Myanmar Font for iPad, iPhone, iPod Touch

Myanmar font Plug in for iPad, iPhone, iPod Touch
Myanmar font Plug in for iPad, iPhone, iPod Touch

Important Notes ~ Please If you are searching for A Way to Install Myanmar Font on your iPhone, iPad, Read MMKeyBoard. This article is just FOR WEB SITE OWNER not for iPhone, iPad Owner.

April 3 ရက် ဒီနေ့မှာ US မှာ iPad wifi version ကို စဖြန့်ပါပြီ။ အရင်အတိုင်းပါပဲ Apple ဒီတစ်ကြိမ်လဲ အောင်မြင်ပါတယ်.. အခုစာရေးနေတဲ့ အချိန်မှာပဲ Fifth Ave Road က Apple Store ရှေ့မှာ လူတွေတန်းစီနေကြတာကို live ကြည့်လို့ ရနေတယ်။ iPad ဝယ်ဖို့တန်းစီနေကြတာပါ ပထမဆုံး စစီတဲ့ တစ်ယောက် ကဆိုရင် April 1 ရက်နေ့ကတည်းက စီနေခဲ့တာပါ။ အမှန်တော့ ဒီပို့စ်က iPad အကြောင်းပြောဖို့ မဟုတ်ပါဘူး။ Plug in တစ်ခု အကြောင်းပြောမလို့ပါ။ အဲဒီ plug in ထည့်ထားရင် site, blog ကို iPad, iPhone, iPod Touch ကနေ jailbreak လုပ် မြန်မာစာ ထည့်စရာမလိုပဲ စာတန်းဖတ်လို့ ရပါတယ်။ Plug in နာမည်က Myanmar Font Embedder လို့ ခေါ်ပါတယ်။

ဒီ plug in က WordPress Blogging CMS အတွက် ရေးထားတာပါ။ ဒီ plug in ကို plug in folder ထဲထည့် သွင်းထားရုံနဲ့ ကိုယ့်ဆိုဒ်ကို Apple handheld devices တွေကနေ မြန်မာစာဖတ်လို့ရနိုင်မှာပါ။ size အနေနဲ့ သေးငယ်ပြီး လက်ရှိထွက်တဲ့ iPad အတွက်ပါ ဆိုဒ်ကို အလိုလျောက် optimize လုပ်ပေးသွားမှာပါ။ ဘယ်လို အလုပ်လုပ်လဲ စကြည့်ရအောင်ပါ။

Technologies

Myanmar Font Embedder

iPhone, iPad, iPod Touch တွေက Safari browser ကို သုံးထားတာပါ။ Safari က webkit ဆိုတဲ့ rendering engine ကို သုံးထားပါတယ်။ ဒါကြောင့် ကံကောင်းစွာပဲ Mobile Safari version မှာ font embed လုပ်လို့ ရနိုင်ပါတယ်။ တစ်ခုထဲသော embed လုပ်လို့ရတဲ့ အမျိုးအစားက .svg font ကိုသာ လုပ်လို့ရတာပါ။ ဒါကြောင့် ကျွန်တော် အခု plug in ထဲမှာ .svg font (Zawgyi font) ကို သုံးထားပါတယ်။

3G Speed TestFont Embed လုပ်တာက ဟုတ်ပါပြီ အခု plug in က handheld mobile devices တွေ အတွက်ဆိုတော့ နောက်တစ်ခုက ကွန်နက်ရှင်ကို ထည့်တွက်ရပါတယ်။ Wifi နဲ့သုံးရင် ကွန်နက်ရှင်က မြန်မှာပါပဲ 3G အတွက်ကြတော့ file size ကို optimize လုပ်ဖို့ လိုပါတယ်။ အဲဒီအတွက် လက်ရှိ Zawgyi font ထဲက မလိုအပ်တဲ့ အခြားဘာသာ စကား glyph တွေ၊ kerning တွေကို Font Lab ထဲမှာ ဖယ်ထုတ်လိုက်တဲ့ အတွက် file size က 94KB အထိ ကျသွားပါတယ်။ 3G မှာ ပုံမှန်လိုင်းမိတဲ့ အချိန်မှာ 155kb/s လောက် ရနိုင်တာမို့ ဒီဖောင့်အတွက် 5 စက္ကန့်ထက် နဲတဲ့ အချိန်အတွင်းမှာ ဖုန်းထဲကို ရောက်သွားမှာပါ။ အခြား site က ဖိုင်တွေပါ download လုပ်ပြီးရင်တော့ ဆိုဒ်ကို မြန်မာလို စဖတ်လို့ရပါပြီ။ တစ်ခုရှိတာက ဒီ plug in က Mobile Phone Safari အတွက် plug in မဟုတ်ပါဘူး WordPress blog တွေအတွက် plug in ဖြစ်တာမို့ ဒီ plug in သွင်းထားတဲ့ site တွေသာ ဖတ်လို့ရမှာပါ။ အခြား blog တွေရောက်သွားရင်တော့ လေးထောင့်တုံးတွေ ပြန်ဖြစ်သွားမှာပါပဲ။ နောက် CBox လို iFrame embed ထည့်ထားတာတွေကိုတော့ အလုပ်မလုပ်ပါဘူး။

နောက်တစ်ခုက ဒီ plug in သွင်းလိုက်တာနဲ့ ဆိုဒ်ကို အလိုလျောက် iPad, iPhone တွေအတွက် optimize လုပ်ပေးသွားမှာပါ။ Image တွေကို အလိုလျောက် ချုံ့ပေးသွားမှာပါ။ နောက် Viewport ကိုလဲ အလိုလျောက် device width အလိုက် ပြောင်းပေးသွားပါမယ်။ iPad က resolution 1024×768 ရှိတာမို့ iPad နဲ့ ကြည့်တဲ့ အခါလဲ အလိုလျောက်ပြောင်းပေးမှာပါ အရင်တုန်းက code တွေက width တွေကို 320 နဲ့ ထားကြလေ့ရှိတာတွေက iPad ထွက်လာရင် ပုံပျက်ကုန်မှာပါ အခုကတော့ အလိုလျောက်ပြင်ပေးထားပါတယ်။ တကယ့် iPad နဲ့ကတော့ နောက်လလောက်ကြမှပဲ မဝယ်ဘဲ စမ်းကြည့်လိုက်ဦးမယ်။ နောက် iPad က အောက်မှာ ပြထားတဲ့ user agent သုံးပါတယ်..

Mozilla/5.0 (iPad; U; CPU OS 3_2 like Mac OS X; en-us) AppleWebKit/531.21.10 (KHTML, like Gecko) Version/4.0.4 Mobile/7B334b Safari/531.21.10

Apple iPad

အခု plug in က Apple handheld devices တွေ iPhone OS မှာပဲ အလုပ်လုပ်ပါတယ်။ Google Android, Windows Phone, Symbian နဲ့ အခြား OS တွေအလုပ်မလုပ်ပါဘူး .svg font input လက်ခံမှ အလုပ်လုပ်မှာပါ။ Font embed လုပ်ထားတဲ့ အတွက် ပုံမှန် desktop တွေနဲ့ ကြည့်ရင် လေးမသွားပါဘူး။ ဘာလို့လဲဆိုတော့ Apple Handheld devices ဖြစ်မှ ဖောင့်ကို download လုပ်ယူတာပါ။ နောက် Site ကို plug in ထည့်ပြီးတဲ့ အခါ Bookmark လုပ်ရင် Add to Home Screen နဲ့ လုပ်ယူလိုက်ရင် Myanmar iPhone OS icon လေးတွေ တင်ပေးသွားပါလိမ့်မယ်။ နောက်ပြီးလို့ ဖွင့်ကြည့်ရင်လဲ address bar ဖျောက်ပေးထားပါတယ်။ နောက်ထပ် top bar ကိုလဲ ဖတ်ရလွယ်တဲ့ အနက်ရောင် ပြောင်းထားပါတယ်။

Myanmar iPhone Appsနောက်တစ်ခုက လက်ရှိ သုံးထားတဲ့ Zawgyi Font က ရိုးရိုး rendering မပါတဲ့ ဖောင့်ဖြစ်ပါတယ်။ Rendering ပါတဲ့ Zawgyi 2009 မဟုတ်ပါဘူး။ ဒါကြောင့် Zawgyi 2009 သုံးထားရင် ကောင်းကောင်း အလုပ်မလုပ်ပဲ ဖတ်လို့ နားလည်ရုံလောက် ပုံပဲပြပါလိမ့်မယ်။ Zawgyi font က Standard Unicode မဟုတ်ပေမယ့် Unicode code point တွေ ယူသုံးထားတာမို့ plug in ထဲမှာ Content Type ကို UTF-8 အနေနဲ့ meta data သုံးပြီး ကြေငြာထားပါတယ်။ UTF-8 က backward-compatible ဖြစ်တဲ့ အတွက် ASCII font တွေကို လဲ အလုပ်လုပ်ပါတယ်။ ဘာလို့ ကြေငြာရတာလဲဆိုရင် default web mapping (HTTP 1.1 spec) အရ Latin-1 (only represent 256 characters) နဲ့ အလုပ်လုပ်တာမို့ web layout rendering မှန်အောင် ပြောင်း ကြေငြာတာပါ။

iPhone မှာ မြန်မာစာ ပေါ်ဖို့ ဆိုရင် အခြားနည်းလမ်းတွေ ရှိပါသေးတယ်.. ဥပမာ Server side ကနေ font နဲ့ image generate ထုတ်ပေးတာမျိုး Cufon လို javascript သုံးတာမျိုး Face Lift သုံးတာတွေ ရပါတယ်။ SIFR ကတော့ flash သုံးတာမို့ flash မရတဲ့ အိုင်ဖုန်း မှာ အလုပ်မလုပ်ပါဘူး။ အခု .svg သုံးထားတော့ image generate လုပ်ပြီး download လုပ်ယူရတာထက် ပိုမြန်ပါတယ်။ နောက် select လုပ်လို့ရပါတယ် Copy, Cut, Paste လုပ်လို့ ရပါတယ်။ (Select လုပ်ရင် .svg font ဖြစ်တာမို့ space ပါမှ select လုပ်ရလွယ်နိုင်ပါတယ်) အနည်းဆုံးတော့ အခြား iPhone App တွေဖြစ်တဲ့ FaceBook, Tweetdeck က လေးထောင့်တုံး မြန်မာစာတွေကို copy ကူးပြီး blog အောက်က comment text box ထဲ paste လုပ်ရင် စာဖတ်လို့ရပါသေးတယ်. Submit တော့ မနှိပ်ကြနဲ့ပေါ့နော် =P နောက် အားမှ iPhone optimize Myanmar Text Box လုပ်ဖို့ အစီအစဉ်တော့ရှိပါတယ်။

Current Support Devices

Apple iPad, iPhone, iPod Touch with any OS using Safari and 3rd Party Browsers.

Open Source

Myanmar Burma font on iPhone

ဟုတ်ကဲ့ ခင်ဗျ အခု plug in က Open Source ပါ ဘာလို့လဲဆိုတော့ PHP နဲ့ တန်းကြည့်လို့ ရတာမို့ပါ။ Code ကလဲ မသိရင် အတော်ကြိုးစား ယူထားရတယ် ထင်မယ် မဟုတ်ပါဘူး WordPress Header ထဲကို လိုချင်တဲ့ code တွေ inject လုပ်လိုက်တာပါပဲ။ အဓိက ခေါင်းစားသွားတာက Java Batik သုံးပြီး font lab ကနေ optimize လုပ်ထားတဲ့ zawgyi font ကို .svg convert လုပ်တုန်းကပဲ error တွေနဲ့ ခေါင်းစားပါတယ်။ Mac OS Java Runtime ပဲ ကွိုင်တာလား ဘာလား မသိပါဘူး။ နောက်ဆုံးတော့လဲ အလုပ်ဖြစ်သွားပါတယ်။ အခြား ဖောင့်တွေအတွက် လဲ လုပ်ဖို့ ကြိုးစားပါသေးတယ် Myanmar3 မှာ header file error ပေါ်နေလို့ ရပ်ထားလိုက်ပါတယ်။

အခု plug in က Apple devices တွေအတွက် အဓိက ရည်ရွယ်တာ မဟုတ်ပဲ Myanmar စာ ဖောင့်မထည့်ဘဲ ဖတ်လို့ ရနိုင်အောင် ရည်ရွယ်ပါတယ်။ Zawgyi မှမဟုတ်ပါဘူး အခြား font အမျိုးအစားတွေ type တွေ embed လုပ်ဖို့လဲ စဉ်းစားထားပါတယ်။ Open Source ဖြစ်တာမို့ အားလုံး ဝိုင်းကူညီကြရင် font မျိုးစုံကို Web Standards နဲ့ အညီ embed လုပ်နိုင်တဲ့ plug in တစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ Mobile phone optimize plug in (framework) လဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

License

GNU License ကို သုံးထားပါတယ်။ မည်သူမဆို ဆက်ပြီး develop လုပ်နိုင်ပါတယ်။ free ဆက်ပေးနိုင်ပါတယ်။ modify လုပ်နိုင်ပါတယ်။ ရောင်းစားလို့ တော့ မရပါဘူး။ တစ်ဆက်ထဲပြောတာပါ Myanmar Font Plug In သွင်းဖို့ အတွက် database back up လုပ်ထားစရာလဲ မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင် back up လုပ်ပြီးမှ သုံးပါ ဘာလို့လဲဆိုတော့ တစ်ခုခု error ဖြစ်ခဲ့ရင် ကျွန်တော် တာဝန်ယူ ရှင်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော် blog 5 ခုလောက်မှာ စမ်းကြည့်ပြီးပါပြီ ဘာ error မှတော့ မတွေ့မိပါဘူး။ မတွေ့မိဆို font embed လုပ်ရုံပဲကိုး။

Download Myanmar Font Embedder WordPress Plug In

Download
This file has been downloaded 10819 Times.

Version History ~ Log

Latest Version 0.07 (Release on April 3, Same Day that iPad launch at US)

How to Install Plug In?

  • Download .zip file
  • Open It/Extract it in your WordPress Blog folder > wp-content > plugins
  • Then Activate from WordPress Admin Control Panel Plugins
  • Done!!

လောလောဆယ်မှာ iPad, iPhone, iPod Touch ကနေ blog ကြည့်ချင်တဲ့ သူတွေ အတွက် အဆင်ပြေအောင် plug in သွင်းထားပြီးသား blog တွေကို စုထားချင်ပါတယ်။ ဒါကြောင့် plug in သွင်းထားပြီးပါက အောက်ဖက်မှာ comment ပေးခဲ့နိုင်ပါတယ်။ ကျွန်တော် List လုပ်ထားပါမယ့်။

Plug in Installed Blog Lists

Special Thanks To

ဒီ plug in လုပ်နိုင်ဖို့ အကူအညီတွေ ပေးခဲ့တဲ့ Snook.ca ကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

အခုဆိုရင်တော့ code လေးနဲနဲ ရေးပြီး လေရှည်ခြင်း ပို့စ် ပြီးပါပြီ ခင်ဗျား။ Error များ feedback များ ရှိခဲ့ရင် comment မှာ ဖြည့်ပေးနိုင်ပါပြီ ဒါမှမဟုတ် mail (atttt) htootayzar.com ကိုလဲ စာပို့ နိုင်ပါတယ်။


Related Posts

51 Comments so far »

  1. zipzap said,

    Wrote on April 4, 2010 @ 3:16 am

    Another great effort from you. Now I can read your blog without installing zawgyi font or jailbreaking phone. Thanks for this. Hope, most myanmar blogs will install your plug-in.

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  2. Boyz said,

    Wrote on April 4, 2010 @ 4:21 pm

    Blogspot အတွက်လဲ plugins များ ရှာကြံပေးပါဦး။ ကျေးဇူးတင်ပါတယ်။
    လောလောဆယ်တော့ ဒီဘလော့ကိုပဲ အိုင်ဖုန်းကနေ ကောင်းကောင်းဖတ်လို့ရနေပါတယ်။

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  3. နန်းညီ said,

    Wrote on April 5, 2010 @ 3:21 pm

    ထည့်ထားလိုက်တယ်

    Like or Dislike: Thumb up 1 Thumb down 0

  4. Htoo Tay Zar said,

    Wrote on April 8, 2010 @ 7:13 pm

    @ ZipZap ~ Thanks a lot for your comment. I try to develop plug in for other platforms too.. I hope so…

    @ Ko Boyz ~ Bro, I’ll keep you inform when blogger.com, blogspot plug in is available. Thanks for comment..

    @ Nang Nyi ~ Thanks, I’ll update yours.


  5. exiter said,

    Wrote on April 9, 2010 @ 7:23 am

    ကျွန်တော်လည်းထည့်ပြီးသွားပြီ …. :)


  6. Opera Mini Browser for iPhone Available Now!! « My Burmese Blog said,

    Wrote on April 13, 2010 @ 10:55 am

    [...] မသိဘူး ဒါက desktop version မှာလဲ မသိဘူး။ နောက် Myanmar Font Embedder လဲ အလုပ်မလုပ်ဖူး ဆိုတော့ .svg font support [...]

    Like or Dislike: Thumb up 1 Thumb down 0

  7. kyalsin hein said,

    Wrote on April 21, 2010 @ 10:59 pm

    # Open It/Extract it in your WordPress Blog folder > wp-content > plugins
    # Then Activate from WordPress Admin Control Panel Plugins

    a dar ka bar lal khin byar .. ma thi loh shinn pya pay say chinn par tal( kyan naw taw taw tone par tal)download lote pi bar sat loh ya mhan ma thi tot buu>

    thank a lote


  8. blueowl said,

    Wrote on April 22, 2010 @ 5:42 pm

    I still don’t get it ……. I am stupid in this field >.<


  9. MhawSayar said,

    Wrote on April 29, 2010 @ 1:03 pm

    Well done & gr8 job bro! Thx u for developed & sharing!! :)


  10. Chit hmuu wai said,

    Wrote on May 1, 2010 @ 8:58 am

    I checked aldy my wi-fi. It is ok,I can’t download Myanmar font, it is appear 1 message ” download failed, safari can’t download this file” why can’t it? My wi-fi

    Well-loved. Like or Dislike: Thumb up 4 Thumb down 0

  11. Thiha said,

    Wrote on May 29, 2010 @ 1:52 am

    I want to use myanmar font at my Sony Ericsson Xperia X10i, android phones.
    If you know the way to use, Please send me e-mail, friend.

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  12. Pyei Soan said,

    Wrote on May 31, 2010 @ 1:13 pm

    Hi Ko Htootayzar

    I would like to know how to unlock iPhone 3Gs firmware 3.13 which is bought at US.

    I have accidentally update 3.1.3 and now it’s totally locked.

    Do you know whether firmware 3.1.3 can be unlocked now?

    Please lead me any site if you can.


  13. steven said,

    Wrote on July 14, 2010 @ 11:53 am

    hi bro,
    i also have install in my blog.
    and thanks for the plugin since i don’t need to jailbreak my phone.
    Cheers :-)


  14. ကိုဇော်ဇော်မောင် said,

    Wrote on August 2, 2010 @ 11:46 am

    ကျွန်တော့်ဖုန်းကတော့ ipnoe မဟုတ်ပါဘူး..Sonny Ericsson- U1 ဟန်းဆက်ပါ..အခု Myanmar Font Embedder ကိုထည့်ပြီးသုံးလို့ ရမရကိုသိချင်ပါတယ်ခင်ဗျား..လမ်းညွှန်ပေးပါအုံး..

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  15. tun said,

    Wrote on August 10, 2010 @ 7:33 pm

    a ko yay, download lote p, phone ka bal har ko press p bar sat lote ya mar lal, tay char shin pya pay par lar. ta kal ma shin loe per

    Like or Dislike: Thumb up 0 Thumb down 1

  16. Linlin said,

    Wrote on August 16, 2010 @ 10:36 pm

    Ur blog is the one where we can see Myanmar font in apple device. I cant wait to see plug in for bloodspot. Thanks alot

    Like or Dislike: Thumb up 1 Thumb down 0

  17. Htoo Tay Zar said,

    Wrote on August 18, 2010 @ 11:29 am

    Thanks a lot for comments. I will update with new post for blogspot and non-wordpress CMS in near future. Thanks all…


  18. Myooo said,

    Wrote on August 21, 2010 @ 8:34 pm

    Son:
    I want to install Zawgyi Myanmar Font in my I pad. Right now I can’t read your blog on my I pad.

    Rgds

    Myooo

    Like or Dislike: Thumb up 0 Thumb down 1

  19. jonathan said,

    Wrote on August 25, 2010 @ 7:19 am

    i can’t download myanmar font why? pls help me i live in USA ,thanks for friends.


  20. kyawkyaw said,

    Wrote on September 2, 2010 @ 6:29 pm

    အကို့ရဲ့ ဆော့ဝဲကို ကွန်ပြူတာနဲ့ဒေါင်းလုတ်လိုက်ပြီး ပြန်ဖွင့်ကြည့်တော့ ဖိုင်တွေက ဖွင်မရဘူးဖြစ်နေတယ်လေ။
    အဲ့ဒါနဲ့ အိုင်ဖုန်းကိုသုံးပြီး ဒေါင်းလုတ်လုပ်တော့လဲ မရဘူးဖြစ်နေတယ်။ ဒေါင်းလုတ်လုပ်လို့ကို မရတာ အိုင်ဖုန်းနဲ့။ ကူညီပါဦးအကိုရာ။
    ကျေးဇူးတင်လျှက်

    Like or Dislike: Thumb up 0 Thumb down 3

  21. moe naing said,

    Wrote on September 3, 2010 @ 4:24 pm

    Did all your suggestion from below, but where is WordPress Admin control panel plugins? I just don’t get it. I can read Myanmar font when I am on this site but, that it is.
    Thanks

    * Download .zip file
    * Open It/Extract it in your WordPress Blog folder > wp-content > plugins
    * Then Activate from WordPress Admin Control Panel Plugins
    * Done!!


  22. iPhone crazy said,

    Wrote on September 4, 2010 @ 7:52 pm

    # Open It/Extract it in your WordPress Blog folder > wp-content > plugins
    # Then Activate from WordPress Admin Control Panel Plugins

    a dar ka bar lal khin byar .. ma thi loh shinn pya pay say chinn par tal( kyan naw taw taw tone par tal)download lote pi bar sat loh ya mhan ma thi tot buu>

    thank a lote


  23. အောင်မျိုးထူး said,

    Wrote on September 11, 2010 @ 7:41 pm

    ကျွန်တော်ဖုံးက HTC DAIMOND TOUCH မှာထဲ့သုံးလို့ ရောရနိင်ပါလား။ကျွန်တော်ယခုထိထည့်ကြည့်တာမရသေးဘူးဖြစ်နေတယ်။ဘယ်လိုထည့်လို့ ရနိင်မလဲပြောပေးပါအုံး။


  24. ကိုတား said,

    Wrote on September 16, 2010 @ 3:44 pm

    ကိုထူးတေဇာခင်ဗျာ…

    အခုမှပဲ ရှင်းသွားတော့တယ်..း)
    ကျေးဇူးတင်ပါတယ်…

    အီးမေး ပြန်ကြားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်…

    ဘလော့စပေါ့ အတွက် update လုပ်ပေးမယ် ဆိုတာလေးကိုလည်း စောင့်မျှော်နေပါတယ်..

    ခင်မင်လေးစားစွာ

    ကိုတား


  25. wahe said,

    Wrote on October 17, 2010 @ 6:00 pm

    hello အကို IPHONE 4 မှာ myanmar font ထည့်လို့ရလာ ရတယ်ဆိုဘယ်လိုထည့်ရလည်းလို့ကျေးဇူးပြုရှ်ျကူညီပေးပါအုံန်း
    ကျွန်တော်က IPHONE မှာ myanmar font ထည့်မလို့ကြိုးစားနေတယ် ဒါဗေမဲ့လည်းမအောင်မြေပါဘူး ကူညီပါအုံန်း လွယ်တဲ့နည်းပညာနဲ့ပေါ့်

    SWEDEN


  26. John Berns said,

    Wrote on October 18, 2010 @ 10:36 pm

    Nice job my friend! Can’t read Burmese text but it sure looks nice.


  27. Than Oo said,

    Wrote on November 3, 2010 @ 6:04 pm

    All you written about tech. haven’t say how to intall.
    Can you say more clearly how to get it
    Thanks


  28. Htoo Tay Zar said,

    Wrote on November 4, 2010 @ 2:08 pm

    @ Than Oo ~ Hello Ko Than Oo, Seems like you didn’t read my article till end. I said this is just for web site owner, not for iPhone users. Also it’s WordPress plug in and already wrote about how to install it. Thanks.

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  29. noel said,

    Wrote on November 7, 2010 @ 5:00 am

    how can i put for myanmarkeyboard to ipad?


  30. Wahe said,

    Wrote on November 18, 2010 @ 6:06 am

    Hay
    Can u make zaw gyi font for iPhone 4
    With cydia sources


  31. naung said,

    Wrote on November 21, 2010 @ 9:15 am

    ipod နောက်ဆုံး model အတွက် ဘယ် လို မြန်မာ zawgyi font ထည့် တယ်ဆို တာလေး တဆင့် စီ ရှင်းပြပေးစေ ချင်ပါတယ်
    လေးစားစွာဖြင့်
    နောင်နောင်


  32. Yee Mon said,

    Wrote on November 29, 2010 @ 9:00 pm

    ရည်မွန့် ဖုန်းက OS 4.2.1(8C148a) version ပါ… အပေါ်မှာပြောထားတာ သိပ်မရှင်းတာတစ်ခု က….
    အပေါ်မှာပြောထားသလို….
    How to Install Plug In? •Download .zip file
    •Open It/Extract it in your WordPress Blog folder > wp-content > plugins
    •Then Activate from WordPress Admin Control Panel Plugins
    •Done!!

    download ကို PC က နေ လုပ်ပြီးမှ… ဖုန်း ကို ပြောင်းရမှလား…(သို့) ဖုန်း ကနေ တိုက်ရိုက်ဒေါင်းရမလားဆိုတာ သိပါ့ရစေ….
    ရည်မွန် PC က နေ ဒေါင်းတော့…. Extract လုပ်ဖို့ အတွက်Activate from WordPress Admin Control Panel Plugins
    လုပ်ဖို့ အတွက်ကို ရှာမတွေ့လို့ပါ… Safari က ကျပြန်တော့ လည်း “Safari cannot download this file” ဆိုပြီးပေါ်ပါတယ်… ဖုန်းမှာ မြန်မာ ဖေါင့် ကို ဖြစ်နိုင်ရင်အလွယ်တကူ… ကြည့် ချင်တဲ့အတွက် နည်းလမ်းလေးများရှိရင် ကူညီပါဦးရှင်….

    ကျေးဇူးတင်ပါတယ်…
    ရည်မွန် :)

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  33. Lonnie said,

    Wrote on December 10, 2010 @ 4:30 pm

    Hohoooho, Thanks.. youre cool ;D


  34. Aung Swe Theik said,

    Wrote on December 10, 2010 @ 10:17 pm

    where can I download myanmar font for apple mac?

    Like or Dislike: Thumb up 1 Thumb down 0

  35. ကိုနိုင် said,

    Wrote on December 27, 2010 @ 10:49 am

    nokia 5800 မှာမြန်မာလိုဖတ် လို့ရနိုင်မဲ့ မြန်မမာစာလေး လုပ်ပေးပါအုံး…….မလေးရှားမှာမြန်မာတွေက Nokia အသုံများတယ် ဖုန်းထဲမှာမြန်မာလိုအကုန်လုံး ပြောင်းလို့ရတဲ့ နည်းလေးဘာလေးမရသေးဘူးလား……..


  36. Kyaw said,

    Wrote on January 3, 2011 @ 5:50 pm

    How to download Myanmar font for iPhone 4 .Thanks if you replay me.


  37. ရန်ကျော် said,

    Wrote on February 23, 2011 @ 12:39 pm

    ကျွန်တော် iphone မှာမြန်မာ font လုပ်တာမရလို စိတ်ညစ်နေတယ်
    ကျေးဇူးပြုပြီး ကူညီပါ ခင်ဗျား

    Like or Dislike: Thumb up 0 Thumb down 1

  38. Winmyokyaw said,

    Wrote on February 27, 2011 @ 8:13 am

    How can i type myanmar font in i phone.. Please lat me know.i alway use internat for chating with my girlfriend by i phone. I hope u will answer my quction faster. Thnks !!!


  39. Nyinyioo oo said,

    Wrote on March 12, 2011 @ 12:08 am

    Just like to use myanmar languge in my phone that’s it


  40. Nyanlin said,

    Wrote on March 13, 2011 @ 11:40 am

    I can’t write Myanmar font in I phone ..how to do please say to me my bro…..


  41. michael said,

    Wrote on March 19, 2011 @ 9:58 pm

    i want to read myanmar ebook at iphone how can i do it plz reply me thz


  42. Myo Min said,

    Wrote on March 31, 2011 @ 11:24 am

    Hi all of my brother,
    Does anyone know about installing Myanmar font on Galaxy Tab (Andriod v2.2). Please share your knowledge if you know the way how to. I am hopeless when reading your forum because all guy are discussing only about Apple product. Please share knowledge. Thanks


  43. Phyo said,

    Wrote on May 12, 2011 @ 7:55 pm

    Thanks for you post. Just went to say also there is 1 iPhone plug I. For reading Myanmar font. That u can fine in itune store the name is mmbrowser. You can read all Myanmar blog even u can see in Facebook. But can’t write.


  44. raxazh said,

    Wrote on May 14, 2011 @ 10:03 pm

    အက်ုု ကျွန်တော် သိချင်တာကတော့ အခု လောလောဆယ် ဘယ်မိုဘိုုင်းဖုန်းမဆို မြန်မာစာ သုံးနိုင်ပါသလား
    ကျွန်တော့် nokia က်ို မြန်မာစာထည့်သုုံးချင်ပါတယ်ရမလား နောက်တခြားဖုန်းတွေကော ရနိုင်ပါသလား
    စာပြန်ပေးပါနော်
    စောင့်လျက်

    Like or Dislike: Thumb up 0 Thumb down 0

  45. Dawei said,

    Wrote on June 10, 2011 @ 6:46 am

    I am going to try this plug in.
    Thank you.

    Like or Dislike: Thumb up 0 Thumb down 0

  46. Dawei said,

    Wrote on June 10, 2011 @ 8:50 pm

    I installed this in wordpress plugin folder.
    But I cannot Find this in admin/plugin folder.
    Please help me.

    Daweiport.net

    Like or Dislike: Thumb up 0 Thumb down 0

  47. ye wai yai said,

    Wrote on July 9, 2011 @ 4:58 pm

    iphone 3GS ကိုဘယ်လိုdownland လုပ်လို့ရ
    လဲဆိုတာကျေးဇူးပြုပြီးရှင်းပြပေးပါဦး နောက်တစ်အခုက Sony Ericsson Vivaz ကိုရော downland
    လုပ်လို့ရလားဆိုသိချင်ပါတယ်

    Like or Dislike: Thumb up 0 Thumb down 0

  48. Sumo said,

    Wrote on July 31, 2011 @ 12:37 pm

    I can’t download your plug in, when I download it say THE DOWNLOAD IS FAIL SAFARI CANNOT DOWLOAD THIS FILE. I download for iPad 2

    Like or Dislike: Thumb up 0 Thumb down 0

  49. Phyoe Maung Maung said,

    Wrote on August 24, 2011 @ 10:28 pm

    Bro I still cannot download the attachment and how to install or embedded from iPhone 4.Could you please tell me the way step by step.I also cannot read and write from my iPhone 4.Please reply me bro.

    Like or Dislike: Thumb up 0 Thumb down 0

  50. Phyoe Maung Maung said,

    Wrote on August 26, 2011 @ 6:15 pm

    Can u send me your explanation about mm font installation on iPhone.thank you a lot.

    Like or Dislike: Thumb up 0 Thumb down 0

  51. ုခိုုင် said,

    Wrote on August 30, 2011 @ 4:40 pm

    ဒီဘလော့ကိုု မက်ဘွတ်နဲ့ ဖတ်လိုု့ရအောင် ဘယ်လိုု လုုပ်ရမလဲဟင်…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: