17 Apr, 2010

Ning မှာ free လုပ်ထားတဲ့ social networks အားလုံးကို CEO အသစ်ပြောင်းသွားပြီးတဲ့ နောက် မနေ့က ကြေငြာ တယ် free တွေအကုန်ဖျက်တော့မယ်လို့ တရားဝင်ပြောလိုက်ပြီ။ ဆိုတော့ လက်ရှိ Ning ဆိုဒ်တွေ ဘယ်လိုရွေ့ကြမလဲတော့ မသိဘူး။ MyanmarITPros, MyanmarLensMen တွေကတော့ Premium Sites တွေမို့ အဖျက်ခံရမှာ မဟုတ်ပါဘူး။ အခြား xxxx.ning.com တွေကတော့ အကုန်ဖျက်ခံရလိမ့်မယ် မဖျက်ခင် အခြားရွေ့ဖို့ လိုလာပြီ။ ဒီနေ့ Tech Crunch မှာဖတ်မိတဲ့ သတင်းလေးပြန်တင်ထားလိုက်ပါတယ်.. Grou.ps, Grouply free Social Network Hosting တွေက Ning Refugees တွေကို ကြိုဆိုတယ်ဆိုပဲ။ ဘာရယ်မဟုတ်ပါဘူး Ning Refugees ဆိုတာလေး သဘောကျလို့ ပြန်တင်လိုက်တာ.. =D
16 Apr, 2010

Final Fantasy Game Series တွေနဲ့ နာမည်ကြီးတဲ့ Square Enix company ရဲ့ iPhone ဂိမ်းသစ် Chaos Rings ကို နောက်အပတ်လောက်မှာ App Store မှာ ရတော့မယ်လို့ Official SquareEnix facebook မှာ ဖတ်ရပါတယ်။ Trailer ကိုလဲ အောက်မှာ ကြည့်လို့ရပါတယ်။ ဒီဂိမ်းက trailer ကြည့်ရတဲ့ ပုံအရတော့ အရင် iPhone အတွက် လုပ်ခဲ့တဲ့ Final Fantasy 1, 2, Crystal Defenders, Vanguard စတဲ့ ဂိမ်းတွေထက် ရုပ်ထွက်ကောင်းပါတယ်။ 3D ပုံရတယ်..
Read the rest of this entry »
16 Apr, 2010

Photo Credit : Moemaka
ညနေကတည်းက ကြားရတဲ့ သတင်းက စိတ်ချမ်းသာစရာမရှိဘူး။ ရန်ကုန်မှာ ဗုံး ၂ လုံးပေါက်တယ် စကြားရတယ်။ နောက် ၃ လုံးလို့ ဖြစ်လာတယ်။ Death Toll က အစက ၇ ယောက် သေတယ်ကြားရတယ်။ အခုနောက်ဆုံးကတော့ လူ ၂၀၊ ၃၀ နီးပါးသေတယ်လို့ ကြားရပါတယ်။ ပြောစရာတော့ သိပ်မရှိတော့ဘူး ဒါမျိုးက လူလုပ်တာလဲ မဖြစ်နိုင်တော့ဘူး တိရိစ္ဆာန်ထက် မိုက်မဲတဲ့ ကောင်တွေပဲ လုပ်တာ။
Read the rest of this entry »
15 Apr, 2010

Slash ရဲ့ နှစ်ချီကြာတဲ့ Solo Album အသစ်ထွက်ပါပြီ။ Slash ဆိုတာ ဘယ်သူလဲမသိသေးတဲ့ သူတွေ အတွက် မိတ်ဆက်ပေးရရင် ကွဲသွားတဲ့ Guns N Roses အဖွဲ့က lead guitarist ဖြစ်ပါတယ်။ လက်ရှိ Velvet Revolver အဖွဲ့မှာ ဂစ်တာတီးပါတယ်။ Guitar Hero 3 မှာ Boss အနေနဲ့ပါပါတယ်။ Michael Jackson Grammy ဆုရတုန်းက Black Or White မှာ solo ဝင်တီးဖူးတာ မှတ်မိမလားမသိဘူး။ သူ့ပုံက မှတ်မိလွယ်ပါတယ်… ဆံပင်စုတ်ဖွားနဲ့ကိုမှ အပေါ်က မျက်လှည့်ဆရာလိုလို ဦးထုပ်အမြဲဆောင်းလေ့ရှိပါတယ်။ ဂစ်တာက Gibson Les Paul ပဲအမြဲ ကိုင်တယ်။ လက်မှာ ကျွန်တော်လိုပဲ steel လက်ကောက်တွေ စွတ်ထားတယ် =P တစ်ခါတစ်လေ cigar ခဲထားတတ်တယ်။
Read the rest of this entry »
15 Apr, 2010

Wallpaper Pack တစ်ခု DeviantArt မှာ တင်ဖြစ်တယ်။ Fun with Doodle လို့ပဲ နာမည်ပေးထားလိုက်တယ်။ ဘာလို့လဲဆိုတော့ လျောက်ခြစ်ထားတဲ့ ကာတွန်းရုပ်တွေ မို့ပါ။ လျောက်ခြစ်ရင်းနဲ့ Japanese Cartoon တွေရဲ့ facial expressions ပါ လေ့ကျင့်ရင်း လုပ်ထားတာမို့ပါ။ အရုပ်တွေကတော့ အရောင်တွေ လျောက်ချယ်ထားတယ်။ နောက် လူပုံနဲ့တွဲထားလိုက်တော့ တစ်မျိုးဆန်းသွားတယ်ထင်လို့။ Wallpaper Pack ကို Download လုပ်ယူနိုင်ပါပြီ။ iPhone, 800×600 ကနေ HD TV, 27 inch iMac အထိပါပါတယ်။ Have Fun!!
14 Apr, 2010

You can watch Twitter Conference San Francisco Live Now @ Justin.tv. Best thing is you don’t need to pay 400+$ to attend that Conference =P. Now Twitter CEO @ev is talking about Twitter Users Around the World. Today Twitter will introduce “Promoted Tweet“… And Of course, “Twitter for iPhone App” (former Twittie 2).
Read the rest of this entry »
13 Apr, 2010

Opera Mini browser ကို ဒီနေ့ မနက်ပဲ App Store (US Store) မှာ free download ယူလို့ ရပါပြီ။ Opera ကနေ ဒီ browser ကို iPhone အတွက် submit အရင်လကတည်းက လုပ်ထားတာပါ အချိန်တော်တော် ကြာနေတော့ Apple ရဲ့ policy နဲ့ ညှိပြီး denied အလုပ်ခံရပြီတောင် မှတ်ထားတာ။ Apple က အရင် Google Voice App ကိုလဲ reject လုပ်တယ် နည်းပညာကောင်းနေရင် လက်ရှိ သူတို့ market ကို ထိခိုက်မယ်ဆို သူတို့ ပေါ်လစီက reject လုပ်လေ့ရှိတော့ Opera လဲပါသွားပြီမှတ်တာ။ Opera mini က server မှာ rendering လုပ်တဲ့ နည်းပညာ သုံးတော့ ထိများသွားပြီ လားလို့။
Read the rest of this entry »
13 Apr, 2010

အခုပြီးသွားတဲ့ 11 ရက်နေ့ ညနေက Myanmar IT Pro.com Singapore Thin Gyan Gathering ကို သွားခဲ့ပါတယ်။ MyanmarITPro.com က members တွေ အများကြီးဆုံဖြစ်ကြပါတယ်။ ညနေ ၄ ခွဲလောက်ကနေ စလိုက်ကြတာ ည ၉ နာရီလောက်မှ သိမ်းဖြစ်တယ်။ စကားတွေ အများကြီး ပြောဖြစ်ကြတယ် မုန့်တွေ အများကြီး၊ အကင်တွေ အများကြီး စားဖြစ်ကြတယ်။ မယုံရင် အောက်ဖက်မှာ သက်သေပုံတွေ ရှိပါတယ် =P
Read the rest of this entry »
13 Apr, 2010

Movie အသစ် trailer ကြည့်မိလို့ ပြန်တင်တာပါ။ Umbrella Corporation ရဲ့ virus ပြသနာ အကြောင်း ရိုက်ထားတဲ့ Resident Evil ကားပါ။ အခုကတော့ အပိုင်း ၄ ရောက်သွားပြီး Afterlife လို့ နာမည်ပေးထားတယ်။ အရင် Alice သရုပ်ဆောင်တဲ့သူပဲ ပြန်ပါပါတယ်။ အခုက အပိုင်း ၄ ဆိုတော့ တကယ့် ဂိမ်းသာဆိုရင်တော့ PS2 version ဖြစ်သွားပြီပေါ့။
Read the rest of this entry »
9 Apr, 2010

Apple iPhone OS Version 4.0 Developer Preview ကတော့ စောစောကပဲပြီးသွားပါပြီ။ အဲဒီမှာ Steve ပြောသွားတဲ့ Apple ရဲ့ iAd Advertisement Platform icon တွေ့မိတာနဲ့ ပွဲပြီးပြီးချင်းပဲ photoshop နဲ့ icon set တစ်ခုလုပ်လိုက်ပါတယ်။ .PNG format သုံးပြီး Standard အချိုး size တွေ ပါပါတယ်။ ကျွန်တော့် deviantArt မှာ Download လုပ်ယူနိုင်ပါပြီ။ 4.0 Preview ကတော့ နောက်ရက်မှ ရေးပါတော့မယ် အခုတော့ အိပ်တော့မယ် Good Night!!