hit counter

Enter A New Dimension

A New Dimension

TV က Channel 5 မှာ လာလာနေတဲ့ ကြော်ငြာတစ်ခုကို သတိထားမိတယ်။ မိုက်တယ်.. ပုံမှန်ကြော်ငြာတွေနဲ့ မတူပဲ လူတွေ သတိထားမိစေနိုင်တယ်။ Samsung က သူ့ရဲ့ 3D LED TV ကြော်ငြာပါ။ Enter A New Dimension လို့ tag line ထည့်ထားတယ်။ မြို့ထဲမှာ LED TV တွေ ဆက်ပြီး ပုံရိပ်အကြီးလုပ်ပြသွားတယ်။ အောက်မှာ ကြော်ငြာ ကြည့်လို့ ရပါတယ်။

Samsung LED 3D TV ‘A new dimension’ Global version from koko on Vimeo.

အစက ကြော်ငြာကြည့်တော့ ရိုက်ထားတာ အားလုံး မြို့ကို ပတ်ပြီး background အတွက်ရိုက်ပြီး studio ထဲမှာပဲ blue screen, green screen တွေနဲ့ ရိုက်တယ် CGI တွေထည့်တယ်ထင်နေတာ။ စိတ်ဝင်စားလို့ လိုက်ရှာကြည့်တော့မှ Behind The Scene ကိုတွေ့တယ်။ အထဲမှာ တကယ့်မြို့ထဲမှာ LED TV တွေချပြီးရိုက်ထားတာ ဖြစ်နေတယ်။ မြို့က ကြည့်ရတာ အာဂျင်တီးနား ကထင်တယ် အလံတွေ့လို့ပါ။ ကြော်ငြာက အခြားကြော်ငြာတွေနဲ့ မတူပဲ Art ဆန်ဆန် ရိုက်ထားတာ ကြိုက်တယ်။

A New Dimension

အထဲမှာ ဒါရိုက်တာတွေ၊ photographer တွေပြောသွားတာတွေကလဲ ပညာရတယ်။ 3D TV ပုံစံစိတ်ထင်မှာ ထင်လာဖို့ ဘယ်လိုလုပ်လဲဆိုတော့ ကြော်ငြာထဲက တီဗီတွေမှာ ပြနေတဲ့ ဗီဒီယို ရိုက်တဲ့ အချိန်မှာ ရွှေ့သွားတဲ့ angle, movement အတိုင်း နောက် တီဗီ မှာပြနေတာကို နောက်တစ်ခေါက်ပြန်ရိုက်တော့ အရင် ဗီဒီယို ရွေ့တဲ့ အတိုင်းလိုက်ရိုက်သွားလိုက်တာ 3D လို့ ကြော်ငြာကြည့်တဲ့ သူစိတ်ထဲထင်လာရတယ်။ ကလေးမလေး လိပ်ပြာတွေ လိုက်တို့နေတဲ့ scene ဆို သိသာတယ်။ နောက်ခံ ရှုခင်းတွေအတွက်လဲ တကယ့် ရေတံခွန်တွေတို့ ကြောင်က ငါးချောင်းနေတာတို့ ရိုက်ထားတာတွေ့ရတယ်။

A New Dimension

LED တွေမြို့ထဲမှာ တကယ်ဆင်တာလဲပါတယ်။ ဒါပေမယ့် ပါဝါတပ်ပြီးဖွင့်တာတော့ မဟုတ်ဘူး ၁၀ လုံးလောက်နဲ့ ပွားယူသွားတယ်။ နောက်ဆုံး ရေတံခွန်ပုံ မီးပွိုင့်မှာခင်းတာ ကြော်ငြာကအတိုင်း အပြည့်မဟုတ်ဘူး ၁၀ လုံးလောက်ကိုပဲ နေရာရွေ့ရွှေ့ပြီး နောက်ဆုံးပြန်ထပ်ထားတာ။ ကြော်ငြာ background သံလဲတော်တော်ကြိုက်တယ် harmonic သံလိုလို ရေကျသံလိုလို midi သံလိုလိုပဲ။ ရိုက်ထားတာ တကယ့်တီဗီတွေလဲ သုံးတယ်၊ အကုန်အကျလဲတော်တော်များမယ့်ပုံ၊ နောက် အိုင်ဒီယာလဲကောင်းတယ်။ တကယ်တမ်းတွက်ကြည့်ရင် သူတို့ ရင်းရတာ တန်ပါတယ်။ လူတွေစိတ်ထဲမှာစွဲသွားတယ်၊ နောက်ဆုံး ကျွန်တော်လို blog တွေကလဲ တော်တော်ကောင်းတယ်ဆိုပြီး ညွှန်းကြတာမျိုးတွေ ရှိမယ်။ ဆိုတော့ တီဗီ မှာတင်မဟုတ်ပဲ media ပေါင်းစုံကနေ အခမဲ့ ကြော်ငြာပြီးသားလဲ ဖြစ်သွားတယ်။

A New Dimension

Making The “Enter A New Dimension Samsung Ad”

Making The Samsung 3D LED TV Commercial
Making The Samsung 3D LED TV Commercial
Making The Samsung 3D LED TV Commercial
Making The Samsung 3D LED TV Commercial


Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: