ဒီရက်ပိုင်း အတွင်းမှာပဲ ကိုယ်ပိုင် Portfolio ဒီဇိုင်းတစ်ခု လုပ်ထားလိုက်ပါပြီ။ အမှန်တော့ ဒီ design ကလုပ်ထားတာကြာပါပြီ wordpress ပဲ မပြောင်းရသေးတာပါ။ ဒီရက်ပိုင်းမှာ ကိုယ်ပိုင် design နဲ့ blog ပဲလုပ်ချင်လာတာကြောင့် ရှိတဲ့ အထဲက တစ်ခုကို wordpress ပြောင်းရေးလိုက်ရတယ်။ ဟိုအရင်ကတည်းက design လုပ်ထားပြီးပြောင်းမယ်ပြောင်းမယ်နဲ့ မပြောင်းဖြစ်တာပါ။
အခုတော့ ဖြစ်သလိုလေး ကိုယ်ပိုင်လုပ်ထားတယ်။ ဆိုဒ်က .png images တွေ အများကြီး သုံးထားတော့ Internet Explorer 6 ကို support မလုပ်နိုင်တော့ဘူး (fix မပြင်ချင်တာလဲ ပါတယ်) နောက် box-model တွေဆောက်တာများသွားတဲ့အတွက် IE7 နဲ့လဲ compact မဖြစ်ပါဘူး။ IE8 ကို မြှင့်မှ အဆင်ပြေပါလိမ့်မယ်။ အခြား browser တွေကတော့ အကုန် အလုပ်လုပ်ပါတယ်။ ကြည့်လို့ အကောင်းဆုံးကတော့ Safari နဲ့ ကြည့်လို့ ကောင်းပြီး Firefox လဲကောင်းပါတယ်။
အမှန်တော့ အခု ဒီဇိုင်းကို ယာယီပဲ သုံးမယ်လို့ စိတ်ကူးထားတယ်.. နောက် ၄ လလောက်အတွင်း နောက်တစ်ခု ပြောင်းလိုက်မယ် အဲဒီအခါကျရင်တော့ ဒီဇိုင်းကို minimalism မျိုးဖြစ်ရင်ဖြစ်မယ် ဒါမှမဟုတ် ရေအောက်ထဲ သွားရင် ကောင်းမလား စဉ်းစားနေတုန်းပါပဲ။ Portfolio page လဲ အခုထည့်ထားပါတယ်.. အဲထဲမှာတော့ လုပ်ဖူးတဲ့ အထဲက ဆိုဒ်တစ်ချို့ထည့်ထားပါတယ်။ တချို့ဆိုဒ်တွေကြတော့လဲ company sites ဖြစ်နေတော့ မထည့်ချင်တာကြောင့် ချန်ထားလိုက်တယ်။ လိုဂို ဒီဇိုင်းတွေလဲ ထည့်မထားသေးဘူး ကလေးသာသာဖြစ်နေတော့ ရှက်လို့။
English blog တစ်ခုလဲ စရေးမလို့ စဉ်းစားထားတယ်.. ခက်တာက ကိုယ်က အင်းကလိပ်စာက ဂရမ်မာလဲ သိပ်ကောင်းကောင်းမတတ်တော့ တစ်ခါရေးဖို့ တော်တော် စဉ်းစားရတယ်။ အမှားတွေပါနေခဲ့ရင်တော့ ခွင့်လွှတ်ပါဗျာ။ About me, contact page လဲထည့်ထားလိုက်ပါတယ်။ အမှန်တော့ ဒီဇိုင်နာလုပ်ပြီး static page နဲ့ ဒိုမိန်းကြီး အကြာကြီးဖြစ်နေလို့ အချိန်မှီပြင်လိုက်ရတာပါပဲ။ ပွင်ပွင့်လင်းလင်းပြောရရင် အခုသုံးထားတဲ့ ဒီဇိုင်းက စက်ထဲမှာ static page design ကို jQuery plug in တွေစမ်းတယ် CSS စမ်းတဲ့ page ပါ အခြေအနေအရ ယူသုံးလိုက်တာပါပဲ။ နောက် ၄ လလောက်နေရင် အသစ်ပြောင်းပါ့မယ်။ အဆင်ပြေရင်တော့ Eng Blog RSS feed ကိုလဲ subscribe လုပ်လို့ရပါတယ် သိသလောက် tutorial လေးရေးကြည့်မယ် စဉ်းစားထားတယ်။ ပျော်ရွှင်ပါစေ။
design ကတော့ creative ဖြစ်ပါတယ်ဗျို့ …
Like or Dislike:
0
0
အားကျတယ်ဗျာ
Like or Dislike:
0
0
တော်တော်လေးကို သဘောကျတယ်ဗျာ . . . ဆက်လက်အောင်မြင် တိုးတက်ပါစေး)
Like or Dislike:
0
0