Only Coward Set The Bombs!!


3 Bombs Blast At Yangon Water Festival

Photo Credit : Moemaka

ညနေကတည်းက ကြားရတဲ့ သတင်းက စိတ်ချမ်းသာစရာမရှိဘူး။ ရန်ကုန်မှာ ဗုံး ၂ လုံးပေါက်တယ် စကြားရတယ်။ နောက် ၃ လုံးလို့ ဖြစ်လာတယ်။ Death Toll က အစက ၇ ယောက် သေတယ်ကြားရတယ်။ အခုနောက်ဆုံးကတော့ လူ ၂၀၊ ၃၀ နီးပါးသေတယ်လို့ ကြားရပါတယ်။ ပြောစရာတော့ သိပ်မရှိတော့ဘူး ဒါမျိုးက လူလုပ်တာလဲ မဖြစ်နိုင်တော့ဘူး တိရိစ္ဆာန်ထက် မိုက်မဲတဲ့ ကောင်တွေပဲ လုပ်တာ။

ပွင့်ပွင့်လင်းလင်းပြောရရင် အခုဖြစ်တဲ့နေရာမဖောက်ပဲ အခြား မှာ လုပ်လို့ရတဲ့ နေရာတွေ သွားလုပ်ကြပါလား။ သတင်းစာထဲကလိုပဲ ရေးရရင် ဘာလို့ အပြစ်မဲ့တဲ့ သူတွေဆီ လာဗုံးထောင်နေတာလဲ။ သာမန် လူထုဆိုတာက ဘယ်သူမှလဲ ဗုံးမလုပ်တတ်သလို၊ ဗုံးလဲမထောင်တတ်ပါဘူး။ လုံခြုံရေး ကွပ်ကဲရေးစတဲ့ နာမည်မျိုးစုံနဲ့ ပုဂ္ဂိုလ်တွေကရော ဘာလုပ်နေကြလဲ။ VIP ပုဂ္ဂိုလ်တွေ လုံခြုံဖို့၊ နိုင်ငံရေးသမားတွေ မလှုပ်နိုင်အောင် စောင့်ကြည့်ဖို့ပဲ အဓိကလုပ်နေတာလား ပြည်သူလုံခြုံဖို့ ဆိုတဲ့ တာဝန်ကော ရှိရဲ့လား။ ဒါမျိုးတွေက ဖြစ်ပြီးရင်လာမယ် တစ်ဖက်နဲ့ တစ်ဖက် ဘောလီဘောပုတ်ကြဦးမယ်… နောက်ဆုံးတော့ အသက်ပေးလိုက်ရတာ ပြည်သူတွေပဲ..

လူမဆန်တဲ့ ဗုံးခွဲတာက အခုမှ အစမဟုတ်ဘူး အရင်ကတည်းက Yangon Trade Centre နဲ့ မြေနီကုန်း City Mart, Junction 8 မှာ လုပ်ဖူးတာက ရာဇဝင် ရှိခဲ့ပြီးသား။ အခုက သင်္ကြန်မှာ ဗုံးခွဲတာက ရာဇဝင် အသစ်ထပ်လုပ်တာ… လုပ်ပြီးရင် ကိုယ်လုပ်တာပါ ကြေငြာရဲပါ့မလား ဘင်လာဒင် တောင် လူထောင်ချီ သက်တာ ကြေငြာသေးတယ်။ သိပ်မကြေနပ်တာတွေများနေရင် အချင်းချင်းရှင်းကြစမ်းပါ။ ဆင်းရဲတဲ့ နိုင်ငံမှာ ငွေရရင် ထင်ပေါ်ကြော်ကြားမယ်၊ လိုချင်တာ အကုန်ရနိုင်လာတယ်ဆိုတော့ ငွေအတွက် လုပ်မယ့်သူတွေ ကိုယ်ကျင့်တရားပျက်တဲ့ သူတွေကတော့ မြန်မာနိုင်ငံမှာ တဖြည်းဖြည်းများလာနေတာပဲ။ ကြားထဲက ခံလိုက်ရတာက အပြစ်မဲ့တဲ့ သူတွေပဲ… စိတ်မကောင်းဘူး… လုပ်နိုင်တာဆိုလို့ ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့တယ်….

ဗုံးကွဲတဲ့နေရာက ဓာတ်ပုံတွေ အရကြည့်ရတာ ကန်တော်ကြီး ကရဝိတ် ဘက်ကို ဝင်ပေါက်အရှေ့တည့်တည့်က သိမ်ဖြူကားမောင်းသင်ကွင်းကို ကျောပေးပြီး ဆောက်ထားတဲ့ X2O မဏ္ဏပ်မှာ ကွဲခဲ့တာပါ။ အရင်နှစ်တွေက အင်းလျားလမ်းမှာ လုပ်ကြတဲ့ မဏ္ဏပ်တွေက ဒီနှစ်မှစပြီး ကန်တော်ကြီး ပတ်လမ်းဘက်ကို စရွေ့ကြတာပါ။ သင်္ကြန်မှာ ဒါမျိုးဖြစ်ရတယ်ဆိုတော့ လူငယ်တွေ၊ ကျောင်းသားအရွယ်တွေပဲ ထိခိုက်ကြလိ့မ်မယ်ထင်ပါတယ်။ အတက်နေ့မှာတော့ အခြားမြို့တွေကော အားလုံး အန္တရာယ်ကင်းဖို့ ဆုတောင်းပါတယ်။

ဒီကြားထဲ ကိုညီလင်းဆက် blog မှာ comments သွားဖတ်ဖြစ်လိုက်သေးတယ်.. အနှီပုဂ္ဂိုလ်တွေက ဆဲကြဆိုကြ၊ တစ်ဖက်နဲ့ တစ်ဖက် ရန်ဖြစ်ကြ၊ spamming လုပ်ကြ၊ ဝါဒဖြန့်တဲ့သူက ဖြန့်တယ်… ဆရာကြီး စတိုင်နဲ့ လက်တွေ့ဘာမှမသိ ဘာမှမမြင်ပဲ ဝေဖန်သုံးသပ်တဲ့သူနဲ့ တကယ်တမ်း သူတို့ ဗုံးပေါက်တဲ့ အနားရှိရင် အရင်ဆုံး ပြေးကြမယ့်သူတွေ… အထဲမှာ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းပြောမယ့်သူ၊ သွေးလှူဖို့ ပြောတဲ့သူက ဆယ်ယောက်တောင် မပြည့်ဘူး။ အရေးထဲမှာ သူများဆီက ဓာတ်ပုံကို ပေါ်တင်ကူးချ၊ စာကူးချတဲ့သူတွေနဲ့ credit မထည့်ပဲ သူပဲ ပြေးပြီး သတင်းယူထားသလိုလို blog တွေကလဲ မနည်းဘူး။

ဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းမိပါတယ်။ နှစ်ဟောင်းရဲ့ နောက်ဆုံးရက်တွေကတော့ သွေးစွန်းသွားပြီ… ပြည်သူအားလုံးပဲ နှစ်သစ်မှာ အန္တရာယ်ကင်းဖို့ ဆုတောင်းပါတယ်။

Read More Detail News





Related Posts

3 Comments so far »

  1. Sad said,

    Wrote on April 16, 2010 @ 3:38 am

    So far both sides are pointing fingers each others. We don’t even know who are responsible for the attacks. Whoever they are, that’s a clear foul to all of us. Really sad, R.I.P to those innocent victims.

    Like or Dislike: Thumb up 0 Thumb down 0

  2. သွယ်လင်းဆက် said,

    Wrote on April 16, 2010 @ 7:58 am

    သိသိချင်း ဘယ်လိုကြီးဖြစ်သွားလဲမသိဘူးဗျာ။ ကျွဲနှစ်ကောင်ခတ်ရင် ကြားထဲကမြေဇာပင်ပဲနာတယ်ဆိုသလိုများ ဖြစ်နေကြပြီးလားဗျာ။

    Like or Dislike: Thumb up 0 Thumb down 0

  3. mtk20100 said,

    Wrote on April 16, 2010 @ 2:27 pm

    Deeply sorry for those who lost their lives in this bombing.
    Wishing all injured to get well soon and our prayers be always with them.
    The act of attacking unguarded innocent civilians is very coward, wicked and inhuman. Everyone should condemn it in any ways.
    No matter whatever reason behind this attack or whoever did this, we want those culprits to be brought to the justice and be punished quickly. This is the duty & responsibility of relevant authority to get these criminals by any means.

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: