Opera Mini Browser for iPhone Available Now!!


Opera Mini for iPhone!!

Opera Mini browser ကို ဒီနေ့ မနက်ပဲ App Store (US Store) မှာ free download ယူလို့ ရပါပြီ။ Opera ကနေ ဒီ browser ကို iPhone အတွက် submit အရင်လကတည်းက လုပ်ထားတာပါ အချိန်တော်တော် ကြာနေတော့ Apple ရဲ့ policy နဲ့ ညှိပြီး denied အလုပ်ခံရပြီတောင် မှတ်ထားတာ။ Apple က အရင် Google Voice App ကိုလဲ reject လုပ်တယ် နည်းပညာကောင်းနေရင် လက်ရှိ သူတို့ market ကို ထိခိုက်မယ်ဆို သူတို့ ပေါ်လစီက reject လုပ်လေ့ရှိတော့ Opera လဲပါသွားပြီမှတ်တာ။ Opera mini က server မှာ rendering လုပ်တဲ့ နည်းပညာ သုံးတော့ ထိများသွားပြီ လားလို့။

Opera Mini

စောစောကပဲ Opera mini ကို US Store ကနေ သွင်းဖြစ်တယ် အခြား နိုင်ငံတွေမှာ တစ်ချို့ store တွေမှာ မရသေးဘူးလို့ ပြောကြတယ်။ နာရီပိုင်းလောက်နေရင်တော့ အားလုံး အတူတူပြန်ရမှာပါ။ Opera mini သုံးကြည့်တော့ ပထမဆုံး သတိထားမိတာ loading speed အရမ်းမြန်လွန်းပါတယ်။ Safari နဲ့ ဘာမှ မဆိုင်ပါဘူး နောက် အခြား iPhone browser တွေနဲ့ လဲ ဘာမှ မဆိုင်အောင် မြန်တယ်။ App Store ထဲက အခြား browser တွေရှိပေမယ့် အဲဒါတွေက Native Safari ကိုပဲ နဲနဲလေးပြင် အပေါ်ယံသထားတာတွေ ပါပဲ။ ကျန်တာ အကုန်တူတယ်။ Opera mini ကတော့ ခွဲထွက်ထားတယ် သူက sever side rendering လုပ်တယ်။ အဲဒီလို လုပ်ထားတော့ loading time အရမ်းမြန်တာပါ တစ်ခုပဲ မေးစရာရှိတာက Opera servers တွေမှာ rendering လုပ်တာဆိုတော့ security ကောင်းရဲ့လား bank account လိုမျိုးတွေ ဖွင့်ကြည့်တာ အတွက်ဆိုရင်တော့ ကျွန်တော်သာဆိုရင် Safari ပဲပြန်ပြောင်းသုံးမိမယ်။ စာဖတ်ရုံ သတင်းဖတ်ရုံဆိုရင်တော့ Opera က ကောင်းပါတယ်။

Opera Mini iPhone Opera mini ကလဲ အလိုလျောက် mobile version page ကို သွားပါတယ်။ နောက် double tap လုပ်ပြီး zoom ဆွဲပြီး စာဖတ်လို့ရတယ်။ တစ်ခုရှိတာက ကျွန်တော် အထင်မမှားရင် Opera မှာ web page ကို full screen ကြည့်ရင် image တွေ အနေနဲ့ လာပြနေတယ်လို့ သတိထားမိတယ်။ ဘာလို့လဲဆိုတော့ full screen မှာ စာလုံးတွေ ဖတ်လို့ မရဘူး။ Safari မှာဆိုရင် full screen ကြည့်ရင် စာလုံးတွေကို rendering ပြန်လုပ်ပြီး ဖတ်လို့ရအောင် adjust လုပ်ပေးတယ်။ နောက် CSS3 တချို့ အလုပ်မလုပ်ဖူး ဥပမာ rounded corner တွေ မသိဘူး ဒါက desktop version မှာလဲ မသိဘူး။ နောက် Myanmar Font Embedder လဲ အလုပ်မလုပ်ဖူး ဆိုတော့ .svg font support မလုပ်တဲ့ သဘောပါပဲ။

Opera Miniကြိုက်တာတစ်ခုက အခြား browser တွေနဲ့ မတူပဲ Find in Page ဆိုတာပါလို့ ကိုကြည့်ချင်တဲ့ စာလုံး page ထဲမှာ အမြန်ရှာလိုက်လို့ ရတယ်။ History ပါတယ်။ နောက် Start Page မှာ Top Site တွေပြပေးတယ်။ Password remember လုပ်လို့ရတယ် Bookmarks တွေ လုပ်လို့ရတယ် နောက် save pages ဆိုပြီးပါသေးတယ်။ လောလောဆယ်တော့ ကျွန်တော် Safari ကို dock ကနေဖြုတ်ထားပြီး Opera mini တင်ထားလိုက်တော့မယ် loading မြန်တာက အကြိုက်ဆုံးဖြစ်နေပြီ။ မြန်မာစာ အတွက်ကတော့ documentation ဖတ်ပြီးရင် plug in ကို ပြန် update လုပ်ပေးပါ့မယ်။ အခုတော့ App Store ကနေ free သွင်းထားနိုင်ပါပြီ။ Have A Nice Day!!





Related Posts

2 Comments so far »

  1. Nyan Min said,

    Wrote on April 13, 2010 @ 11:58 am

    Wow, your post is faster than Techmeme! Even more impressive not just one line break news but full analysis. You really are a tech savvy. Keep it up, buddy.

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar said,

    Wrote on April 15, 2010 @ 2:48 am

    Thanks a lot for your comment… I hope I can blog more real-time posts too. Thanks =D

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: