Slash ~ Slash 2010 Guitar Solo Album

Slash ရဲ့ နှစ်ချီကြာတဲ့ Solo Album အသစ်ထွက်ပါပြီ။ Slash ဆိုတာ ဘယ်သူလဲမသိသေးတဲ့ သူတွေ အတွက် မိတ်ဆက်ပေးရရင် ကွဲသွားတဲ့ Guns N Roses အဖွဲ့က lead guitarist ဖြစ်ပါတယ်။ လက်ရှိ Velvet Revolver အဖွဲ့မှာ ဂစ်တာတီးပါတယ်။ Guitar Hero 3 မှာ Boss အနေနဲ့ပါပါတယ်။ Michael Jackson Grammy ဆုရတုန်းက Black Or White မှာ solo ဝင်တီးဖူးတာ မှတ်မိမလားမသိဘူး။ သူ့ပုံက မှတ်မိလွယ်ပါတယ်… ဆံပင်စုတ်ဖွားနဲ့ကိုမှ အပေါ်က မျက်လှည့်ဆရာလိုလို ဦးထုပ်အမြဲဆောင်းလေ့ရှိပါတယ်။ ဂစ်တာက Gibson Les Paul ပဲအမြဲ ကိုင်တယ်။ လက်မှာ ကျွန်တော်လိုပဲ steel လက်ကောက်တွေ စွတ်ထားတယ် =P တစ်ခါတစ်လေ cigar ခဲထားတတ်တယ်။
အခုက သူ့အခွေကို iTunes မှာလဲ ဝယ်လို့ရပါတယ်။ သီချင်း 14 ပုဒ်ပါပြီး featuring ဝင်ဆိုပေးထားတာတွေက Ozzy Osbourne, M.Shadow (Avenged Sevenfold), Kid Rock, Chris Cornell (AudioSlave), Beth Hart, Adam Levine (Maroon 5), Cypress Hill, Fergie (Black Eye Peas) စတဲ့ နာမည်ကြီးတွေ ပါတယ်။ အထဲမှာ Guns N Roses တုန်းက Paradise City ကို Fergie, Cypress Hill တို့နဲ့ version အသစ်ပြန် ဆိုထားတာ တော်တော်ကောင်းပါတယ်။ Fergie က rock တွေရမယ်လို့လဲ ထင်မထားဘူး။ Guitar Riff မှာ ကြိုက်တာက M.Shadow ဆိုထားတဲ့ Nothing To Say က ဂစ်တာသံကော solo ကော ရေလည်ကြိုက်တယ်။ Chris Cornell သီချင်းကတော့ အသံကြားတာနဲ့ ဘယ်သူဆိုလဲ မှတ်မိနိုင်တယ်။ Ozzy သီချင်းကတော့ အေးသလိုလိုနဲ့ fx သံတော်တော်မိုက်တယ် Ozzy သီချင်းမို့ထင်တယ် Slash က Zakk Wylde သုံးတဲ့ အသံမျိုးချိန်ထားတာဖြစ်မယ်။

အခွေက ဒီနှစ်ထဲမှာ ကျွန်တော့်အတွက် အကောင်းဆုံး အခွေလို့ ပြောလို့ရမယ်ထင်တယ်။ Slash တီးတတ်တဲ့ blue လို solo သံကလဲ နားမထောင်ရတာ ကြာပြီဆိုတော့။ လက်ရှိ ex-band Guns N Roses ကတော့ YouTube မှာ နှစ်စလောက်က ကြည့်ဖြစ်သေးတယ်။ Night Train ကို ဂစ်တာသမား ၄ ယောက်က လုတီးနေတာများ ဘာသံမှ နားထောင်မရဘူး။ တော်တော်ကို ဆိုးဆိုးဝါးဝါးတွေဖြစ်နေတာနဲ့ နောက်ပိုင်း GNR တောင် ဘာသီချင်းမှ နားမထောင်တော့ဘူး။ လောလောဆယ်တော့ Paradise City သီချင်း အသစ်နဲ့ ဓာတ်ကျနေတယ် စာသားကလဲ ကောင်းတယ်လေ.. နောက် ဂစ်တာသံကလဲ အရေတွေ အဖတ်တွေကြောင့် အရင် 80 ခေတ်က ကူးတာထက်ပိုကောင်းလာတယ်။ Version ကတော ၂ မျိုးလုံး ကောင်းတယ်.. ဒါကြောင့် ၂ မျိုးလုံး နားထောင်ဖြစ်တယ်…. လောလောဆယ်တော့ အောက်ဖက်မှာ M.Shadow ဆိုထားတဲ့ Nothing To Say သီချင်းတင်ထားပါတယ်.. Flash player မို့ RSS Reader တွေမှာတော့ အလုပ်လုပ်မယ် မထင်ပါဘူး.. blog page ကို လာနားထောင်မှ ရပါလိမ့်မယ်… Have A Nice Day!!
“Take Me Down To The Paradise City, Where The Grass is Green, Girls Are Pretty!!…”
| slash – 11 – nothing to say .mp3 | ||
|
||
![]() | Found at bee mp3 search engine | ![]() |



သွယ်လင်းဆက် said,
Wrote on April 15, 2010 @ 3:40 pm
စိမ့်နေတာပဲဗျို့။ Slash လည်းကြိုက် ASF လည်းကြိုက်ဆိုတော့။ ကျေးဇူး။
Like or Dislike:
0
0
Nyan Min said,
Wrote on April 16, 2010 @ 12:41 am
I’m a fan of Slash and the Old GNR used to be my favorite band. By the way isn’t that ‘Beautiful Dangerous’ that Fergie sings.
http://en.wikipedia.org/wiki/Slash_(album)
Like or Dislike:
0
0
Nyan Min said,
Wrote on April 16, 2010 @ 12:51 am
My mistake, ‘Paradise City’ is not in the standard edition, but in the other versions. Do you think Slash can make it through Top 10? Nowadays, rock are heavily beaten by R&B and Pop music.
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on April 16, 2010 @ 3:03 am
@ သွယ်လင်းဆက် ~ Thanks a lot for your comment… I hope you will like it \m/
@ Ko Nyan Min ~ Slash Album is now No.11 on iTunes Most Sold Albums. I hope it can reach top soon..
Like or Dislike:
0
0
Slash : Slash | Myanmar Mp3 Album said,
Wrote on April 18, 2010 @ 6:34 pm
[...] The new album out by former Guns n Roses Guitarist Slash which includes a good list of special apperances Album details [...]
Like or Dislike:
0
0
Sein Aung Min said,
Wrote on April 18, 2010 @ 9:48 pm
Fergie sounds like Pink in ‘Paradise City’. Anyway her vocal really match with Rock!
Like or Dislike:
0
0