Tip For Using Graphic Tablet

Graphic Tablet တွေသုံးကြတဲ့ အထဲမှာ အဓိက အများဆုံးသုံးကြတဲ့ ရည်ရွယ်ချက်က analog ကရတဲ့ result မျိုးကို digitize အလွယ်တကူ လုပ်ချင်တာက အရေးကြီးတဲ့ အချက်ပါပဲ။ တချို့ကလဲ outline လိုမျိုးဆွဲဖို့ သုံးကြတယ်။ အဲဒီအတွက်ကတော့ သာမန်အနေနဲ့ သိပ်မလိုပါဘူး အရင်ကဆို ကျွန်တော်လဲ စာရွက်ပေါ်မှာ sketch ဆွဲပြီးမှ ရှိတဲ့ ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီး digitize ပြန်လုပ်ပါတယ်။ Scanner ရှိရင်တော့ ဓာတ်ပုံရိုက်စရာမလိုပဲ ပိုလွယ်တာပေါ့။ အခုကတော့ tablet သုံးရင်းရလာတဲ့ tips တချို့ကို ပြန် share တာပါ။
Tablet setting configuration လုပ်တာကတော့ တစ်ယောက်နဲ့ တစ်ယောက်တူချင်မှလဲ တူပါလိမ့်မယ်။ ပထမဆုံး Tablet က driver တွေသွင်းဖို့လိုပါတယ်။ အများစုက Windows အတွက်ကော Mac အတွက်ပါ အခွေထဲမှာပါပါတယ်။ Sensor ကတော့ ကိုယ်စိတ်ကြိုက်ချိန်နိုင်ပါတယ် တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူနိုင်ပါဘူး။ ဒါပေမယ့် အကြံပေးရရင် sensor (Tip Feel) ကို soft ထားပြီး သုံးတတ်အောင်ကျင့်တာ ပိုကောင်းပါတယ်။ အားသိပ်မသုံးရတော့ tablet သက်သာတာပေါ့။

အောက်ဖက်နားက Tracking မှာ Pen Mode နဲ့ Mouse Mode ဆိုပြီးရှိပါတယ်။ အဲဒီကောင် အလုပ်လုပ်တာက Pen mode ဆိုရင် tablet မျက်နှာပြင် တစ်ခုလုံးကို အပေါ်က screen အတိုင်းသက်မှတ်လိုက်တာပါ။ ဆိုလိုတာက tablet မှာ ညာဘက် အပေါ်ထောင့်ကို ထောက်ရင် screen မှာလဲ ညာဘက်အပေါ်ဆုံးကို ထောက်မိမှာပါ။ Mouse mode ကတော့ ကျွန်တော်တို့ mouse ရွှေ့သလို လက်ရှိ cursor နေရာကနေ တွက်ယူပြီး ရွှေ့တာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ပုံထားသုံးနိုင်ပါတယ်။

Double Click ကတော့ မပြောတော့ပါဘူး… ဖြစ်နိုင်ရင် အပေါ်ဘက်က Click Sound ကိုတော့ Check (on) ထားတာကောင်းပါတယ်။ ဘာလို့လဲဆို tablet က မှာကို မသိလိုက်တဲ့ အချိန်မှာ tap တစ်ချက်ထောက်မိ ခြစ်မိခဲ့ရင် မသိလိုက်ဘဲ print ထုတ်မှ သွားတွေ့ရင် ပြသနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဖွင့်ထားလေ့ရှိပါတယ်။ ကျန်တဲ့ Pen က button တွေကိုလဲ စိတ်ကြိုက်သုံးလေ့ရှိတဲ့ application တွေ set up လုပ်ထားပြီး shotcut လုပ်သုံးလို့ရပါတယ်။

အခုကတော့ Photoshop Brush Set Up အကြောင်းပြောပြချင်ပါတယ်။ Tablet မှာ pressure ကိုလိုက်ပြီး brush stoke ဆွဲရတာ တော်တော်အရသာရှိပါတယ်။ အဲဒီအတွက် set up လုပ်ချင်ရင် Photoshop မှာ Brush windows (F5) နှိပ်ပြီး အောက်က ပြထားသလို Shape Dynamics မှာ ကိုယ်လိုချင်တဲ့ radius တွေချိန်ထားပါ။ Control မှာတော့ ကျွန်တော်တို့က tablet သုံးမှာမို့ Pen Pressure ထားလိုက်ရင် painting လုပ်သလို ရုပ်ထွက် လုပ်ယူနိုင်ပါတယ်။ စုတ်တံ၊ ခဲတံလို ပုံမျိုးထွက်ချင်ရင်တော့ အောက်ဘက်က Noise ကိုပါဖွင့်လိုက်ရင် ထွက်ပါတယ်။ Setting တွေကို အကုန်စမ်းကြည့်ပါ ပိုက်ဆံထပ်မပေးရပါဘူး.. နောက်ထပ် အခြား tutorial တွေကိုလဲ YouTube မှာ ကြည့်လို့ရပါတယ်။ iTunes က Wacom Podcast Channel မှာ basic techniques တွေ ဆက်လေ့လာလို့လဲ ရပါတယ်။ Have Fun!!


MgHla said,
Wrote on May 3, 2010 @ 10:30 am
လိုချင်တယ်နော်…
Like or Dislike:
0
0