Changi to Yangon Airport in Stop Motion
Singapore to Yangon in Stop Motion from Htoo Tay Zar on Vimeo.
Stop Motion Video တစ်ခုကို Vimeo မှာ တင်ထားလိုက်ပါတယ်။ အဲဒါက Changi ကနေ Yangon ပြန်တုန်းက ပြတင်းပေါက်နားမှာ ခုံနံပါတ်ကျတာကြောင့် လုပ်ဖြစ်သွားတာပါ။ ရည်ရွယ်မထားပဲ အဲဒီနားကျနေတာရယ်နောက် လေယာဉ်က ထွက်ဖို့ နဲနဲကြာနေတာကြောင့် ပါလာတဲ့ iPhone 3G နဲ့ ရိုက်ဖြစ်ပါတယ်။ 3G မှာ Qik လို App နဲ့ ဗီဒီယို ရိုက်လို့ ရပါတယ်။ Jailbreak လုပ်စရာမလိုတော့ပါဘူး။
ဒါပေမယ့် still photo တွေ စမ်းချင်တာကြောင့် ဖုန်းလက်ကကိုင်ပြီး ဓာတ်ပုံကြည့်ပဲ ပျံတက်ကတည်းက ဆက်တိုက်နှိပ်ရိုက်လိုက်တယ်။ တော်တော်ကြာတော့ အိပ်ပျော်သွားတယ် နောက် လေယာဉ်ဆင်းခါနီးတော့ မှ တခါစပြန်ရိုက်လိုက်ပါတယ်။ ပုံ ၅၀၀ နီးပါးလောက်ရှိတာကို နောက်မှ ပြန်ပေါင်းပါတယ်။ Vintage Effect ထည့်ပြီး နောက်ခံ Cold Play သီချင်း ထည့်လိုက်တယ်။ နောက်တော့ blog ပေါ်တင်လိုက်ပါတယ်။ အဲဒီမှာ တင်စရာ ပို့စ်တစ်ခု ရလာပါတော့တယ်။

zip said,
Wrote on June 24, 2010 @ 8:29 pm
iMovie 09 က iPhone App ကိုပြောတာလား bro?
Like or Dislike:
0
0
kom said,
Wrote on June 25, 2010 @ 4:57 am
ပရိတ်သတ်အတွက် အတော်ပေးဆပ်ထားတာဘဲ။ ကျေးဇူးတင်ပါတယ် အမြင်တစ်မျိုးပေါ့။
စမ်းသပ်ထားတာကိုး.
ဒါပေမဲ့လွယ်တာကို ခက်အောင်လုပ်နေသလိုဘဲ ဗီဒီယိုဘဲ ရိုက်ယူလာရင်ပိုကျေးဇူးတင်ဘဲ အခုတော့အထစ်အထစ်တွေနဲ့ အောက်စက် ထစ်နေသလိုဘဲခံစားရတယ။်
ပုံ
ဆမ်ဆောင် omnia 2 နဲ့ တစ်ခါတည်းဗွီဒိယိုရိုက်လို့ရတဲ့သူ.
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 25, 2010 @ 8:23 pm
@ Zip ~ မဟုတ်ဘူးဗျ Mac က iMovie နဲ့လုပ်ထားတာပါ.. iPhone iMovie တော့ စမ်းမကြည့်ဖူးပါဘူး..
@ kom ~ Stop Motion က အမှန်တော့ အရင် 80 လောက်က ဇာတ်ကားတွေ အားကျပြီး လျောက်လုပ်ထားတာပါ။ ဟီး ဟီး ဖုန်းကလဲ ဗီဒီယိုရိုက်လဲ မထူးပါဘူး အဲဒါထက်နဲနဲလေးပဲ သာတဲ့ quality ပဲရတာဆိုတော့ ဓာတ်ပုံတွေပဲ ရိုက်ပြီး ဆက်လိုက်တော့တာ ဟီး ဟီး…
ပုံ
သုံးမရတဲ့ အိုင်ဖုန်းကိုင်သူ
Like or Dislike:
0
0
zip said,
Wrote on June 26, 2010 @ 4:38 am
သုံးမရတဲ့ အိုင်ဖုန်းကိုင်သူ <== lol
Steve ကြီးကပြောနေတယ်.. Face Time ပေါ်တက်လာခဲ့ပါတဲ့.. spank လုပ်မလို့တဲ့.. ဟားဟား… နောက်တာပါ bro..
Like or Dislike:
0
0
TZA said,
Wrote on June 26, 2010 @ 8:14 am
ဗီဒီယိုလေးကိုတော့ ကြိုက်ပါတယ်၊ ဒါပေမဲ့ ရှုခင်းတွေကို အဖြူရောင် ပစ္စည်းတစ်ခုက တောက်လျှောက်ကွယ်နေတယ်၊ ဖြစ်နိုင်ရင်ဖယ်ပေးပါ။ :p
Like or Dislike:
0
0
Talkii said,
Wrote on August 1, 2010 @ 9:22 pm
ဖုန်းနဲ့မို့ frame တွေ ကျဲနေတာဖြစ်မယ်။ နောက်ခောက် သွားဖြစ်ရင် ကင်မလာနဲ့ ရိုက်ပြီးလုပ်ဗျား)
သီချင်းရော video ရော ကြိုက်တယ်။
Like or Dislike:
0
0
Time Lapse @ Yangon City « My Burmese Blog said,
Wrote on March 5, 2011 @ 11:57 pm
[...] ပထမက အရင်တင်ဖူးတဲ့ Changi to Yangon in Stop Motion video ပါ။ iPhone 3G မှာက ဗီဒီယို native မှာ [...]
Like or Dislike:
0
0