကင်တွေ အများကြီး စားဖြစ်ကြတယ်။ မယုံရင် အောက်ဖက်မှာ သက်သေပုံတွေ ရှိပါတယ် =P

အဲဒီမှာ ရိုက်ထားတဲ့ ပုံတွေ blog မှာ ပြန်တင်တာပါ။ B log ဆိုပြီး log မလုပ်ဖြစ်တာလဲ တော်တော်ကြာနေလို့ event တွေ gathering တွေ ဆို စာအသေအချာ မရေးနိုင်တောင် ပုံလေး မှတ်တမ်းတင်မှ ဖြစ်မယ်တွေးမိလို့ ပြန်တင်တာပါ။ မဟုတ်ရင် ကြာရင် စက်ထဲထားတာက စိတ်မချရဘူး ကိုယ်က format ချရင် သိမ်းထားသမျှ ဖိုင်တွေ အကုန် back up လုပ်ဖို့က အမြဲမေ့တာဆိုတော့…. အခုတော့ ပုံတွေ ကြည့်ပြီး သရေ ကျနိုင်ပါပြီ ပျော်စရာကောင်းတဲ့ event တစ်ခု ဖြစ်ခဲ့ပါတယ်။ အားလုံး စုစုစည်းစည်းရှိခဲ့တယ်… Gathering လုပ်ဖြစ်အောင် စီစဉ်လိုက်တဲ့ ကို Sean Lin တို့ ကို John Moe တို့ မိသားစု ကိုလဲ ကျေးဇူးတင်တယ်.. နောက်နှစ်တွေလဲ အားလုံးနဲ့ ထပ်ဆုံဖြစ်ကြဖို့ မျော်လင့်ပါတယ်…

တိုက်ဆိုင်တယ်ပဲ ပြောရမလား MITP event တွေဆို ရန်ကုန် တုန်းကလဲ ကျွန်တော် ရောက်ဖြစ်တယ်။ ဒီရောက်တော့လဲ သွားဖြစ်တယ် နောက်ထပ်လဲ သွားဖြစ်ဦးမယ်… ဒီနှစ် သင်္ကြန်ကတော့ ပိတောက်ပန်း လဲမြင်ရမှာ မဟုတ်တော့ဘူး.. အရင်နှစ်တိုင်း လုပ်နေကြကတော့ အိမ်ကနေ ပိုက်ဆံတောင်း ပြီးရင် ဘယ်မှမသွားဘဲ အိမ်မှာ မီးတနေကုန်လာလို့ ဂိမ်းဆော့တယ်။ အားရင် အပြင်ထွက် taxi ငှားပြီး ရန်ကုန် မြို့ကို ဓာတ်ပုံလိုက်ရိုက်တယ် ညဘက် blog မှာတင်တဲ့ အလုပ် လုပ်တယ်… ဒီနှစ်ကတော့ အလုပ်လက်မဲ့ ဖြစ်ပြီ.. ကျွန်တော်အတွက် ဒီနှစ် သင်္ကြန်ကတော့ အဲဒီ တစ်ညနေ နဲ့ပြီးသွားပါပြီ.. ဒီနေ့ အကြိုနေ့ကတော့ အွန်လိုင်းကနေ သူများ တင်တဲ့ ပုံတွေကြည့် ဖုန်းလှမ်းဆက်ပြီး ရေလောင်းဖို့ ပဲ ရှိတော့တယ် =D

Myanmar IT Pro Related Articles

Photo from MITP Singapore 2010
Photo from MITP Singapore 2010
Photo from MITP Singapore 2010
Photo from MITP Singapore 2010
Photo from MITP Singapore 2010
MITP Thin Gyan Singapore 2010
MITP Thin Gyan Singapore 2010
MITP Thin Gyan Singapore 2010
MITP Thin Gyan Singapore 2010
MITP Thin Gyan Singapore 2010
MITP Thin Gyan Singapore 2010





Related Posts

2 Comments so far »

  1. သူရိန် said,

    Wrote on April 13, 2010 @ 5:26 am

    လာပြီးသရေကျသွားတယ် :)

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on April 13, 2010 @ 1:35 pm

    ဟဲ ဟဲ စားချင်လဲ စားလို့ ရပါတယ်ဗျာ… download လုပ်ပြီးစားလို့ရတယ်လေ =D သောက်စရာကတော့ မြန်မြန်သောက်မှ ရမယ်ဗျို့ =P

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: