All About iPhone OS 4.0 Features

iPhone OS 4.0

ဒီနေ့တော့ weekend မို့ အိပ်ရေး၀၀ အိပ်ရလို့ iPhone OS 4.0 အကြောင်းရေးဖြစ်ပါတယ်။ iPhone OS 4.0 အကြောင်းကို Apple က ပြီးခဲ့တဲ့ April 8 ရက်နေ့က Sneak Peak Event တစ်ခုလုပ်ပြီး features အသစ်တွေပြသွားပါတယ်။ အဲဒီထဲက သိသလောက် အကြောင်းပြောကြတာပေါ့။ အမှန်တော့ Apple ဖုန်းက လူတွေ mobile ဆီကို အချိန်ကိုက်ရောက်လာခဲ့ပြီး stable ဖြစ်တဲ့ platform မို့ လူသုံးများပါတယ်။ iPhone + iPod touch အရေအတွက်က 85 Million ရောင်းခဲ့ပြီးပြီလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ iPhone OS run နေတဲ့ devices ၃ ခုရှိပါတယ် iPhone, iPod Touch နဲ့ အခု အသစ်ထွက်ထားတဲ့ iPad ပါ။

iPhone OS က လက်ရှိမှာ OS version 3.1.3 ကနောက်ဆုံးဖြစ်ပါတယ်။ OS 4.0 ကဘယ်တော့ တရားဝင် release လုပ်မလဲဆိုရင် ကျွန်တော့်အထင်မမှားရင် နောက်လ June 7 မှာလုပ်မယ့် World Wide Developer Conference 2010 မှာ လုပ်ပါမယ်။ လက်ရှိမှာ OS 4.0 ကို Apple Developer Account ရှိသူတွေ သုံးလို့ရပါတယ် Developer Preview သဘောမျိုးရယ် 4.0 Compatible App တွေရေးနိုင်အောင်လို့ပါ။ 4.0 ကို Steve နဲ့ Scott တို့ပြောသွားတဲ့ အဓိက features 7 ကို ပြောရရင်..

WWDC 2010

ပထမဆုံးက Multitasking ပါ။ iPhone OS ဟာ အခုထိ multitasking မလုပ်နိုင်သေးပါဘူး အခြား ပြိုင်ဖက်တွေ Android, Web OS စတာတွေမှာ အကုန်လုပ်ပါတယ်။ OS အသစ်မှပါမယ့် multitasking ဟာ preview အရင် app switching ကို Home button ကို double click လုပ်လိုက်ရင် အောက်ဖက်က dock နေရာမှ ဖွင့်ထားတဲ့ app တွေလာလာပြပေးပါတယ်။ လက်ရှိ OS 3 တွေမှာတော့ Home button double click က user assign လုပ်တဲ့ပေါ်မူတည်ပါတယ် ကျွန်တော်က double click ကို Camera app ကိုထည့်ထားပါတယ်။ တကယ်လို့ သီချင်းဖွင့်နေတုန်း နှိပ်ရင်တော့ iPod menu လာပြပါတယ်။ 4.0 မှာတော့ double click က App switch ဖြစ်ပါတယ် တကယ်လို့ သီချင်းဖွင့်ထားရင် iPod navigation icon တွေကိုပါ လာပြပေးတာ တွေ့ရပါတယ်။

Multitask ရဲ့အဓိကဆိုးတာက battery အားအရမ်းစားတာပါ.. OS 4.0 ရဲ့ mutitask ကတော့ အဲဒါကို ကာဖို့ အတွက် လုပ်သွားတဲ့ trick ကို သဘောကျပါတယ်။ သူက background app ကို freeze လုပ်ထားပြီး လိုတဲ့ အပိုင်းကိုပဲ run ခိုင်းတာမျိုးပါ.. ဥပမာ Flickr app ကနေ ဓာတ်ပုံတင်ရင်း အခြား app ကိုကူးရင် ဓာတ်ပုံ upload လုပ်တဲ့ အပိုင်းကိုပဲ run ထားပါတယ်။ နောက် အခြား အွန်လိုင်း radio မျိုးတွေလဲ ဖွင့်ထားပြီး အခြား app ကိုသုံးလို့ရတယ်။ ကောင်းတာတစ်ခုက lock screen လုပ်ထားတဲ့ အချိန်မှာပါ iPod မဟုတ်တဲ့ 3rd party App ကို double click လုပ်ပြီး control လုပ်လို့ ရလာတာပါ။ Geo location social network တွေကို automatic update လုပ်ထားလို့ရလာပါတယ်။ GPS, AGPS ကို background run တဲ့ အခါမှာ အပေါ်ဆုံးက menu မှာ icon ပြထားပါတယ်။ Demo ပြတုန်းကတော့ သူပြောတာ GPS မပါတဲ့ 2ng Gen iPhone လိုပဲ Cell Tower (AGPS) နဲ့ current location ကိုတွက်မယ်လို့ ဆိုပါတယ်။

iPhone OS 4

နောက် Skype နဲ့ demo ပြတာက background run နေတဲ့အချိန်မှာလဲ messages တွေရနိုင်တယ် နောက် lock ချထားလဲ incoming call ရနိုင်လာတယ်.. တကယ်သာဆိုရင်တော့ Skype အမြဲဖွင့်ပြီး ဖုန်းခ ချွေတာလို့ ရလာနိုင်မယ့်သဘောပဲ :D အရင်ကဆို multitasking မရတော့ push notification ကို ပဲ အဓိကထားပြီး သုံးရတာ တစ်ယောက်ယောက်က message ပို့ရင် App ထဲပြန်ဝင်ပြီး connect လုပ်တာစောင့်နဲ့ တော်တော် ခက်ပါတယ်။ နောက်အခု အသစ်ပါလာမှာက Local Notification ပါ။ သူက အရင်လို Apple server ကနေသွားစရာမလိုတော့ပဲ App ကနေ တိုက်ရိုက် send လုပ်လို့ ရလာပါတယ်။

ဒုတိယ main features ကတော့ Folders ပါ.. လက်ရှိ iPhone မှာ ပထမဆုံး home page အပါအ၀င်မှ page 11 မျက်နှာပဲရှိပါတယ်.. App ပေါင်း 180 ဆန့်တာကနေ folders တွေထဲထည့်ခြင်းအားဖြင့် 2,160 apps ကို ထည့်နိုင်လာပါမယ်။ Folder ဆောက်တာက ကျွန်တော်တို့ app delete လုပ်သလိုပါပဲ Giggle ဖြစ်အောင်လုပ်ပြီးရင် app တစ်ခုပေါ် နောက်တစ်ခု drag ဆွဲတင်လိုက်ရင် အလိုလျောက် folder ဖြစ်သွားပါတယ် အဲထဲမှာ ကြိုက်သလောက်ထည့်နိုင်ပြီး နာမည်ကို Apps တွေရဲ့ categories ပေါ်မူတည်ပြီး နာမည်ပေးပါလိမ့်မယ်.. ကိုယ်ကြိုက်တဲ့ နာမည်ပေးချင်လဲ ရပါတယ်။ Icon ကလဲ အထဲက ပါတဲ့ App ကိုလိုက်ပြီးပြပေးတယ်။ တစ်ခုပဲ ကြည့်ရတာ ပုံမှပါတဲ့အတိုင်း app icon ၉ ခုထိပဲ အများဆုံးပြပေးနိုင်ပါလိမ့်မယ်။

New calculator icon

No 3 က Mail app အကြောင်းပါ.. အဲဒါကတော့ Unified inbox ပါ email အကောင့်အားလုံးကို တစ်နေရာထဲကနေ ကြည့်လို့ရအောင် လုပ်ပေးနိုင်တယ်နောက် Exchange အကောင့် ၁ ခုထက်ပိုပြီး ထည့်လို့ရလာပါတယ်။ နောက်လက်ရှိ ကြည့်ရတာ ရှုပ်နေတတ်တဲ့ conversation ကို ခွဲပြီး ပြပေးတယ်။ Open attachment ပါလာပါတယ် အဲဒါက mail app က မသိတဲ့ file extension နဲ့ ဖိုင်တွေကို app store မှာ သက်ဆိုင်ရာ app သွားယူပေးမယ့် သဘောပါ။

iBooks

No 4 ကတော့ iBooks ပါ။ လက်ရှိ iPad မှာပဲ ရသေးတဲ့ iBook Store က 4.0 မှာ iPhone မှာလဲပါလာတော့မှာပါ။ iPad မှာ ၀ယ်ထားတဲ့ စာအုပ်တွေကိုလဲ sync လုပ်လို့ရလာပါမယ်။ အခု iTunes ထဲမှာလဲ book ဆိုပြီးပါနေပါပြီ။ နောက်တစ်ခုက wireless sync ကနေ ဖတ်လက်စ စာမျက်နှာကို iPhone, iPad မှာ အလိုလျောက် sync လုပ်ပေးသွားမှာပါ။ ရလာရင်တော့ စာအုပ် ၁ အုပ် free ပါလာပါလိမ့်မယ် အဲဒါက Winnie Pooh စာအုပ်ပါ။ iBook ကိုတော့ ကျွန်တော် iPad လို screen ကြီးတာပဲ သဘောကျတယ်။ iPhone မှာ ကြည့်ရတာတော့ အားမရဘူး။

No 5 က Enterprise Support ပါ။ ဒီအကြောင်းတော့ မပြောတော့ပါဘူး ကျွန်တော်လဲ မသုံးဘူး။ အတိုကတော့ data encrypt ရလာတယ် နောက် Exchange 2010 support ပါတယ်။ Wireless app distrubte လုပ်လို့ရလာတယ် အရင်ကတော့ cable မှာတပ်ပြီး မှ enterprise VPN app ကို သွင်းလို့ ရပါတယ်။

iPhone OS 4

No 6 ကတော့ Social Gaming Network လို့ခေါ်တဲ့ Xbox Live လိုမျိုး service ပါ။ လက်ရှိမှာ iPhone မှာလဲ OpenFient, Plus+ လို ပုံစံတူတွေရှိနေပြီးသားပါ။ အခုက Apple က ၀င်လာတာဆိုတော့ ရှိပြီးသား network တွေက ညောင်းရတော့ မယ့်သဘောဖြစ်လာတယ်။ ကိုယ့် device မှာကို integrate လုပ်လာတာဆိုတော့ 3rd Party တွေထက် သာမှာ သေချာတာပေါ့။ အဲဒီ network ကနေ အခြား game player တွေကို chellenge လုပ်လို့ ရလာမယ်။ Score board တွေလဲ ရှိလာမယ့် သဘောပါ။ Demo တော့ ဘာမှမပြသွားဘူး feautres တွေကိုလဲ ယောင်ဝါးဝါးပဲ ပြောသွားတော့ ကြည့်ရတာ Apple အခုမှ စိတ်ကူးရပြီး ထလုပ်တော့မယ့် သဘောလို့ထင်တယ်။

No 7 ကတော့ iAd လို့ခေါ်တဲ့ Apple လုပ်ထားတဲ့ mobile Ad platform ပါ။ ရည်ရွယ်ထားတာကတော့ Native App တွေမှာ ထည့်ဖို့ ရည်ရွယ်ထားပါတယ်။ HTML5 (CSS3) ကို သုံးထားတယ်လို့ steve ပြောပါတယ်။ Demo ပြတာကြည့်မိတဲ့ အထဲမှာတော့ HTML5 မလုပ်နိုင်တဲ့ဟာမျိုးတွေပါတွေ့မိတယ် ဆိုတော့ XCode က animation မျိုးတွေပါ သုံးမယ်ထင်တယ်။ Ad တွေက Interactive လဲဖြစ်မယ် emotional message လဲ ပေးနိုင်မယ်လို့ ဆိုပါတယ်။ Steve ပြောသွားသလိုပဲ လက်ရှိ iPhone App Ad တွေကတော့ ကျွန်တော်လဲ မနှိပ်ဖြစ်ပါဘူး ဘာလို့လဲဆိုရင် နှိပ်လိုက်မိရင် App ထဲက ထွက်ပြီး Safari browser ထဲ ကောက်ဝင်သွားတာ မကြိုက်လို့ပါပဲ။ iAd ကတော့ အဲဒါမျိုး မဖြစ်အောင် လုပ်ထားတာတွေ့ရတယ်။ ကြည့်ရတာတော့ ကြော်ငြာထည့်ချင်သူတွေ သဘောကျမှာပါ။

ပွဲအပြီးမှာတော့ Steve, Scott တို့ Q&A အစီအစဉ် ဆက်လုပ်ပါတယ်။ အဲဒီထဲက အချို့ကို ပြောရရင် သတင်းထောက် တစ်ယောက်က iTunes store မှာ approve ဖြစ်ပြီး Porn (18+) App တွေ reject လုပ်တဲ့ ကိစ္စကို မေးပါတယ်။ Steve က iPhone ကို porn free ဖြစ်အောင် လုပ်ချင်တာပါလို့ ဆိုပါတယ် တကယ်လို့ porn အတွက်ဆိုရင် အခြား OS တွေရှိတယ်လို့ ပြောသွားပါတယ်။ ဥပမာ – Android မှာ ရှိပါတယ်။ နောက် Adobe Flash အကြောင်းမေးပါတယ်.. အဲဒါကို support လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး လို့ ဖြေသွားတာတွေ့ရပါတယ်။

Apple က အဲဒီပွဲ အပြီးမှာပဲ App Store Terms & Conditions ကိုupdate လုပ်လိုက်ပါတယ် အဲဒါက XCode ဒါမှမဟုတ် Cocoa Touch ကို သုံးမထားတဲ့ 3rd party SDK ကထုတ်လိုက်တဲ့ iPhone App ကို approve ပေးလုပ်မှာ မဟုတ်ဖူးလို့ ကြေငြာလိုက်တာပါ။ အဲဒီမှာ သိသိသာသာ အထိနာတာက CS5 release မလုပ်ရသေးတဲ့ Adobe ပါ။ သူ့ရဲ့ CS5 Flash Catalyst မှာ action script နဲ့ ရေးထားတဲ့ flash ဖိုင်တွေကို iPhone App အနေနဲ့ export လုပ်နိုင်တဲ့ feature ပါပါတယ်။ သူက အဲဒါလေးကို CS5 မထွက်ခင်မှာကတည်းက ကြေငြာထားတာပါ။ အခုတော့ Apple က policy ပြောင်းသွားတော့ heart ထိသွားတဲ့ သဘောဖြစ်ပါတယ်။ (စကားမစပ်ပါ ပြီးခဲ့တဲ့ CS5 Road Show ပွဲမှာလဲ အဲဒီ feature လေးကိုAdobe team က lunch time မှာ အမြတ်တနိုးနဲ့ video ပြပေးနေတာ တွေ့ရသေးတယ်..) နောက် အခြား .Net, Python, Java နဲ့ iPhone App ရေးလို့ ရတဲ့ SDK tools တွေလဲ အကုန်ညောင်းသွားပါတယ်။ လက်ရှိကျန်ခဲ့တာဆိုလို့ App Accelerator, Phone Gap လို HTML, Javascript နဲ့ ရေးလို့ ရတဲ့ ဟာလောက်ပဲ တရားဝင်ကျန်ခဲ့ပါတယ်။

iPhone OS 4.0

အခု ရေးခဲ့တာတွေကတော့ Keynote မှာ ပြောသွားတဲ့ အကြောင်းတွေပါ။ အခုမှ Keynote Show တုန်းက မပါတဲ့ rumour တွေနဲ့ leak ဖြစ်သွားတဲ့ iPhone 4G hardware ပေါ်မူတည်ပြီး ရေးပါမယ်။ iPhone 4G မှာ ပုံတွေမှာ ကြည့်ရင် front facing camera ပါလာတာကို တွေ့ရမှာပါ ပုံမှန်ဆို အဲဒီနေရာဟာ လက်ရှိဖုန်းတွေမှာ light sensor ပါတဲ့ နေရာမှာပါ။ ဆိုတော့ Video chatting ရလာမယ့် သဘောရှိပါတယ်။ အခု WWDC page က iPhone app icon တွေထဲမှာ ကြည့်ရင် iChat လို icon တစ်ခု ပါနေတာကိုလဲ သတိထားမိမှာပါ။ နောက် OS 4.0 run နေတဲ့ device system မှာ iChat client run နေတာကို ဓာတ်ပုံတွေလဲ တွေ့ရတာကြောင့် OS 4.0 မှာ iChat ပါလာမယ်ဆိုတာ သေချာသလောက်ပါပဲ။

iPhone 4G Hardware မှာ ကြည့်ရင် အနောက်ဖက်မှာ flash ပါပါလာတာလဲတွေ့ရပါတယ် ဆိုတော့ ကင်မရာက လက်ရှိ 3GS ရဲ့ 3.2 Megapixels ထက်လဲ များမယ့် သဘောရှိပါတယ်။ Video မှာ tap to focus ပါလာပါမယ်။ လက်ရှိထွက်နေတဲ့ သတင်းတွေအရတော့ 720 HD ရိုက်နိုင်မယ်လို့ ဆိုကြပါတယ်။ ဟုတ်မဟုတ်ကတော့ အခုလာတော့မယ် ၇ ရက်နေ့မှာ အတိအကျသိရ ပါမယ်။ ကင်မရာက 5x Digital Zoom ပါမယ်လို့ အတိအကျပြောပါတယ်။

နောက် upload to Nike+, Nested Playlist, iPod out, Spell check လဲ ပါလာပါမယ်။ နောက် Dictionary လဲ ပါလာပါလိမ့်မယ် bluetooth နဲ့ Mac Keyboard သုံးလို့ရပါမယ်။ SMS ကို Spotlight ကနေ ရှာလို့ရလာပါမယ်။ Home screen မှာ အရင်လို အနက်ရောင်ကြီး မဟုတ်တော့ပဲ iPad လို wallpaper တွေပြောင်းသုံးလို့ ရလာပါလိ့မ်မယ်။ Camera ကနေရိုက်ထားပြီးသား ဓာတ်ပုံတွေကို Geotag ကို သုံးပြီး Mac ကလိုပဲ Places နဲ့ ပြန်ကြည့်လို့ရလာပါမယ်။ Faces လဲပါလာမယ်လို့ ကြားမိပါတယ်။

Developer APIs တွေအနေနဲ့ still camera, video camera ကို full access ရပါမယ်။ Calendar access, Date format access ရလာပါမယ့်။ In-app SMS ရလာပါမယ်။ Map Overlay, Quicklook, Automated testing စတာတွေပါလာမယ်လို့ ပြောပါတယ်။ App တွေမှာ multitasking ကောင်းကောင်း support လုပ်ဖို့ကတော့ developer တွေ နည်းနည်း ပြင်ရမယ်လို့ ပြောသွားတာတွေ့ပါတယ်။ အခုနောက်ပိုင်းကြားရတာကတော့ Mobile Me ကို iPhone user တွေကို free ပေးတော့မယ်လို့ကြားပါတယ်။ တကယ်ဆိုရင်တော့ တော်တော်မိုက်ပါတယ်။ Mobile me မှာ ကြိုက်တာကတော့ ဖုန်းပျောက်သွားရင် Me.com remote ကနေ ဘယ်နားရောက်နေလဲ ပြန်ကြည့်လို့ရတာရယ်။ Remote ကနေ data တွေလှမ်းဖျက်လို့ ရတာ တော်တော်ကြိုက်ပါတယ်။

လက်ရှိ leak ဖြစ်သွားတဲ့ iPhone 4G မှာ battery က ပိုကြီးလာတာတွေ့ရတာကြောင့် အချိန်ကြာကြာပိုခံမယ်လို့ ထင်ပါတယ်။ နောက် A4 chip ထည့်ထားတာတွေ့တယ်။ အမှန်တော့ iPhone 4G က မြန်မာနိုင်ငံမှာသုံးဖို့ တကယ်မလွယ်ပါဘူး သူက Mini SIM card သုံးထားတာက အဓိကကျပါတယ် မြန်မာနိုင်ငံမှာ အခုထိ 3G Data transfer လုပ်တဲ့ service မရှိသလို Mini SIM card လဲ ဆက်သွယ်ရေးက ထုတ်မပေးနိုင်ပါဘူး။ အမှန်တော့ ပုံမှန် SIM card ကို ဓားနဲ့ ဖြတ်ထုတ်ရင်ရပါတယ်။ ဒါပေမယ့် အမှားလုပ်မိလို့ ပြန်အသစ်ထုတ်ရင်တောင် ၁ သိန်းခွဲလောက် ကုန်ပါတယ်။ ဆိုတော့ အဆင်မပြေနိုင်သေးပါဘူး။ iPhone OS 4.0 ကို Apple က မကြာခင် release လုပ်မယ်လို့ ပြောသွားပါတယ်.. အထင်မမှားရင် အခုလာမယ့် ၇ ရက်နေ့မှာ release လုပ်ပါလိမ့်မယ်။ iPhone OS 4 ကိုiPhone တိုင်း free update လုပ်လို့ ရမှာဖြစ်ပါတယ်။ iPod touch တွေကတော့ အရင် အတိုင်းပဲ US 10$ ပေးရပါလိမ့်မယ်။ 4.0 ရဲ့ Multitasking ကို iPhone 2G, 3G.. နဲ့ iPod touch 1 gen, 2nd gen တွေမှာ ရှိမှာ မဟုတ်ပါဘူး။

hardware အရ မနိုင်လို့လို့ အကြောင်းပြပါတယ်။ 3GS နဲ့ မနှစ်က WWDC 09 နောက်ပိုင်းထုတ်တဲ့ iPod touch 32GB, 64GB တွေပဲ run နိုင်ပါလိမ့်မယ်။ အဲဒါကလွဲရင် အခြား features တွေကတော့ အတူတူရပါလိမ့်မယ်။ iPad ကိုတော့ fall မှာမှ 4.0 ရမယ်လို့ ပြောပါတယ်။ အထင်မမှားဘူးဆိုရင် iPad ယူဇာတွေ iPod touch လိုပဲ ပိုက်ဆံပေးမှ upgrade လုပ်လို့ ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ Terms & Conditions မှာပါလို့ပါ။ ဒါကြောင့်လဲ သူရက်ကို တော်တော်လေးခွာပြီးမှ upgrade ပေးမယ့် သဘောပါ မဟုတ်ရင် ထွက်တာ မကြာသေးတဲ့ iPad ကို ၀ယ်ထားတဲ့ users တွေ complain တက်မှာ စိုးတာလဲ ပါပုံရပါတယ်။

WWDC

ဒါကြောင့်မို့ လက်ရှိ iPhone 3GS, iPod touch, iPad ၀ယ်မယ် စိတ်ကူးကြသူများကို ခဏစောင့်ပါလို့ ပြောချင်ပါတယ်။ 3GS က သူ့ရဲ့ life span 1 year ပြည့်နေပြီ ဖြစ်တာမို့ Apple က အခု လာမယ့် WWDC မှာ iPhone 4G ကိုrelease လုပ်တော့မှာပါ။ ဈေးက အသစ်ထွက်တာ ဈေးကြီးမှာပေါ့လို့ ထင်ပါလိ့မ်မယ်။ Apple က line up update လုပ်တိုင်း ဈေးကို အရင် ပစ္စည်းဈေးနဲ့ ပဲ ရောင်းပါတယ်။ 3GS ထွက်တုန်းကလဲ 3G ဈေး AT&T Contract + 200$ နဲ့ရောင်းပြီး 3G ကို ဈေးချလိုက်တာပါ။ အခုလဲ ဒီအတိုင်းပဲ လုပ်ပါလိ့မ်မယ်။ ဒါကြောင့် စောင့်နေတာကောင်းပါတယ်။ အခု အသစ်ထွက်မယ့် iPhone က 64GB အထိရလာမှာပါ ဘာလို့လဲဆိုတော့ သူ့ရဲ့ flash chip provider Toshiba က ဆိုဒ်သေးသေးနဲ့ 64GB အထိဆန့်တဲ့ chip တွေ ထုတ်နိုင်နေပြီ ဖြစ်လို့ပါပဲ။ ဒီနေ့ကတော့ iPhone OS 4.0 အကြောင်းပါပဲ WWDC 2010 ဆိုရင်တော့ iPhone အသစ်ကော iPod touch အသစ်ကော OS 4.0 အသစ်ကော အားလုံးတွေ့ကြရတော့မှာမို့ ၀ယ်မယ်စိတ်ကူးနေသူများ ခဏ စောင့်ကြည့်ပါဦးလို့ တိုက်တွန်းပါတယ်။

3 Comments

  1. phoe chan May 23, 2010

    Nice Post Bro :)

    Like or Dislike: Thumb up 0 Thumb down 0

  2. saturngod June 1, 2010

    Adboe က Native ဖြစ်အောင် path တစ်ခု ထပ်ထုတ်ပေးထားတယ်။ လာမယ့်ပွဲမှာ Steve B တက်မယ်လို့လည်း rumor တွေထွက်နေတယ်။ .NET VS အသစ်မှာ iPhone , Mac အတွက် app တွေရေးလို့ရမယ့် အကြောင်းကြေငြာမယ်လို့လည်း ကြားတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  3. OS4 ကို ၇ရက်နေ့ကထုတ်မပေးသေးဘူး။ Coming Soon တဲ့။ ဘယ်တော့လောက်မှ ထုတ် ပေးမလဲမသိဘူး။ မျှော်ရတဲ့လူ ရင်ကိုအောင့်သွားတာပဲ။ Iphone 4 က IOS4 နဲ့တော်တော်ကို လန်းတယ်ဗျို့။ ပိုက်ဆံစုထားလိုက်ဦးမယ်။ မလောက်တော့လည်း ရှိတဲ့ဖုန်းလေးပြန်ရောင်းပြီး ဝယ်ရတာပေါ့ဗျာ။ :)

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 8