ဒီနေ့တော့ အားနေလို့ဗျာ.. လူအမြင်ကတ် မယ့်စာမျိုးရေးကြည့်ဦးမယ်။ မြန်မာ ဘလော့ဂ်တွေ အကြောင်းပေါ့။ ဘယ်ကစရရင် ကောင်းမလဲ မသိလို့ copy right ကနေပဲ စတော့မယ်ဗျ။ မြန်မာ ဘလော့ဂ်တွေမှာ ပြသနာ အဖြစ်ဆုံးက ပို့စ်ကူးတယ်ဆိုတဲ့ ပြသနာပဲဖြစ်မယ်ထင်တယ်။ ကူးတယ်ဆိုတာကလဲ တစိတ်တပိုင်း တင်တာမျိုးမဟုတ်ပဲ အားလုံး ဧ သည် မရွေးတူတယ်။ နောက် မူရင်းရေးတဲ့သူ credit link မထည့်တာကနေစတာပဲ။
များသော အားဖြင့်တော့ အဲဒီလိုတင်တဲ့သူ အများစုက forward mail ကနေ ရတာကို ပြန် share လုပ်ချင်တဲ့ ဆန္ဒနဲ့ တင်ရင်း မူရင်းရေးသူနဲ့ ရန်ဖြစ်ရတာပါပဲ။ အဲဒီတော့ မူရင်း link လဲမသိတော့ မထည့်ကြတော့ဘူးပေါ့.. တချို့ကြတော့လဲ မူရင်းရေးတဲ့ ဆိုဒ်ကနေ ပေါ်တင်ကို ကူးချတာလဲရှိတယ်။ Forward mail တွေကို ဘယ်သူတွေ စစပြီးပို့တယ် မသိပေမယ့် ရောက်လာလိုက်ရင် မူရင်း ရေးတဲ့ ဆိုဒ် လင့်ခ် မထည့်ကြတာပဲ တွေ့နေရတယ်။ ပြီးတော့ လာသေးတယ် ဒီစာကို အတတ်နိုင်ဆုံး အမြန်ဆုံး forward, share လုပ်ကြပါတို့။ ဒီစာကို forward လုပ်ရင် စာထဲက ဆင်းရဲနေတဲ့သူတွေ အလှူငွေ ဘယ်လောက်ရတယ်တို့ကလဲ ပါသေးတယ်။
ကျွန်တော်ရေးထားတဲ့ Google Buzz ပို့စ်တုန်းကလဲ forward မေးထဲ ပါသွားသေးတယ်။ ဘယ်သူပို့တယ်လဲ မသိပါဘူး ပို့တုန်းကလဲ ကျွန်တော့်လင့် မပါဘူး။ လူတွေကလဲ ခက်တယ် တစ်ခုခု မကောင်းကြောင်းဆို forward လုပ်တာ သိပ်မြန်တယ်။ နောက် Ning ဆိုဒ်တွေမှာလဲ ပြန်တင်ကြတယ်။ အဲဒီမှာ ပြသနာကစတယ် Google က သူ့ ဟာကွက်တွေရက်ပိုင်းအတွင်းပြင်တယ်.. web မှာက ပြင်စရာရှိရင် အရင် software လောကနဲ့ မတူပဲ ချက်ချင်းပြင်လိုက်လို့ရတယ်။ Software က user တွေဆီကို patch တွေရောက်အောင် ပို့နေရသေးတယ်။ အဲဒီမှာ Ning ဆိုဒ်တစ်ချို့မှာကွန်မန့်တွေတွေ့တယ် အမှားတွေရေးတယ်ဆို ပြီးပြောတာလဲရှိတယ်။
ဆိုဒ်တစ်ခုမှာဆို သူကိုယ်တိုင်ရေးတာပါဆိုပြီး အအော်ခံရသေးတယ်။ အဲဒီမှာ ပြသနာ ထပ်ဖြစ်တယ် credit link မထည့်လဲကူးချ ဘာမှသိပ်မခံစားရပါဘူး ကိုယ်တိုင်ရေးတဲ့ သူကို ခိုးချပါတယ်ဆိုပြီး လူသိရှင်ကြား အော်ခံလိုက်ရတော့ ပြသနာ ဆုံးအောင် ရှင်းရတော့တယ်။ အမှန်တော့ date ကအစ ကျွန်တော်ရေးတာက ၈ ရက်လောက်ပိုစောနေတာပါ။ တစ်ဖက်ကလဲ သူနဲ့ သူ့ဆရာနဲ့ ပေါင်းရေးထားတာပြောတယ်။ ကျွန်တော့်ကို ငြင်းတဲ့သူက သူအမှန်လို့ကို ယုံကြည်နေတော့ ပုံမှန်မဟုတ်တော့ဘူး ကြားလူဖြစ်တဲ့ သူ့ဆရာ ကို ဆက်စုံစမ်းဖြစ်တယ်။ နောက်ဆုံးတော့မှ အဲဒီ ဆရာ ဆိုတဲ့ ပုဂိုလ်က ကျွန်တော့် ဆိုဒ်ကနေကူးသွားပြီး သူရေးသလိုလို နဲ့ ပေးတာဖြစ်နေတယ်။ နောက်ဆုံးတော့ ပြေလည်သွားပါတယ်။ ( ပြသနာနဲ့ ဘာမှမဆိုင်တဲ့ ကိုဇောင်း ကိုတောင် အကူအညီတောင်းရသေးတယ်)
နောက် blog လောကမှာက တွေ့မိတာ သူများစာတင် မဟုတ် သူများတင်ထားတဲ့ ဓာတ်ပုံ လဲကူးချတတ်ကြသေးတယ်။ အခုတောင် ကိုညီလင်းဆက် ရဲ့ blog က သင်္ကြန်တုံးကပုံကို Myanmar Newsweek ဆိုတဲ့ ဂျာနယ်က ကူးချပြီး သူတို့ သတင်းထောက်ရိုက်ထားတာပါ ပြောနေလို့တဲ့။ ဂျာနယ်နာမည် အတိအကျရေးရတာ စိတ်မရှိပါနဲ့ သိက္ခာမရှိတဲ့ သူတွေမို့ ထည့်ရေးပါတယ်။ ခွင်မတောင်းပဲ ယူသုံးမိပါတယ်ဆို ပြီးနိုင်ပေမယ့် အခုလို သူခိုးက လူပြန်ဟစ်တာကတော့ လွန်တယ်ထင်တယ်ဗျာ။ နောက် အဲဒီတုန်းကလဲ သောင်းသောင်းဖြဖြ ကြိုဆိုကြလို့ ဆိုပြီး ဘလော့ဂ်တစ်ခုမှာ တွေ့လိုက်သေးတယ်။ အံ့သြတာက အဲဒီ ဘလော့ဂ်မှာ ၀င်ရေးထားတဲ့ အမြင်မတူတဲ့ အကျိုးသင့်၊ အကြောင်းသင့်ရေးထားတဲ့ comment တွေကို စာရေးသူကိုယ်တိုင်က မလေးစားဘူးလို့ ထင်တယ်၊ နောက် ကိုယ်တိုင်မမြင်ရတဲ့ ကိစ္စကို တရားသေယူထားတာကိုလဲ အံ့သြတယ်.. ကျွန်တော်ကတော့ ဘာမှမပြောလိုဘူး စာရေးနေတဲ့သူရဲ့ စိတ်ကို သူ့ blog post ဖတ်ခြင်းအားဖြင့် ခန့်မှန်းလို့ရတယ် ဆိုတာတော့သိတယ်။
အခု တစ်ပိုဒ်ကတော့ နည်းပညာ ဘလော့ဂ်တွေ ဆိုတာတွေ အကြောင်းရေးလိုက်မယ်ဗျာ.. ဘလော့ဂ်တွေမှာ နည်းပညာ ရေးတာတွေလဲ ရှိတယ်။ အများစု ကျွန်တော် မကြိုက်တာက နိုင်ငံခြား blog က စာမျိုးကို ဘာသာပြန်ရေးရင် source link မထည့်ကြတာပဲဗျ။ Tutorial လို မျိုးတွေ မြန်မာလိုပြန်ရေးကြတာတွေ့တယ် ဖတ်တဲ့သူအတွက်လဲ မြန်မာလို ဖတ်ရတော့ အကျိုးရှိတယ် ဒါပေမယ့် မူရင်းလင့်ခ် မထည့်ထားဘူးဗျ မေ့ကျန်တာမျိုးလဲ မဟုတ်ဘူး အားလုံးကို မပါတာ ဆိုတော့ ကိုယ်တိုင် အထင်ကြီးခံချင်တာမျိုးပဲလားတော့ မသိဘူး။ မူရင်းရေးတဲ့သူရဲ့ အချိန်၊ ကြိုးစား အားထုတ်မှုကိုတော့ link လေးထည့်ပြီး ဖော်ပြပေးတာ အပန်းလဲ မကြီးသလို ဆက်ပြီး အများကြီးဖတ်ချင်တဲ့ စာဖတ်သူအတွက်လဲ အကျိုးရှိပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်လောက်က IC unplugged ခွေထဲမှာ ကိုလေးဖြူ ပြောသလို မူရင်းနဲ့ ကော်ပီ/translate နဲ့ ကြိုးစား အားထုတ်မှုခြင်း တူပါတယ်လို့တော့ လာမပြောနဲ့ဗျာ။ မယုံဘူး။ သူများ စာကို ဘာသာပြန်ရင်၊ ဓာတ်ပုံကိုယူသုံးရင် မူရင်း author ကို အသိအမှတ်ပြုရမှာက ကျင့်ဝတ်ပဲ။ တစ်ခါကလဲ ning ဆိုဒ်တစ်ခုမှာ တွေ့တယ် PSDTut က photoshop tutorial တွေကို ဘာသာပြန်ပြီးတော့ ကိုယ်တိုင်ရေး ပုံစံနဲ့ ရေးသလိုလိုတွေ့ရသေးတယ်။ အရင်က ကျွန်တော်လဲ ပြန်တွင်းထုတ် magazine မှာ သတင်းဆောင်းပါးမျိုးရေးသေးတာပဲ hyper-link ထည့်လို့ မရလဲ အောက်ဆုံးမှာ Ref : နဲ့ link တွေအကုန်ထည့်ပေးတာပဲ။ ကျွန်တော့်စာကို သူများ ကူးချတာ မကြိုက်လို့ ကိုယ်တိုင်လဲ ref လုပ်ရင် credit ပြန်ပေးဖြစ်တာပဲ။ ရှင်းရှင်းလေးပါ ကိုယ်ချင်းစာတတ်ဖို့ ပဲလိုတယ်။
နောက် ကွန်ပျူတာ သမားတွေ blog ရေးကြတာမှာ ဘာမှန်းမသိတဲ့ ကိစ္စမျိုးတွေလဲရှိပါသေးတယ်။ ပြောရတာတော့ ခက်တယ်ဗျာ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ ကျွန်တော် project တစ်ခုအကြောင်း blog မှာ (link) တင်ပြီထားလိုက် နောက် ၂၄ နာရီ မပြည့်ခင် အတွင်းမှာပဲ ကျွန်တော် project မှာပါတဲ့ feature အချို့ကို ဘယ်လိုလုပ်တယ်ဆိုတာ အခြား blog တစ်ခုက တင်လာတာမျိုးလဲ ရှိတယ်။ ဆိုလိုတာကဗျာ ကျွန်တော်လုပ်ထားတဲ့ project မှာသုံးတာတွေကို လျိုထားချင်တယ် ဆိုလိုတာ မဟုတ်ဘူးခင်ဗျ ကျွန်တော့် အလုပ်ကလဲ front-end ပါ viewsource ကြည့်ရင် အကုန်မြင်ရပါတယ် compile လုပ်လို့ရတာမျိုးလဲမဟုတ်ဘူး။ ပြီးတော့ plug in တွေဆို အွန်လိုင်းမှာ pro တွေရေးထားတဲ့ tutorial တွေ တပုံကြီး။
အဲဒါမျိုးမှာ ဒီနေ့ရေး နောက်နေ့ အဲဒါမျိုး ဘယ်လိုလုပ်တယ်ဆိုပြီး အခြား ဘလော့ဂ်မှာ ၁ ခါလဲ မဟုတ် ၂ ခါလဲ မဟုတ်တွေ့လာရတော့ လန့်လာတယ်။ မရေးပါနဲ့လို့ပြောချင်တာ မဟုတ်ပါဘူး ရေးပါ ကိုယ်ကြိုက်ရာပေါ့ personally ပြောချင်တာက ကျွန်တော်အခုရေး နောက် မကြာခင် ဘယ်လိုလုပ်တယ်ဆိုပြီးရေးဆိုတော့ အံ့သြလာတယ်။ အမှန်တော့ သူတို့တွေဆိုတာက လူချင်းလဲ ခင်ကြတယ် သင်ဆရာ မဟုတ်ပေမယ့် မြင်ဆရာလို့ လဲ ပြောလို့ရတယ်။ ဒါမျိုးတွေတွေ့လာရတော့ ကျွန်တော်ကိုယ်တိုင် လေးစားမူကျကျသွားတယ်။ တိုက်ဆိုင်တာမျိုးမဟုတ်တာ သေချာပါတယ် ဆိုတော့ အကြိမ်ပေါင်း အများကြီးကတော့ တိုက်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ အခြား tech blog ဖတ်သူအနေနဲ့လဲ ရိပ်မိတဲ့သူရှိချင် ရှိလိမ့်မယ်။ ဒါမျိုးက ethic နဲ့ နောက် အားနာတတ်မှုနဲ့ ဆိုင်မယ်ထင်တယ်။
ကျွန်တော်လဲ အဲဒါမျိုး ကျွန်တော်လဲ ဖြစ်ဖူးပါတယ် အရင်က လေးစားတဲ့ tech blogger အကိုတစ်ယောက် ဘလော့ဂ်မှာ photo software တစ်ခုအကြောင်း ရေးထားတာတွေ့တယ်။ ဖြစ်ချင်တော့ ကျွန်တော်ကလဲ ညဘက်ကတည်းက အိမ်ကစက်မှာ ရေးထားပြီးသား၊ ဓာတ်ပုံတွေ ဖြတ်ထားပြီးသား အင်တာနက်ကဖေးရောက်ရင် တင်ဖို့ notepad .txt နဲ့ ကူးလာတုန်းမှ တိုက်တိုက်ဆိုင်ဆိုင်တွေ့တယ် ဒါနဲ့ မတင်တော့ပဲထားလိုက်တယ်။ မြန်မာ blog တွေဆိုတာ အရင်ထက်များလာတယ် ဆိုပေမယ့် နဲနဲလေး နိုင်ငံခြားနဲ့ ယှဉ်ရင် သေးသေးလေးပါ။ နိုင်ငံခြား blog တွေမှာတောင် Google က product အသစ်ထုတ်လို့ သတင်းတင်တာချင်းတူပေမယ့် အချိန်ကာလ နဲ့ မသက်ဆိုင်တဲ့ post မျိုးတွေမှာ သူတို့ တစ်ဖက်နဲ့ တစ်ဖက် မတူအောင် ရှောင်ကြတယ်။ Smashing Magazine မှာ Minimalism Design အကြောင်းတင်ရင် အခြား design blog အားလုံးမှာ Minimalism အကြောင်း မတင်တာကို သတိထားမိမလား။ သူတို့ တင်ရင်လဲ နောက် ၁ ပတ် ၂ ပတ်လောက်ကြာမှ တင်ကြတယ်။
Blog လောကကတော့ ရှုပ်ပါတယ်.. အေးအေးဆေးဆေး နေတာကောင်းပါတယ်။ blogger တွေအနေနဲ့လဲ blogger ethic ရှိရင် လိုက်နာနေရင် အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်ကတော့ ethic တွေဘာတွေ မလိုက်နာပါဘူး ဘာတွေလဲ မသိဘူး။ ကိုယ်ချင်းစာ တရား၊ ကိုယ့်ကို လာလုပ်ရင် မကြိုက်တာကို သူများသွားမလုပ်ဖို့ နဲ့ပဲ စဉ်းစားတယ်။ သေချာကြည့်တော့ အဲဒီလိုလုပ်တာက လူအဖွဲ့ အစည်းက ethic ဥပဒေတွေ သိစရာမလိုပဲ လိုက်နာပြီးသားဖြစ်နေတယ်။ တော်ပြီဗျ နောက်မှပဲ Blogosphere ကြီး အကြောင်းဆက်ပြောတော့မယ်။ Happy Blogging!!
I like this post so much… Cheer!
Like or Dislike:
0
0
ဒီပိုစ့်က အဆုံးထိပါမလာဘူး ။”ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ ကျွန” မှာပျပြတ်သွားတယ်
Like or Dislike:
0
0
@ Khet Myint Myint ~ Fix it bro… sorry I didn’t notice it.
Like or Dislike:
0
0
အင်း … မြန်မာ blogosphere ကတော့ အစကတည်းက အိပဲ့ပဲ့နဲ ချီတက်လာတာ။ အဓိက ကတော့ နိုင်ငံခြားဘလော့ဂ်တွေ မဖတ်ကြလို့ဖြစ်မယ်။ ကျင့်ဝတ်နဲ့ပတ်သက်ပြီး နားမလည်ကြတာပဲ။ လုပ်ချင်တာ လုပ်နေကြတာ။ ကိုယ်မပိုင်တဲ့ အရာကို ကိုယ်ပိုင်ပါလို့ ညာတာတော်တော် ဆိုးပါတယ်။ ဒီကိစ္စတွေ ကိုညီလင်းဆက်တို့ ပြောလာတာလည်း ကြာလှပြီ။ တချို့တွေက ခုထိ နားမလည်တာလား ရူးချင်ယောင်ဆောင်တာလား မသိဘူးဗျ။ တကယ့် ဟာသပဲ။
tech blog ရေးတဲ့ ကိုယ့်ဆရာတွေ ပညာပြတာတော့ … အင်း။ မကြုံဖူးတော့ မသိဘူးဗျ။ ကျနော်သိတာကတော့ ကိုယ်တိုင်က ထဲထဲဝင်ဝင်မသိဘဲ ဆရာကြီးလုပ်ချင်တဲ့သူတွေ ရှိတယ်ဆိုတာပဲ။ Graphic design နဲ့ပတ်သက်တဲ့ မြန်မာ Ning ဆိုဒ်တစ်ခုထဲမှာ တွေ့ဖူးတယ်။ မသိတဲ့သူကို မတတ်တဲ့သူတွေက ဆရာပြန်လုပ်နေကြတာ။ ရယ်ဖို့တော့ကောင်းတယ်။ တကယ်ဆိုရင် tutsplus မှာပဲ သွားဖတ်ဦး အများကြီးသိနိုင်တဲ့ ကိစ္စတွေ။ ဒီဇိုင်းနဲ့ပတ်သက်တဲ့ တခြားဆိုဒ်တွေလည်း အများကြီးရယ်။ Source တွေကိုမပြောတော့ လေ့လာမှုတွေက ဘယ်တိုးတက်တော့မလဲ။
ခုလိုပြောတာ တော်တော်ကောင်းတယ်။ Blogosphere ထဲ နောက်ထပ်ဝင်လာမယ့် လူတွေကို ပညာပေးသလို ဖြစ်တာပေါ့။ တစ်ခါတည်း ပြောလို့ ပြီးမှာမဟုတ်တာတော့ သေချာတယ်ဗျို့။
Like or Dislike:
0
0
အခုမှပဲ အချိန်ပေးပြီး ဖတ်ဖြစ်တော့တယ်။ အားပေးလျက်ပါ။
Like or Dislike:
0
0
[...] Htoo Tay Zar links to a technorati stat on the number of blogs and blog posts in Myanmar [...]
Like or Dislike:
0
0