hit counter

Seesmic for iPhone

Seesmic for iPhone

Seesmic ဆိုတာက Adobe AIR နဲ့ အလုပ်လုပ်တဲ့ Twitter + FaceBook desktop application ပါ။ Seesmic ကို အခြား BlackBerry, Android တွေမှာ app free ရတာ နဲနဲကြာပါပြီ။ အခုကတော့ iPhone (AppStore Download Link) မှာ စရတာပါ။ Seesmic က အမှန်တော့ TweetDeck နဲ့ ပြိုင်ဖက်လို့ ပြောလို့ရပါတယ်။ အရင် tweetDeck က iPhone App မှာ free ရတယ် twitter ကော facebook ကော app တစ်ခုထဲမှာပါတယ်ဆိုတော့ အသုံးများပါတယ်။ အခု Seesmic ပါဝင်လာပြီဆိုတော့ TweetDeck နေရာမသေချာတော့ဘူး။

Seesmic for iPhone

Free ရတဲ့ Seesmic ကို download လုပ်ပြီးပြီးချင်း သတိထားမိတာက UI က ရှင်းနေတာပဲဆိုတာပါ။ Twitter FaceBook အပြင် Ping.fm ပါ အလုပ်လုပ်တယ်.. အကောင့်တွေဝင်ကြည့်လိုက်တယ် UI လှတယ် နောက် Navigation တွေက ရှင်းတယ်။ တစ်ချက်ဝင်လိုက်တာနဲ့ ဘာလုပ်ချင်ရင် ဘယ်ကိုနှိပ်ဆိုတာ သိလိုက်တယ်။ TweetDeck စသွင်းပြီးချင်းတုန်းကနဲ့ တော်တော်ကွာပါတယ်။ TweetDeck စသုံးချင်းတုန်းကလည်နေတာပဲ အထဲထဲတင် လမ်းပျောက်နေတယ်.. အခု Seesmic ကတော့ ဘာမှမဆိုင်အောင်ကောင်းပါတယ်။ နောက် Geotag, Photo Upload တွေလဲ ရတယ်။ Orientation ကတော့ vertical တစ်မျိုးပဲ app တစ်ခုလုံးမှာ ဘာမှ ပြောင်းမသွားတာ သတိထားမိတယ်။

Seesmic for iPhone

Ping.fm ရတာက တစ်ခုကောင်းပါတယ်.. သူက blog service တွေ support လုပ်တယ်.. flickr, plurk တွေလဲ ရတယ်။ Plurk ဆိုမေ့တောင်နေပြီ အခု ဒီမှာရတယ်ဆိုတော့ တော်တော်အဆင်ပြေတယ်… Message တစ်ခုကို twitter accounts, facebook, Ping.fm, Plurk တွေမှာ တပြိုင်ထဲ တင်လိုက်လို့ ရပါတယ်. App ကို ၀င်ဝင်ချင်း တွေ့ရတဲ့ overview dashboard 4 ကွက် 4 ကွက်ခွဲထားတာကို သဘောအကျဆုံးပဲ။ Slide လုပ်ပြီး တစ်ခုနဲ့တစ်ခု ကူးသွားလို့လဲ ရပါတယ်။ မှတ်ချက်ပေးရရင် ကျွန်တော်က UI လှမှကြိုက်တဲ့သူဆိုတော့ မလှတဲ့ TweetDeck ကိုဖြုတ်ပြီး Seesmic ပဲပြောင်းသုံးဖြစ်တော့ပါမယ်။ ၂ ခုက features အနေနဲ့ကတော့ ဘာမှမကွာပါဘူး။ အတူတူပဲဆိုတော့ UI လှတာနဲ့ပဲ ဆုံးဖြတ်ပါတယ်။ Icon ပုံ ကြောင်ရုပ်လေးကလဲ မိုက်ပါတယ်။ Official Twitter iPhone app အကြောင်းကတော့ နောက်မှရေးပါတော့မယ် ဖတ်ချင်ရင် Tweetie desktop ကို အရင်ဖတ်လို့ရပါတယ် ကျေးဇူးပါ။

Seesmic for iPhone

Seesmic for iPhone


Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: