Interview With Myanmar Tutorials

လွန်ခဲ့တဲ့ ၄ ရက်လောက်က Myanmar Tutorials dot com က ကိုသီဟ က အင်တာဗျူးချင် ပါတယ်လို့ ပြောတာကြောင့် ကျွန်တော့် အကြောင်း အင်တာဗျူး သဘောမျိုးလေးလုပ် ဖြစ်ပါတယ်။ Myanmar Tutorials က online tutorials တွေ တင်ပေးနေတဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာကို မြန်မာလို ရေးထားတဲ့ tutorials တွေ မနည်းဘူးရှိနေပါပြီ။ နောက် အွန်လိုင်း Questions and Answers ဆိုဒ်လဲ လုပ်ထားတာတွေ့ရပါတယ်။
ကျွန်တော်နဲ့ အင်တာဗျူးကတော့ web design အကြောင်းကို အဓိကထားပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလဲ pro တစ်ယောက်မဟုတ်တာရယ် လေ့လာနေဆဲပဲ ဖြစ်တာကြောင့် သိသလောက်ဖြေထားတာပါ။ အခြား ကျွန်တော်နဲ့ ၀ါသနာတူတဲ့ သူငယ်ချင်းတွေလဲ အချင်းချင်း share လုပ်တဲ့ သဘောမျိုး inspiration အတွက် ဘယ်ဆိုဒ်တွေ ကောင်းတယ်။ ကျွန်တော် အားကျတဲ့ နိုင်ငံတကာက designer တွေ အကြောင်းတွေ ပြောဖြစ်ပါတယ်။ နောက်လဲ အင်တာဗျူး တွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။ ကိုစေတန် နဲ့လဲ ဗျူးထားတာ မကြာခင်တင်မယ်တဲ့။ မြန်မာပြည်က အသက်အငယ်ဆုံး ဘလော့ဂ်ဂါ Emoracket နဲ့ဗျူးထားတာလဲ ဖတ်လို့ရပါတယ်။ Have A Nice Day!!

Ye Myat said,
Wrote on May 13, 2010 @ 1:34 am
ခုလေးတင်ပဲ အစ်ကိုတို့ ၂ ယောက်လုံးရဲ့ အင်တာဗျူးကို ဖတ်လိုက်ရတယ်ဗျို့
Like or Dislike:
0
0