Swatch CreArt ~ for Inspiration!!

Swatch လက်ပတ်နာရီ ကြော်ငြာ ဒီနေ့ ထပ်ခါထပ်ခါ ကြည့်မိတယ်။ စိတ်ဝင်စားစရာကောင်းအောင် လဲလုပ်ထားတယ်.. animation လဲ အရမ်းကောင်းလို့ပါ။ နောက်ဒီရက်တွေမှာ handdrawn characters, vibrant colors တွေပဲ ကြည့်မိနေတာလဲ ပါလိမ့်မယ်။ 3D animation တွေပဲ ကြည့်ဖြစ်နေတာလဲပါတယ်။ Denmark က studio အသေးလေး Thank You ဆိုတာကနေ လုပ်ထားတာပါ။
Thank You ဆိုတာ အခုမှ ကြားဖူးပေမယ့် သူ့ clients တွေကြည့်လိုက်တော့ MTV, Adobe, Swatch လိုမျိုးတွေ အထိပါတော့ နယ်နယ်ရရတော့ မဟုတ်ဘူး။ Behance မှာလဲ နာမည်ကြီးပါပဲ။ လောလောဆယ်တော့ သူတို့ရဲ့ Swatch နာရီ ကြော်ငြာတွေ ကြိုက်နေတယ်.. အခုအောက်မှာလဲ တင်ထားလိုက်ပါတယ်။ ဒီကြော်ငြာတွေ ကြည့်လို့ ကြိုက်တယ်.ဆိုရင်တော့ သူတို့ Site မှာ အခြား projects တွေ ထပ်ကြည့်ပြီး အားကျ သရေယို နောက်ဆုံး ကိုယ့်ကိုကိုယ် စိတ်ပျက် စိတ်ဓာတ်ကျ နိုင်ကြပါပြီ… =P



Maverick said,
Wrote on April 20, 2010 @ 1:16 am
ကျွန်တော့်ဘဝမှာ ကြှောငြာတစ်ခုကိုဒီလောက် animation နဲ့သေသေချာချာ ကြှောငြာတာ ဒီတစ်ခုပဲတွေ့ဖူးသေးတယ်ဗျာ။ animation က over ကောင်း။ ဒာကတော့ ကျွန်တော့် အမြင်ပော့။
Like or Dislike:
0
0