Adobe CS5 Road Show Singapore
Adobe CS5
12 ရက်နေ့က Adobe CS5 Road Show သွားဖြစ်ပါတယ် Suntec City, level 2 မှာ လုပ်ခဲ့တာပါ။ မလုပ်ခင် ၁ ပတ်ကျော်ကျော်လောက်ကတည်းက register လုပ်ထားဖြစ်တယ်။ သွားချင်လွန်းလို့ပါ.. ဒါနဲ့ ၁၂ ရက်နေ့ မတိုင်ခင်ကတည်းက အလုပ်လုပ်နေတဲ့ ဆီမှာလဲ ပြောထားလိုက်တယ် Adobe CS5 ပွဲသွားမလို့ ၁ ရက်မလာ ဘူးလို့။ ၁၂ ရက်နေ့ မနက် ၈ ခွဲလောက်မှာ ရောက်ပါတယ်။ Q အရှည်ကြီးမှာ ၀င်ရပ်ပြီး ကောင်တာမှာ register လုပ်တယ် ပြီးတော့ ၀င်ထိုင်နေလိုက်တယ်။ ၀င်ဝင်ချင်းမှာပဲ Adobe logo နဲ့ အိတ်တွေပေးပါတယ် အထဲမှာ discount coupons တွေပါပါတယ်။ CS5 features တွေအကြောင်းပါတယ်။ Dell, HP, Nvidia, Wacom အကြောင်းပါတယ် sposors တွေကိုး။ Agenda, Spot 5 Different ဆိုတဲ့ ဂိမ်း ၂ ခုပါတယ်။ ပလပ်စတစ် လက်ဝါးအရုပ်လေး ၂ ခုပါပါတယ်။ ရမ်းလိုက်ရင် လက် ၂ ဖက်ရိုက်ပြီး အသံထွက်အောင် လုပ်ထားတာလေးပါ။ နောက် whistle ပါတယ်။
Adobe CS5
Sticker တစ်ခုခုများ ပါမလား ရှာကြည့်သေးတယ် မပါဘူးဗျ။ laptop အဖုံးမှာ sticker တွေကပ်ပြီး စုနေတာ Adobe လေးပါရင် ကပ်မလို့ မပါဘူး။ နောက်ပွဲစတော့ Adobe Asia Pacific CEO စကားနဲနဲပြောတယ် ပြီးတာနဲ့ Terry White, Greg Rewis, Jason Levine တို့ features အသစ်တွေ သရုပ်ပြတယ်။ အဲဒီ ၃ ယောက်မှာ terry white, greg rewis တို့ကို သိတယ် အရင်ကတည်းက သူတို့ ဗီဒီယိုတွေ ကြည့်ဖူးတာ။ နေ့လည်မှာ Greg Rewis ရဲ့ Web Premium တွေ စတော့ သူကလဲ အပြောကောင်းတယ် ပြီးတော့ ပရိတ်သတ်ကို မေးခွန်းတွေလဲ သရုပ်ပြရင်းမေးတတ်သေးတယ်။ အဲဒီ အချိန်တုန်းက တော်တော် အာချောင်လိုက်တယ်.. web design step တွေမေးတာဆိုတော့လေ. အဲဒီမှာ သူက Adobe CS5 sport shirt တစ်ထည် အာချောင်တဲ့ အတွက် ဆုချတာရလိုက်တယ်။ သူများတွေကတော့ ငြိမ်ပြီး တိတ်နေတာကိုး web designer တွေမပါ လို့လဲဖြစ်နိုင်ပါတယ်… ရှက်လို့လဲဖြစ်နိုင်တယ်။ ကျွန်တော်ကသာ အရှက်မရှိ တယောက်ထဲနဲ့ အော်နေတာ :P အော်တာကလဲ သိလို့တော့ မဟုတ်ဘူး ဂုရုကြီးတစ်ယောက်ကို အရှင်လတ်လတ်တွေ့ရတုန်း စကားပြောချင်တာလဲ ပါတယ်။ အခြား InDesign, AfterEffect, Premier အချိန်တွေတော့ ဘာမှမသိတော့ အိပ်တောင် ငိုက်လို့။
Adobe CS5
ဘေးနားကထိုင်တဲ့ အဘိုးကြီးကတောင် အကျီတစ်ထည်ရလောက်တဲ့ အထိ အာချောင်လို့ စကားလာပြောသေးတယ် မင်းက local ကပဲလားတဲ့ ဟုတ်ဘူး သားက Myanmar ကလို့ ဂုဏ်ယူပြီး ဖြေလိုက်သေးတယ် (ပေါကြည့်တာ) သူက အံ့သြပြီး class ဘယ်မှာတက်လဲ မေးတယ် ဟုတ်ဘူး self-study လို့ ဖြေလိုက်တယ်။ နောက်တော့ သူနဲ့ ပွဲကျပြီး ညနေအထိ စကားပြောရင်းထိုင်ဖြစ်တယ်။ နောက်တော့ သူကတောင် အပြင်ထွက်ပြီး ရေခဲမုန့်တွေယူလာပေးလို့ အားနာနာနဲ့ အကုန်တွယ်လိုက်တယ်။ ကျွန်တော်က အဲဒီတုန်းက laptop ပေါင်ပေါ်တင်သုံးနေတော့ သူကပြောတယ် အဲဒါ မကောင်းဘူးနော်တဲ့ နောက်မျိုးဆက်ကို ထိခိုက်မယ်တယ် =P ကျွန်တော်လဲ ဟုတ်ကြားဖူးတယ်လို့ ပုံမှန်တော့ သုံးလေ့မရှိပါဘူးလို့ အခုက အခန်းထဲက အရမ်းအေးနေလို့ laptop ဖွင့်လိုက် ပိတ်ပြီး ဖတ်ထားလိုက်လုပ်နေတာပါလို့.. ဒါနဲ့ သူက မင်းရတဲ့ အကျီထပ်ဝတ်လေတဲ့… မ၀တ်ချင်ပါဘူးဗျာလို့ တော်ကြာ Adobe Team နဲ့မှားပြီး အပြန် ပစ္စည်းတွေသိမ်းခိုင်းနေမှာ စိုးလို့လို့ =P
Adobe CS5
ညနေ ၃ ခွဲလောက်မှာတော့ အိမ်ပြန်လာခဲ့တယ် ပွဲက မပြီးသေးဘူး HD video editing တွေ ပြဦးမှာ နောက် အပိတ်ရောက်ရင် Dell laptop မဲဖောက်ဖို့ ရှိသေးတယ်။ မစောင့်နိုင်တော့တာနဲ့ အလုပ်ပင်ပန်းလို့ အိပ်ချင်တာနဲ့ ပြန်လာခဲ့လိုက်တယ်။ laptop ကတော့ ပေါက်မှာ မဟုတ်တာ သေချာပါတယ် တစ်ခါမှ အဲဒီလိုမျိုးဆို စကာတင် စာရင်းထဲတောင် မပါခဲ့ဖူးဘူး ဆိုတော့ ကိုယ့်အကြောင်းသိပါတယ်။ Adobe Show ကတော့ မိုက်တယ် ဒီတစ်ခါ CS5 ကိုလဲ တော်တော်ကြိုက်သွားတယ် အခုတောင် စက်ထဲမှာ CS4 ကော 5 ကောရှိတာ် 4 ထုတ်လိုက်တော့မလို့။ ပြောရမှာ အားတော့ နာတယ် ပွဲသွားပြီး စားသောက်၊ အကျီတွေ ယူလာတယ် ကိုယ်သုံးတာက pirated ကြီးဆိုတော့ အားနာသလိုလိုတော့ ဖြစ်မိတယ်။ ကိစ္စမရှိပါဘူးလေ သိရင်လဲ ၀င်ငွေကြည့်ပြီး ဆင်းရဲသား ဆိုပြီး ပေးသုံးမှာပါ။ အလုပ်မှာတော့ အမှန်တွေ ၀ယ်သုံးကြပါတယ်။ ဓာတ်ပုံ တချို့ကိုတော့ English blog မှာ တင်ထားပါတယ် နောက် video တွေကောပဲ။ ကြည့်ကြည့်ပါဦး။ Have A Nice Day!!
Related Posts
5 Comments so far »
  1. zipzap said,
    Wrote on May 14, 2010 @ 1:49 am
    You were brave enough to get the shirt. Congrats bro !!
    Like or Dislike: Thumb up 0 Thumb down 0
  2. NM said,
    Wrote on May 14, 2010 @ 4:12 am
    If I were in your shoes in that place, I’m not sure I would dare to stand up and ask the questions, bravo.
    Like or Dislike: Thumb up 0 Thumb down 0
  3. exiter said,
    Wrote on May 14, 2010 @ 3:56 pm
    အဲလိုပွဲမျိုးတွေသွားချင်ထှာ … :)
    Like or Dislike: Thumb up 0 Thumb down 0
  4. Maverick said,
    Wrote on May 14, 2010 @ 8:20 pm
    ကျွန်တော်လည်း အဲဒီလိုပွဲမျိုး သွားချင်ပေမဲ့ အစ်ကိုတို့လောက် skills တွေမရှိ တော့ သွားရမှာ အားငယ်စရာပဲ။ :(
    Like or Dislike: Thumb up 0 Thumb down 0
  5. Htoo Tay Zar said,
    Wrote on May 18, 2010 @ 1:36 am
    @ Zipzap, @ NM, @ exiter ~ Thanks a lot for comments \m/
    @ Maverick ~ You don’t need to have professional skills to go there.. only need to do is register coz I’m not professional too….
    Like or Dislike: Thumb up 0 Thumb down 0
Comment RSS · TrackBack URI
Leave a Comment
Name: (Required)
E-mail: (Required)
Website:
My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!
Comment: