Archive for June, 2010

Pairing Apple Remote

Paring Apple Remote

Apple Remote က presentation လုပ်ဖို့လိုမျိုးတွေမှာ တော်တော်အသုံးဝင်တယ်လို့ ပြောလို့ရပါတယ်။ ဈေးကြီးတာကတော့ ချွင်းချက်ပေါ့။ အမှန်တော့ မိတ်ဆွေမှာ iPhone, iPod touch, iPad တစ်ခုခုရှိခဲ့ရင် သူတို့ကိုလဲ remote အနေနဲ့ Apple ကလုပ်ပေးထားတဲ့ Remote free app သုံးလို့ရသလို 1$ ပေးပြီး Keynote Remote လဲဝယ်လို့ရပါတယ်။ ဒါမှမဟုတ်ရင် Sony Ericsson, Nokia လိုဖုန်း bluetooth သုံးပြီး pair လုပ်ပြီး remote အနေနဲ့ သုံးလို့ရပါတယ်။

Read the rest of this entry »

Waka Waka

wakawaka

Waka Waka လို့ဆိုတဲ့ 2010 ကမ္ဘာဖလား သီချင်းကတော့ တော်တော် အောင်မြင်တာပဲ။ နေရာတိုင်းကြားရတယ်။ ကျွန်တော် World Cup 2010 Song ဆိုပြီး တင်တုန်းက Shakira နဲ့ ဗီဒီယိုက မထွက်သေးဘူး သီချင်းပဲရှိသေးတာ။ အခုမှ ဗီဒီယိုကို နေရာအနှံ့မြင်ရတော့ ကြည့်မိပြီး သဘောကျသွားတယ်။ ကတာတွေလဲ ကြိုက်တယ်။ နောက် Shakira ရဲ့ ဖက်ရှင်ကို ကြိုက်တယ်။ ဆံပင်မှာ အရောင်စုံ ဘောလုံးလိုလေးတွေ တပ်ထားတာလဲ သဘောကျတယ်။

Read the rest of this entry »

Birthday Cake for You!!

Birthday Party

ဒီနေ့ ရွှေတိဂုံ ဘုရား မြောက်ဘက်က M3 မှာ သူငယ်ချင်းတွေနဲ့ ကာရာအိုကေ သွားဆိုဖြစ်တယ်။ မုန့်တွေ အတူစားဖြစ်ပါတယ်။ ညနေအထိ သီချင်းတွေ ဆိုဖြစ်ကြပါတယ်။ အမှန်တော့ ဒီနေ့က ကျွန်တော့် မွေးနေ့ မို့သူငယ်ချင်းတွေ လိုက်ကျွေးဖြစ်တာပါ။

Read the rest of this entry »

Changi to Yangon Airport in Stop Motion

Singapore to Yangon in Stop Motion from Htoo Tay Zar on Vimeo.

Stop Motion Video တစ်ခုကို Vimeo မှာ တင်ထားလိုက်ပါတယ်။ အဲဒါက Changi ကနေ Yangon ပြန်တုန်းက ပြတင်းပေါက်နားမှာ ခုံနံပါတ်ကျတာကြောင့် လုပ်ဖြစ်သွားတာပါ။ ရည်ရွယ်မထားပဲ အဲဒီနားကျနေတာရယ်နောက် လေယာဉ်က ထွက်ဖို့ နဲနဲကြာနေတာကြောင့် ပါလာတဲ့ iPhone 3G နဲ့ ရိုက်ဖြစ်ပါတယ်။ 3G မှာ Qik လို App နဲ့ ဗီဒီယို ရိုက်လို့ ရပါတယ်။ Jailbreak လုပ်စရာမလိုတော့ပါဘူး။

Read the rest of this entry »

Sony Expo 2010

Sony Expo 2010 Myanmar

ပြီးခဲ့တဲ့ Sunday က ညနေဘက်မှာ စာသင်အပြီး မရည်ရွယ်ဘဲ တပ်မတော်ခန်းမက Sony Expo 2010 ကို ရောက်ဖြစ်ပါတယ်။ အဲဒီ ၂၀ ရက်နေ့က နောက်ဆုံးနေ့ပါ။ ညနေ ၄ ခွဲလောက်ရောက်သွားတယ် အထဲမှာ တပ်မတော်ခန်းမတစ်ခုလုံးကို Sony ကပဲ အပြတ်ငှားပြီးပွဲ လုပ်သွားတာပါ။ Sony products တွေကို မြန်မာနိုင်ငံ အတွက် TMW Enterprise က ကိုယ်စားလှယ်ယူထားတာပါ။ သူတို့ကပဲ လုပ်သွားခဲ့တာပါ.. ကြည့်ရတာကတော့ ပွဲကုန်ကျစားရိတ်တွေကို မူရင်း Sony Japan က ထုတ်ပေးပုံရပါတယ်။

Read the rest of this entry »

iPhone 4

iPhone 4

iPhone 4th generation အသစ်ကို Apple က WWDC 2010 မှာ စပြီးတရားဝင်ပြောပါပြီ။ နာမည်ကို iPhone 4 လိုခေါ်ပါတယ်.. အစက အများကမှန်းကြတာ iPhone 4G, iPhone HD လို့ခေါ်မယ်မှန်းထားကြတာ။

Read the rest of this entry »

Save Ayarwaddy

Save Ayyarwaddy

Blog မရေးဖြစ်တာ တော်တော်ကြာသွားပါတယ်။ ကြာသွားဆို ရန်ကုန်ပြန်ရောက် နေတာရယ်၊ ကျွန်တော် blog က အရင်ကတည်းက ban ခံထားရတာရယ်၊ ကျော်နည်းခွနည်းတွေ မသိတာရယ်၊ ကွန်နက်ရှင်နှေးတာတွေ စုပေါင်းပြီး မရေးဖြစ်တာပါ။ အခုတော့ ကွန်နက်ရှင်ပြန်ကောင်း အဆင်ပြေနေတာကြောင့် ပုံတင်လို့ ရသွားပါတယ်။ အရင်က ပုံတောင်တင်လို့ မရဘူး။ အခုတော့ Save Ayarwaddy လို့ နာမည်ပေးထားတဲ့ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း တွေပြခဲ့တဲ့ ပွဲတုန်းက ပုံတွေ တင်လိုက်ပါတယ်။ ပွဲက အားလုံး ဧရာဝတီ ရယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။

Read the rest of this entry »

BarCamp Yangon News in Press Media

BarCamp Yangon in Press Media

ပို့စ်မတင်ဖြစ်တာ ကြာလို့ ပုံတစ်ပုံတင်ပြီး ပြန်အသစ်စတာပါ။ ဒီရက်တွေ စာလဲမရေးဖြစ် ဖြစ်နေတာရယ် ဒီရက်ပိုင်းမှ မသုံးတာကြာပြီဖြစ်တဲ့ usb stick ကို ပြန်ဝင်ကြည့်ရင် နှစ်စက လုပ်ခဲ့တဲ့ BarCamp Yangon သတင်း ဂျာနယ်မှာပါခဲ့တဲ့ သတင်း scan ဖတ်ထားတာတစ်ခု ပြန်တွေ့လို့ log လုပ်တဲ့ အနေနဲ့ ပြန်တင်လိုက်ပါတယ်။ အိမ်ကစက်ထဲထားရင် back up မလုပ်မိပဲ format ချမိတတ်လို့။ Web ပေါ်မှာက နဲနဲ ပိုပြီး safe ဖြစ်ဦးမယ်။ နောက်ရက်မှပဲ ပုံမှန် blogging ပြန်လုပ်ပါမယ်။ အခုကတော့ intro ပြန်ဝင်တဲ့ သဘောပါ။