The Clash Between God And Titan
ဒီနေ့ Clash Of The Titan ဆိုတဲ့ ကားကို ပိုက်ဆံ သိပ်မရှိဘဲ သွားကြည့်ဖြစ်တယ်။ 3D နဲ့ ကြည့်ဖြစ်ပါတယ်.. ဒီကားကို ရုံတင်တာက 1 ရက်နေ့က စတင်တာပါ 2 ရက်နေ့မှာ ကြည့်ဖြစ်ခဲ့တာပါ။ ဒီမှာသာ ၁ ရက်နေ့ကတည်းက ရုံတင်ပေမယ့် US မှာ ၂ ရက်နေ့မှ စတင်ပါတယ်။ မင်းသားက Avatar ထဲက မင်းသား Sam Worthington ပါပဲ။ ဒီကားကို အရင်နှစ်ကုန်ခါနီးလောက်ကတည်းက trailer ကြည့်ပြီးကတည်းက ကြည့်ချင်နေတာ။ ဘာလို့လဲဆိုတော့ Greek ဒဏ္ဏာရီကို အခြေခံထားလို့ပါပဲ။
Clash of the Titan Trailer from tomigoi on Vimeo.
ဒီကားမျိုးက PS2 God Of War, Warcraft, iPhone က Titan ဂိမ်းတွေ ဆော့ဖူးထားရင် နာမည်တွေ ဇာတ်ကောင်တွေကို သိပ်စိမ်းမှာ မဟုတ်ပါဘူး။ ကြော်ငြာကြည့်ကတည်းက ဒီကားကို စိတ်ဝင်စားမိတယ် ဘာလို့လဲဆိုတော့ အရင် ကားအဟောင်းကို ငယ်ငယ်တုန်းက ကြည့်ဖူးတာမို့ပါ။ အဲဒီ ကားအဟောင်း ကလေးဘဝက ကြည့်ပြီးကတည်းက မြင်းပျံအဖြူကြီးဆိုရင် ရုပ်ရှင်ကြည့်တိုင်း အစမှာပြတဲ့ Warners Brother ထင်တယ် အဲဒီမြင်းပျံကြီး မြင်တိုင်း သတိရတယ်။ နောက် ငယ်ငယ်ကမို့ထင်တယ် အစမှာပြတဲ့ မိန်းမကြီး ကို အခေါင်းထဲ အရှင်ထည့်ပြီး ရေထဲချပစ်တာကို သတိရနေတယ်။ အရင်ကား အဟောင်းကတော့ MGM ကရိုက်ခဲ့တာပါ အခု အသစ်က Warners Brothers က ရိုက်ပါတယ်။
ဇာတ်ကား အသစ်က အရင်ကား အဟောင်းနဲ့ မတူတာက ဇာတ်လမ်းနဲနဲ ကွဲသွားတာပါ… မင်းသားရဲ့ ပထွေးခေါ်ရမလားပဲ အဲဒီ တစ်ယောက်က ဒီကားထဲမှာ မိုးကြိုးအပစ်ခံရပြီး ရုပ်ဆိုးကြီး ဖြစ်သွားတယ်။ အရင်ကား အဟောင်းမှာ အပစ်မခံရဘူး။ ဒီကားထဲမှာ မင်းသား နောက်ဆုံး ကြိုက်သွားတာက guardian angel နဲ့ ဖြစ်သွားတယ်။ အရင်ကား အဟောင်းမှာက ဘုရင့် သမီးနဲ့ ငြားခဲ့တာပါ။ နောက် နှစ်က ၂၀ လောက်ကွာသွားလို့ ထင်တယ် အရေတွေ အဖတ်တွေ က ဘာမှမဆိုင်အောင် ကွာပါတယ်။ အရင်ကား အဟောင်းကို YouTube မှာ ပြန်ကြည့်တော့ အခုချိန်ရောက်တော့ stop motion video လိုလို effect တွေဖြစ်နေတာမျိုးဖြစ်သွားပြီ မြင်းပျံတွေ အကောင်တွေဆိုလဲ မပီပြင်သလိုလို ကြီးဖြစ်သွားတယ်။ နည်းပညာ ကွာသွားပြီကိုး။
လောလောဆယ်တော့ ကြိုက်နေတာက အဲဒီကားရဲ့ poster တွေပါပဲ။ ရထားဘူတာတွေမှာလဲ တွေ့နိုင်ပါတယ်။ အပေါ်ဆုံးက ပုံကို ကြည့်မယ်ဆိုရင် အနုပညာ အရပါ အတော်ကြည့်ကောင်းတာပါ။ Golden ratio ကို အသေအချာ သုံးပြထားတယ်.. နောက် မင်းသား၊ မင်းသမီး၊ မြင်းပျံစတာတွေက perspective ရှိနေတော့ ပုံကြည့်ရတာကိုက အားရှိသလို ခံစားရတယ်။ နောက် မြေမခေါင်းကို ဖြတ်ကိုင်ထားတဲ့ပုံဆိုလဲ အချိုးကျတာကို တွေ့ရပါလိမ့်မယ်။ ကြိုက်တဲ့ အထဲမှာ မဆိုင်တာကို ပါထည့်ပြောရရင် အဲဒီကားထဲက guardian angel မင်းသမီးကို လဲ တော်တော်ကြိုက်ပါတယ်။ အသံလဲကောင်းတယ် ရုပ်ကလဲ အပြစ်ပြောစရာမရှိ။ အသံကား ကြားလိုက်တာနဲ့ တန်းသိသာတယ် Prince Of Persia ထဲက မင်းသမီးဆိုတာ.. ဒါနဲ့ အိမ်ရောက်တာနဲ့ မင်းသမီး နာမည်တန်းရှာတော့တာပဲ။ Gemma Artenton လို့ခေါ်ပါတယ်.. နောက်ထွက်လာမယ် Prince Of Persia ကားထဲမှာလဲ တွေ့ရဦးမှာပါ။ ဒီကြားထဲ movie mistake တစ်ခုတောင် တွေ့လိုက်သေးတယ် မင်းသား က Medusa (မြွေမ) ခေါင်းဖြတ်ပြီး အပြင်မှာ သူ့ ပထွေး နဲ့ ထပ်ချပြီး ခေါင်းထုတ်ထားတဲ့ အဝတ်ကောက်ကိုင်တယ် နောက်ထပ် ဆက်တိုက် ပြကွက်မှာ ဓားကို လှည့်ထည့်လိုက်တဲ့ အချိန်မှာ ဘယ်ဘက်လက်ထဲမှာ ခေါင်းထည့်ထားတဲ့ အထုပ်ကိုင်မထားတာကို တွေ့ရတယ်။ အောက်ပုံမှာ ကြည့်ပါ ကျွန်တော် အမှတ်မှားတာမျိုးလဲ ဖြစ်နိုင်ပါတယ်လေ။

ဇာတ်ကားကကောင်းပါတယ် iTunes နဲ့ TV မှာလာနေတဲ့ trailer ကြည့်ပြီး 3D မှာဆို မိုက်မယ်ထင်ပြီး သွားကြည့်မိတာ မှားပါတယ်။ 3D မှာ လုံးဝ ကြည့်မကောင်းပါဘူး။ ဇာတ်ကားက 3D ကင်မရာ သုံးပြီး ရိုက်ထားတာမျိုး မဟုတ်ပါဘူး ပြီးမှာ ကွန်ပျူတာနဲ့ 3D ပြန်ခွဲယူထားတာမို့ 3D နဲ့ကြည့်လဲ 2D ရုပ်ထွက်ပါပဲ။ ထူးထူးခြားခြား 3D ထဖြစ်နေတာကတော့ Computer Generate လုပ်ယူပြီးထည့်ထားတဲ့ အောက်ဖက်က တရုတ်စာတန်းကြီးပါပဲ။ နောက် ထူးထူးခြားခြား 3D မြင်ရတာဆိုလို့ နောက်ဆုံး အပြီး စာတန်းထိုးတော့မှ သိသိသာသာ မြင်ရပါတယ်။ အရင်တစ်ခေါက် Avatar သွားကြည့်တုန်းကလို ၂၀ ရာစု မြေခွေး စာတန်းကြီးကိုပဲ 3D နဲ့ သိသိသာသာ မြင်လိုက်ရတာမျိုးပါပဲ။ 3D မျက်မှန်က တပ်လိုက်ရင် အရောင်တောင်မွဲပြီး မှောင်သွားသေးတယ်။ အချိန်ရရင်တော့ 2D နဲ့ နောက်တစ်ခေါက်ပြန်ကြည့်ပါဦးမယ်။ နောက် ရုံးက သူဌေးက တစ်ရုံးလုံး ဒီကားကလို လိုက်ပြပေးဦးမယ်ဆိုတော့ ပိုက်ဆံတော့ မကုန်ပဲ ကြည့်ရဦးမယ်ထင်တယ်။ ဇာတ်ကားက လက်ရှိ ရုံတင်နေတဲ့ ကားတွေထဲမှာ တော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ကားလို့တော့ ပြောလို့ ရတာမို့ အားရင် 2D နဲ့ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ လောလောဆယ်တော့ Prince Of Persia ကို ဆက်စောင့်လိုက်ပါဦးမယ် Have A Nice Day!!






သွယ်လင်းဆက် said,
Wrote on April 3, 2010 @ 5:14 am
3D ကောင်းကောင်း ကြည့်မယ်အားခဲထားတာ။ မကောင်းဘူးဆိုပေမဲ့သေချာအောင် သွားကြည့်ဦးမယ်။ ကိုထူးတေဇာပြောသလိုမျိုးဆိုရင်တော့ 2D နောက်တစ်ခေါက်ပေါ့။ Movie Mistake ကတော့ရှာမကြည့်ချင်ဘူး။ ဖီလ်းပျက်လို့။ ဇါတ်ကားထွက်ပြီးမှပဲ Movies Mistake Site မှာပြန်ကြည့်ပြီး ပြုံးတာပဲကောင်းတယ်။
Like or Dislike:
0
0
ဖြိုးစကီး said,
Wrote on April 3, 2010 @ 1:06 pm
ကြည့်ချင်ပါသည်။
ကော်ပီအကြည်ထွက်တဲ့အခါ…
Like or Dislike:
0
0
ZawPhyoWai said,
Wrote on June 15, 2010 @ 3:03 pm
Original DVD ထွက်လာပါပြီ.. ဒါပေမဲ့ မကြည်ပါ.. လုပ်စားသည်ထင်ပါသည်..။ DVD 5 အဆင့်တောင်မရှိပါ….
အော်… တရုပ်..တရုပ်..
Like or Dislike:
0
0