Orianthi ~ Highly Strung


Orianthi

ဒီနေ့တော့ သီချင်းတစ်ပုဒ် တင်ထားလိုက်မယ်ဗျာ ပင်ပန်းနေလို့… သီချင်းတင်ပြီး အိပ်တော့မလိုပါ.. Orianthi ရဲ့ Highly Strung လို့ အမည်ရတဲ့ သီချင်းပါ။ Believe ဆိုတဲ့ အခွေထဲက ဖြစ်ပါတယ်။ Orianthi ဆိုတာ ဘယ်သူလဲလို့ မိတ်ဆက်ပေးရရင် သူက Australia က မိန်းကလေး ဂစ်တာသမား၊ သီချင်းရေးသူတဲ့ ပါ။ Michael Jackson ရဲ့ This is It Documentry အခွေထဲမှာ guitar တီးတဲ့ မိန်းကလေးက သူပါပဲ။ ပြီးခဲ့တဲ့ ၂ ပတ်ကျော် Siobhan Magnus မထွက်ရခင်က American Idol မှာ Steve Vai, Randy Jackson, Travis (ex-Blink 182) တို့နဲ့ သီချင်းဝင်တီးသွားပါသေးတယ်။ နောက် Hope for Haiti ~ We Are The World မှာလဲ ဂစ်တာဝင်တီးထားပါတယ်။

Orianthi

အခု Highly Strung သီချင်းကို Steve Vai ကလဲဝင်တီးပေးထားပါတယ်။ Instrumental music ပါ.. ဂစ်တာသံကြိုက်လို့ ခဏတိုင်းနားထောင်ဖြစ်ပါတယ်။ Orianthi က PRS Guitar ရဲ့ Signature Artist တစ်ယောက်ပါ။ မိန်းကလေးနဲ့ PRS အချိုးအစားကလဲ လိုက်တယ်လို့ ထင်တယ်။ ကျွန်တော်လဲ PRS Guitar ကြိုက်ပါတယ် body ကော fret တံကော head ပုံစံကတော့ အကြိုက်ဆုံးပဲ။ လက်ရှိ အိမ်က ဂစ်တာတောင် PRS ခေါင်းနဲ့ တူလို့ ၀ယ်ထားတာပါ။ တကယ့် PRS က US 3000$ ကျော်မှ စတယ်။ Korean Under license တွေကိုတော့ ဒီမှာ S$1000 ကျော်ကျော်နဲ့ ရနိုင်ပါတယ်။

သီချင်းထဲမှာ ဂစ်တာကို ၂ ယောက် တစ်ယောက် တစ်လှည့် solo တီးတီးသွားတာ ကြိုက်တယ်။ Steve Vai ကတော့ ပြောမနေနဲ့တော့ အရင်ကတည်းက သူက ဂစ်တာတီးရင် အရမ်း mood သွင်းတတ်တာ အခု သီချင်းထဲမှာတော့ က ပါနေသေးတယ်။ သီချင်းမှာ solo တစ်ယောက်သီချင်းကို music video ရိုက်ထားတာ သဘောကျတယ် comic book ထဲကလို အပိုင်းပိုင်းတွေ ခွဲထားတာကို သဘောကျတယ်။ Orianthi ရဲ့ According to You သီချင်းမှာလဲ ဗီဒီယိုက Guitar Hero ပုံစံ guitar fret တဲ့ အလယ်ကပါတဲ့ ပုံနဲ့ ရိုက်ထားတာလဲ ကြိုက်တယ်။ ဒါရိုက်တာ တူတူပဲထင်တယ်။ နားမထောင်ဘူးသေးရင် နားထောင်ကြည့်ပါလို့ တိုက်တွန်းပါတယ်။ တကယ်ကြိုက်သွားမှာပါ။ Have Fun!!

Orianthi (Feat. Steve Vai) ~ Highly Strung

Orianthi

Orianthi





Related Posts

3 Comments so far »

  1. Nyan Min said,

    Wrote on May 11, 2010 @ 8:51 am

    Awesome!

    Like or Dislike: Thumb up 0 Thumb down 0

  2. Nyan Min said,

    Wrote on May 11, 2010 @ 9:05 am

    Hm, Vevo doesn’t allow play back on certain sites, I tried it on FB and Buzz, nope!

    Like or Dislike: Thumb up 0 Thumb down 0

  3. Maverick said,

    Wrote on May 12, 2010 @ 8:45 pm

    တော်တော်ကောင်းတယ်ဗျာ…..ဂီတာတီးပုံတွေက။ ဒီသီချင်းကြောင့် ကျွန်တော်တောင် ဂီတာတီး သင်ချင်လာပြီ။ :D

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: