FaceBook And Privacy


Do you have FaceBook?

ဒီနေ့တော့ FaceBook နဲ့ privacy အကြောင်းပြောချင်လို့ပါ။ personal မြင်တာပဲပြောမှာပါ နဲနဲတော့ လန့်တယ် လူတွေက တစ်ခုခုဆို ဘာရယ်မဟုတ် copy ကူးပြီး forward mail လုပ်တတ်ကြသေးတာကိုး.. အရင် တစ်ခေါက်ကလဲ ပြသနာ အပြုံလိုက်ရခဲ့ပြီးပြီ။ အခုကတော့ ကြိုမေတ္တာရပ်ခံထားမှ.. FaceBook အကြောင်းဆိုတာက အဓိကက သူ့ရဲ့ policy အသစ်အကြောင်းပါ။ FaceBook F8 Event ပြီးတော့ အသစ်ဖြစ်လာတဲ့ Terms & Conditions တွေတော်တော်များများက ပွင့်ပွင့်လင်းလင်းပြောရရင် အချိုးမပြေလို့ ရေးဖြစ်ပါတယ်။ အားလုံးလဲ သိထားသင့်တယ်ထင်လို့ပါ။

Policy အသစ်ရဲ့ Section 2.1 အရ FaceBook မိတ်ဆွေ တင်သမျှ Data including status update, photos, videos အားလုံးက FaceBook က ပိုင်တယ်ဆိုတာ သဘောတူထားပြီးသား အလိုလျောက်ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ အဲဒီ messages တွေကို လိုသလိုသုံးနိုင်တယ်။ ဥပမာ – Live Search လုပ်ချင်လဲ လုပ်လို့ရတယ်.. ဓာတ်ပုံဆိုလဲ သူတို့ပိုင်သွားတယ်ဆိုတော့ ကြိုက်တာလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောပါပဲ။ Wink.com လို Person Search Engine လုပ်ချင် လုပ်လို့ရသွားနိုင်တယ်။ ဒါမျိုးက ဆိုးပါတယ် ဥပမာ DeviantArt လို ဆိုဒ်မှာ ကျွန်တော် art work သွားတင်ထားလဲ ကိစ္စမရှိပါဘူး Right က ကျွန်တော့်ဆီမှာပဲ အပြည့်ရှိတယ်.. သူတို့ ဟာက free service ဖြစ်တာတောင် အဲဒီ art work, photo ကို print လုပ်ချင်ရင် ရောင်းချင်ရင် ကျွန်တော့်ကို ဆက်သွယ်ရပါတယ်။ FaceBook policy အရဆိုရင် Right တင်မက အားလုံး exact data ကိုပိုင်တယ်ဆိုတဲ့ သဘောပါ။ ဒါမျိုးက ဘယ် social networking ဆိုဒ်မှာမှ policy မရှိပါဘူး။ Flickr လိုမျိုးမှာလဲမရှိဘူး Stock Photo ရောင်းတဲ့ iStockPhoto မျိုးမှာတောင် ကိုယ့် photo တင်ထားရောင်းဦးတော့ သူတို့ မပိုင်ပါဘူး ကော်မရှင်ခပဲ ယူလို့ရပါတယ်။

Section 4.6 အရ မိတ်ဆွေဟာ FaceBook မှာ up to date မဖြစ်ရင် status update မလုပ်ရင် notice မပေးပဲ ဖျက်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်လောက်က လုပ်ထားတဲ့ Friendster account တောင် မ၀င်တာ ၂ နှစ်လောက်ရှိပေမယ့် အခုထိရှိသေးတယ်။ FaceBook မှာ ၂ နှစ်လောက် ဆိုရင် အကောင့်ခံပါ့မလားပဲ တွေးမိတယ်။ Gizmodo ကထောက်ပြတာ နောက်တစ်ခုက FaceBook founder, CEO Zukerbag ရဲ့ Ethic ပြသနာလဲ ရှိသေးတယ်လို့ ဆိုပါတယ်။ Founder ကိုယ်တိုင်က အရင်တုန်းက users တွေရဲ့ အကောင့်က password ကိုကြည့်ပြီး personal email တွေ ၀င်ဖတ်ဖူးတဲ့ ပြသနာရှိတယ်လို့ ပြောပါတယ်။

FaceBook က F8 Conference မှာ Open Graph ဆိုတဲ့ API ကို စပြီး မိတ်ဆက်ပေးပါတယ် အမှန်တော့ ကျွန်တော် personally မကြိုက်ပါ ကျွန်တော်တင်မဟုတ် အခြားနိုင်ငံခြားက ဘလော့ဂ်တွေမှာရော ကွန်မန့်တွေမှာပါ လူတွေ မကြိုက်တာတွေ့ပါတယ်။ Open Graph ထပ်စာရင် Open Grab ဆိုပြီးပြောင်းလိုက် ရင်ကောင်းမယ်။ ဘာတွေပြသနာ ရှိလဲဆိုတော့ FaceBook Like button ပါတဲ့ အခြားဆီက blog တစ်ခုခုမှာ ကျွန်တော် Like ကို နှိပ်လိုက်တယ်ဆိုရင် ကျွန်တော့် FaceBook သူငယ်ချင်းတွေဆီက timeline မှာ ကျွန်တော် အဲဒီ link မှာ like လုပ်တဲ့ အကြောင်းသွားပြတယ်.. ကျွန်တော် အဲဒီ ပို့စ်ကို ကျွန်တော့်ကို သူငယ်ချင်းတွေဆီကို share လုပ်မှာလားဆိုတာမျိုးလဲ မမေးဘူး။ နောက်ဆို Like မနှိပ်ခင် အဲဒီကိစ္စပါ စဉ်းစားဖို့လိုလာတယ်.. FaceBook အထဲမှာက friend ဆိုပြီးသာပါတာ ကိုယ်နဲ့ မသိတဲ့ သူက အများကြီးရယ်…

FaceBook Screenshot

FaceBook မှာ status message က အရင်ကတည်းက public လုပ်မှာလား private လုပ်မှာလားဆိုပြီး ရှိပါတယ်။ ကျွန်တော်ကတော့ friend only private လုပ်ထားတော့ message အောက်တွေမှာ lock ပုံလေး အမြဲပါတယ်။ အခုချိန်မှာတော့ public ဆိုတာက friend တင်မဟုတ် friend of friend တင်လဲမဟုတ်တော့ဘူး FaceBook Society အကုန်ပါသွားပြီ facebook API သုံးထားတဲ့ နေရာမှန်သမျှကို public လို့ ဆိုလိုတာ ဖြစ်သွားပါပြီ။ အဲဒါကိုလဲသတိထားဖို့ လိုပါတယ်။

နောက်တစ်ခုက FaceBook Application တွေက user data တော်တော်များများကို access လုပ်ခွင့်ရနေတယ်လို့ ဆိုပါတယ်။ ကျွန်တော်က developer မဟုတ်တော့ သေချာတော့ မသိပါဘူး ဒါပေမယ့် သတင်းတွေတိုင်းလိုလိုမှာလဲ တွေ့နေရတော့ သတိထားဖို့လိုတယ်လို့ ထင်တယ်။ တချို့ application တွေဆို ကိုယ့်ဓာတ်ပုံဖိုင်တွေထဲ ၀င်မွှေပြီး Idiot of the Day လုပ်လို့လုပ်နဲ့ အဲဒီပုံတွေ access လုပ်လို့ ရကတည်းက နဲနဲတော့ လန့်နေပြီ F8 လဲပြီးရော ကြော်ငြာတွေက အစ Google Adsense ထက်ပို တိကျတာမျိုးတွေ ညာဘက်မှာ ပေါ်နေပြီ ဥပမာ – Singapore မှာ Rock Concert ရှိတယ်ဘာညာနဲ့ Advertiser ကလဲ ကျွန်တော့် profile data ကို access လုပ်လို့ရနေတဲ့ သဘောပဲ ဘယ်မှာနေတယ်.. ဘာ movie ကြိုက်တယ်.. ဘာ music ကြိုက်တယ် အကုန်ယူထားတယ်။ တခါတလေတော့လဲ update သိရတာပေါ့လို့ စဉ်းစားမိပေမယ့် ကြော်ငြာတွေက ကိုယ့် data ယူသုံးနေတယ်ဆိုတော့ နဲနဲတော့ တင်းလာပြန်တယ်။

ပြီးတော့ Technical problems တွေ holes တွေလဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ technical problems တွေ အသာထားပြီး social problems တွေပဲ ဆက်ပြောတော့မယ်.. ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြသနာမျိုးလဲ ရှိသေးတယ်… ဖြစ်တာက သူ့အကောင့်ထဲမှာ အရင် ရည်းစားရဲ့ ညီမနဲ့ friend ဖြစ်နေတုန်းပါ အဲဒီမှာ ပြသနာက ရှင်းအောင် A B C D နဲ့ပဲပြောတော့မယ်ဗျ ဘယ်လိုပြောရမလဲမသိလို့ သူ့ရည်းစားဟောင်းကို A လို့ ထားလိုက်မယ်.. ရည်းစားဟောင်း ညီမကို B ထားလိုက်မယ်ဗျာ.. ပြသနာက သူ့ရည်းစား A နဲ့က remove လုပ်ထားပြီးတာကြာပြီ အဲဒီမှာ B ဖြစ်တဲ့ သူ့ညီမ နဲ့က friend အနေနဲ့ ရှိသေးတော့ ရည်းစားဟောင်း ဓာတ်ပုံတွေကို A နဲ့ friend မဟုတ်တော့ပေမယ့် ၀င်ကြည့်လို့ရနေတယ်.. အခု ကျွန်တော့် ဘော်ဒါက မိန်းမရတာ ၁ နှစ်ကျော်ပြီ အဲဒီမှာ သူ့မိန်းမက သူ့ iPhone ကနေ၀င်ကြည့်ပြီး မျိုးစုံ ပြသနာ တက်တယ်ပြောတယ်.. B ကိုပါ ဖျက်ချင်တာ iPhone FaceBook App မှာကလဲ remove မပါတော့ ကျွန်တော်နဲ့တွေ့တော့မှ laptop ကနေ remove လုပ်လို့ရသွားတယ်။

နောက်ပြသနာတွေရှိသေးတယ် အဲဒါက photo တွေမှာ tag လုပ်ရင် profile album ထဲမှာ လာလာပေါ်တာကလဲ ပြသနာ.. ငယ်ငယ်တုန်းကလို သောင်းကျန်းတုန်းက ပုံတွေ ဘော်ဒါတွေက ပြန်တင်ပြီး tag ကြရင် profile ထဲမှာ လာပြီး ခန့်ခန့်ကြီးပေါ်လို့ဗျာ.. ကျွန်တော့် ဘော်ဒါဆို ညဘက်ကြီး အကျီကျွတ်တွေနဲ့ လမ်းဘေးမှာ ဂစ်တာတီးနေတဲ့ ပုံတွေ သူများတင်တော့ tag ခံရပြီး profile ထဲမှာ အခန့်သားပေါ်လာတော့ အောက်က comment ပေးသွားတယ်။ အကိုတို့ ငယ်ငယ်က တော်တော် စရိုက်ကျတာပဲနော်တဲ့.. =P တိန် ဒီကြားထဲ application များက fake tag ကြတာက အပြွတ်လိုက်ပါသေးတယ်။ အဆိုးဆုံးကတော့ My SIM ဆိုလားပဲ တစ်ခါ tag ရင် အများကြီးပဲ.. ကြည့်မရတဲ့ facebook က ဘော်ဒါများကို နောက် အရှက်ခွဲချင်ရင် ငယ်ငယ်က ပုံတွေသာတင်ပြီး ပြန် tag ပေးလိုက်ဗျာ သူတို့ timeline ထဲမှာ သွားပေါ်ပြီး အခြားသူတွေပါ ကြေငြာပြီးသားဖြစ်သွားမယ်.. တစ်ခုတော့ သတိထားဗျ တင်သမျှပုံ FaceBook က သူပိုင်တယ် လုပ်မှာနော်..

ပြသနာတွေထဲမှာ FaceBook icons တွေလို လိုက်လုပ်ထားတဲ့ fake Applications တွေကလဲ ရှိသေးတယ်။ နောက်သတိထားစရာက FaceBook က avatar, Profile Photo ဟာ လုံးဝ public ဖြစ်တယ်ဆိုတာပါ web site တွေ blog တွေက side bar မှာ Like လုပ်ထားရင် နောက်လူတွေလာဖတ်ရင် သိသိမသိသိ Fan အနေနဲ့ ပြမှာပါ။ Post ကို Like လုပ်တာကတော့ friend only ပြပေမယ့် အဲဒီ Fan Like ကတော့ public ဖြစ်သွားတာမို့ ကောင်မလေးနဲ့ တွဲရိုက်ထားတာမျိုးတွေ ပုံတွေ တင်ရင် သတိထားဖို့လိုပါတယ် ယောက်ဖတွေ ယောက္ခမတွေတွေ့သွားရင် လုံးဝ မလွယ်ပါဘူး :D

အခုတော့ ညနက်နေပြီမို့ ဒီလောက်ပဲဗျာ အောက်မှာတော့ link တွေထည့်ပေးထားပါတယ် FaceBook Privacy အကြောင်း ဆက်ဖတ်ချင်ရင် ဖတ်လို့ရပါတယ်။ မြန်မာလို အများဆုံးရေးပြီး status messages update လုပ်တာတွေက သူတို့လဲ တချိန်သုံးလို့ ရမရ မသေချာပေမယ့် photos တွေ videos တွေပါ ပိုင်တယ်ဆိုတဲ့ policy ကို အစာမကြေတာကြောင့် အများသိအောင် အသိပေးတာပါ။ FaceBook အနေနဲ့တော့ အချိန်မှီ Google Buzz လို မဖြစ်အောင် ပြန်ပြင်သင့်တယ် ထင်တာပါပဲ။ လောလောဆယ်တော့ FaceBook အကောင့် delete လုပ်ဖို့ campaign တွေလဲ ရှိနေတာတွေ့ရတယ်။ ဖျက်ဖို့ အထိကတော့ မလွယ်ပါဘူး ဓာတ်ပုံတွေ ဘာတွေတင်တာ ဆင်ခြင်နိုင်တာကောင်းပါတယ်။ လောလောဆယ်တော့ US Congress ကလဲ စာပို့ပြီး စုံစမ်းနေတယ် ပြောပါတယ်။ Have A Nice Day!!

Update FaceBook ထဲမှာ လောလောဆယ် malware တစ်ကောင်ပြန့်နေပါသေးတယ် အဲဒါက Sexy ပုံ preview ပြထားတဲ့ video တစ်ခုကို ကိုယ်လဲ မတင်ရပဲ အလိုလိုတက်တက်လာတာပါ။ စာသားက “this is without doubt the sexiest video ever! :P :P :P လို့ပေါ်ပါတယ် နောက် တစ်ခုက “Candid Camera Prank [HQ]“ လို့ ပေါ်နေပါတယ်။ ကြည့်မိရင် ကိုယ်ဆီလဲ ကူးပါတယ် သူငယ်ချင်းတွေဆီမှာ ဒီရက်ပိုင်း အဲဒါတွေ တက်တက်နေတာ သတိထားမိတယ်.. comment ပေးပြီး နောက်လို့တော့ ကောင်းသား ကြည့်ချင်ဦးဟဲ့ Sexy videos တွေဆိုပြီးတော့လေ :P (Read More FaceBook Sexiest Video Malware ~ Guardian)

Delete FaceBook

Quit Facebook

Read More About FaceBook Privacy Issues





Related Posts

14 Comments so far »

  1. Talkii said,

    Wrote on May 18, 2010 @ 7:34 am

    Privacy နဲ့တော့ မဆိုင်ပါဘူး။ မနေ့ကတော့ ၁၈ နှစ်အရွယ်ကောင်မလေးတစ်ယောက် ဟိုတစ်ပတ်လောက်ကတည်းက FB ထဲမှာ သိတဲ့သူ ၂ယောက်က ခေါ်လို့ သွားတွေ့ရာက ပျောက်သွားပြီး အသတ်ခံရတဲ့ သတင်းပါလာတယ်။

    setting တွေ ပြန်စစ်လိုက်ဦးမယ်။ သတိပေးတာ ကျေးဇူး။

    wordpress တို့ blogger တို့မှာ Tumblr မှာလို reblog buttom ပါရင် မူရင်းရေးတဲ့သူ နာမည်ပါ တွဲပါမှာ။ အခုက blog platform တွေရဲ့ လိုအပ်ချက်ပဲ။ ကူးတဲ့သူမှာ အပြစ်မရှိဘူး :P jk

    Like or Dislike: Thumb up 0 Thumb down 1

  2. NM said,

    Wrote on May 18, 2010 @ 8:58 am

    A few months ago, Facebook changed the privacy defaults to be completely public. Remember, how people complain when Google Buzz make the same thing by setting default to people you follow and people that follow you as public to anyone who looks at your profile. And how Google quickly reacted it. Facebook has no intention whatsoever to apologize it’s users or roll back their privacy flawed update. That’s a huge different to Google Buzz, by far.

    Like or Dislike: Thumb up 0 Thumb down 0

  3. NM said,

    Wrote on May 18, 2010 @ 9:19 am

    wordpress တို့ blogger တို့မှာ Tumblr မှာလို reblog buttom ပါရင် မူရင်းရေးတဲ့သူ နာမည်ပါ တွဲပါမှာ။ အခုက blog platform တွေရဲ့ လိုအပ်ချက်ပဲ။ ကူးတဲ့သူမှာ အပြစ်မရှိဘူး jk
    ===> Talkii, that makes sense to me. Nowadays people reblog and retweet a lot lately. Those blogging platform fail to implement the feature. Seems to me people really enjoy doing it. Anyway that’s not a big deal for me, as a user, I know what’s original and who’s producing genuine contents and who’s not, I’m not stupid and that say it all. So I just like to point out here that believe in yourself and your readers. Nobody can tell or control what people should do and shouldn’t. If that were the case, privacy problem would have been solved already. One thing is for sure people will still forward and reblog it without giving credit. I’m not encouraging them or something like that, it’s just reality. Einstein once says, “The secret to creativity is knowing how to hide your sources.”

    Like or Dislike: Thumb up 0 Thumb down 0

  4. NM said,

    Wrote on May 18, 2010 @ 9:29 am

    Darn, spelling mistake, please change “privacy problem would have been solved” to “piracy problem” :D

    Like or Dislike: Thumb up 0 Thumb down 0

  5. NM said,

    Wrote on May 18, 2010 @ 10:25 am

    And thanks for the post, it’s insightful and I’m thinking of deactivate it again. But I still like Facebook and that’s a problem :) These online services are increasingly pushing us towards to be more public with our life. Privacy is almost dead with the Internet. Here is a policy, don’t publish anything that you don’t want others to see to any websites, even in email! If you want to share something, call him or meet him personally. Well, those are too extreme. But we have to be more careful with this online thingy. Otherwise you might end up saying something like “What you say about me is none of my business”, which is no good.

    Like or Dislike: Thumb up 0 Thumb down 0

  6. Htoo Tay Zar said,

    Wrote on May 18, 2010 @ 11:14 am

    @ Talkii ~ အင်ဒိုနီးရှားက မော်ဒယ်တစ်ယောက်လဲ အ၀တ်မပါတဲ့ပုံတွေ သူ့ရည်းစားက တင်လို့ ဆိုတာလဲ တစ်ခါ ဖြစ်လိုက်သေးတယ်ဗျ… :D Web Vendor တွေက users များသွားရင် အဲဒီလို ပေါက်ကရလုပ်တာ အကျင့်ဖြစ်ကုန်တော့မှာပဲဗျ.. ပထမ Users များအောင်လုပ် ပြီးမှ ကိုယ်လုပ်ချင်ရာလုပ်ဆိုတဲ့ အချိုးဗျ.. ကြည့်မရတော့ဘူး…

    @ Ko NM ~ I think so too. FaceBook CEO will not apologize to users since He doesn’t have to much experience and still young. Google can find out their mistakes coz they have some experienced guy like CEO Eric.

    I am sure, people will still copy other person, blog’s articles without credit. Coz it’s become habit. But it’s ok, nowaday, most of people know who is the actual writer. I cannot delete my facebook account too. I’m still addicting to it although I don’t like their policies. But sure I’ll care about posting photos, videos.

    Like or Dislike: Thumb up 0 Thumb down 0

  7. လင်းဦး(စိတ်ပညာ) said,

    Wrote on May 18, 2010 @ 11:21 am

    ညီငယ်..ရေ
    ကျေးဇူးကွာ…. မသိတာ မရှင်းတာတွေ သိလိုက်ရတယ်… ကိုယ်သိသလောက်တော့ မြန်မာမဟုတ်ဘူး… တစ်ကမ္ဘာလုံးက အကောင့်ဖွင့်သူ ၉၅ % ဟာ Terms & Conditions ကို မဖတ်ဖူးဆိုတာကို ပြဖူးတဲ့ဆိုက် ဖတ်ဖူးတယ်…

    Facebook ဆိုက်ရဲ့ လုပ်ဆောင်ချက်နဲ့ သတိပေးမှုတွေ၊ ကန့်သတ်ချက်တွေကို အခုလို အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ။

    Like or Dislike: Thumb up 0 Thumb down 0

  8. သွယ်လင်းဆက် said,

    Wrote on May 18, 2010 @ 11:39 am

    အစကတည်းက မကြိုက်တာ။ ခုလိုထပ်ပြီး လူဝါးဝတော့ ပိုလို့တောင် မကြိုက်လာသေးတယ်။ ကျေးဇူး ကိုထူးတေဇာ။ မသိတာကို သိလိုက်ရပြီ။

    Like or Dislike: Thumb up 0 Thumb down 0

  9. Thiha said,

    Wrote on May 18, 2010 @ 12:04 pm

    For content that is covered by intellectual property rights, like photos and videos (“IP content”), you specifically give us the following permission, subject to your privacy and application settings: you grant us a non-exclusive, transferable, sub-licensable, …. ဆိုတဲ့အကန့်မှာ Subject to your privacy and application settings ဆိုတဲ့ စာသားလေးပါပါတယ်။ အဲဒီတော့ ကိုယ်ကိုတိုင်က Private ဒါမှမဟုတ် Friends Only ဆိုရင် အဲဒီ 2.1 နဲ့ အကျုံး မဝင်ဘူးလို့ ယူဆရပါတယ်။ ဒီတော့ Everyone ဆိုပြီး ပို့စ်လုပ်နေတာတွေကိုတော့ သတိထားရတော့မှာ ဖြစ်ပါတယ်။

    Like or Dislike: Thumb up 0 Thumb down 0

  10. FaceBook And Privacy @ HtooTayZar | Myanmar Tutorials said,

    Wrote on May 18, 2010 @ 12:27 pm

    [...] Facebook and Privacy [...]

    Like or Dislike: Thumb up 0 Thumb down 0

  11. TZA said,

    Wrote on May 18, 2010 @ 6:56 pm

    ဟုတ်တယ်၊ ကျနော်တို့ကသာ sensitive သိပ်မဖြစ်လို့၊ ကိုယ်တင်တဲ့ပစ္စည်းတွေ အပိုင်စီးတာ မပြောနဲ့၊ like button လေးတစ်ခုနဲ့တင် FB က ဘုရင်ဖြစ်သွားနိုင်တယ်လို့ ပြောကြတယ်။ လူတွေရဲ့ ကြိုက်တာနဲ့ မကြိုက်တာကို အကုန်သိနေမှတော့ ဘာလုပ်လုပ် စင်ပေါ်ကပဲပေါ့။

    Like or Dislike: Thumb up 0 Thumb down 0

  12. ko thet said,

    Wrote on May 23, 2010 @ 2:40 am

    Please let me share this post on my FB account.

    Like or Dislike: Thumb up 0 Thumb down 0

  13. Htoo Tay Zar said,

    Wrote on May 23, 2010 @ 2:42 am

    @ Ko Thet ~ Yes, You can share.. Thanks a lot for sharing bro. =D

    Like or Dislike: Thumb up 0 Thumb down 0

  14. htun hlin htit said,

    Wrote on September 2, 2010 @ 12:38 am

    I also want to share in my facebook. Thanks a million :D

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: