iPhone 4

iPhone 4th generation အသစ်ကို Apple က WWDC 2010 မှာ စပြီးတရားဝင်ပြောပါပြီ။ နာမည်ကို iPhone 4 လိုခေါ်ပါတယ်.. အစက အများကမှန်းကြတာ iPhone 4G, iPhone HD လို့ခေါ်မယ်မှန်းထားကြတာ။

iPhone 4 က တကယ်ပါပဲ Gizmodo ကရခဲ့တဲ့ prototype အတိုင်းပါပဲ။ အကုန်တူတယ်.. အခြား အိုင်ဖုန်းတွေနဲ့မတူတာက ကျောဘက်က အရင်လို အခုံးမဟုတ်တော့ဘဲ ပြားသွားတာပါ။ နောက် 5 Megapixels back camera ပါတယ် flash ပါလာပါတယ်။ HD Video 720p ကို 30 fps နဲ့ ရိုက်လို့ရပါတယ်။ iMovie နဲ့ video ကို ဖုန်းပေါ်မှာတင် edit လုပ်တာ effect ထည့်တာတွေ လုပ်လို့ရလာမှာပါ။ iMovie App က သတ်သတ် ခွဲဝယ်ရမှာပါ။ အရှေ့ဘက်က speaker နားမှာလဲ front facing camera ပါလာပါတယ်။ အရင် အိုင်ဖုန်း တွေမှာ အဲဒီနေရာက proximity sensor နေရာပါ အခု အဲဒီနေရာကင်မရာရောက်သွားတော့ sensor က speaker အပေါ်ဘက်မှာ ရောက်သွားပါတယ်။

iPhone 4 မှာ အသစ်ပါလာတာက Three-axis gyro လို့ခေါ်တဲ့ movement sensor ပါ။ ဂိမ်းတွေမှာဆိုရင် အရင်က accelerometer နဲ့ လှုပ်ရှားပြီးဆော့ရတာတွေ အပြင် အခုဆိုရင် three axis movement ကိုပါသုံးပြီး ဂိမ်းအသစ်တွေ ထွက်လာပါတော့မယ်။ အခြားအနေနဲ့ကတော့ အရင်အတိုင်းပဲ GPS (Assisted GPS), Digital compass တွေပါပါတယ်။
iPhone 4 မှာ FaceTime လို့ခေါ်တဲ့ face to face video chatting ပါရလာတယ်။ Front facing camera သုံးထားတယ်။ ဒါပေမယ့် Wifi Only ပဲ ရတာဆိုးတယ်။ နောက် iPhone 4 အချင်းချင်းပဲရတာလဲ ဆိုးတယ်။ နောက်ဆိုးတာက Desktop iChat နဲ့ လဲ အလုပ်မလုပ်နိုင်ဘူး။ ဆိုတော့ သိပ်အသုံးဝင်မှာ မဟုတ်ဘူး။ iPhone 4, iOS 4 support Skype App ကမှ အဲဒါထက်ပိုကောင်းဦးမယ်။

iPhone 4 မှာ ကျွန်တော်အကြိုက်ဆုံးကတော့ Retina Display လို့ နာမည်ပေးထားတဲ့ 960×640 pixel 326 ppi display ပါ။ Apple က mobile phone ထဲမှာ အမြင့်ဆုံး resolution ရတဲ့ display လို့ claim လုပ်ထားပါတယ်။ 800:1 contrast ratio ရှိတယ်။ 3GS မှာ စပါတဲ့ Oleophobic coating လောင်းထားတယ်။ Display ရဲ့ 326 ppi က အရင် 3GS ထက် 4 ဆပိုပြီး သိပ်သည်းတဲ့ pixel ပြပေးနိုင်ပါတယ်။ Apple product မိတ်ဆက် ဗီဒီယိုထဲမှာ ပြထားတဲ့ ပုံကိုအောက်မှာ တင်ထားပါတယ်။ pixel ကွာခြားချက်ကို ယှဉ်ပြထားပါတယ်… တကယ်တမ်းပြတော့ အောက်ဘက်က a အသေး ၂ ခုယှဉ်တဲ့ အခါမှာ ညာဘက်က a က ၄ ဆထက်မက ချောမွတ်နေတာကတော့ fake (over) ဖြစ်နေပါတယ်။ တကယ်တမ်း ၄ ဆသိပ်သည်းသွားတာက ကောင်းလာတာမှန်ပေမယ့် ဒေါင့်တွေမှာ အဲဒီလောက်ကြီး မချောနိုင်သေးပါဘူး။
iPhone 4 ကို MacBook Pro တွေလုပ်သလိုပဲ Aluminium ကို ထွင်းပြီး လုပ်လာပါတယ်။ Aluminium ကိုတော့ ဘေးဘက် ပတ်ပတ်လည်မှာတွေ့နိုင်ပါတယ်။ ကျောဘက်မှာပါ aluminium နဲ့ iPhone 1st Gen လိုလုပ်လို့ ရပေမယ့် Cellular antena အတွက် plastic, glass အုပ်ထားတာပါ။ iPad 3G မှာလဲ နေရာပေးရတာ တွေ့နိုင်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဖန်သားက အရင်ထက်ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ကွေးလို့တောင်ရတယ်ဆိုပြီး ဗီဒီယိုထဲမှာ ညွှန်းထားပါသေးတယ်။


iPhone 4 က Apple A4 Chip powered ပေးထားတဲ့ ပထမဆုံး အိုင်ဖုန်းဖြစ်လာပါတယ်။ ဒီ chip က iPad က A4 ထက်ပိုသေးပါတယ်။ နောက် ဖုန်းထဲမှာ battery အကြီးကြီးပါလာပါတယ်။ အရင်ထက် 40% နှုန်းပိုကြာကြာခံလာပါတယ်။ ဖုန်းပေါ်က အားသွင်းရင်ပေါ်တဲ့ battery icon ပုံတောင် အရင်ထက်ပိုကြီးလာပါတယ်။ Wifi Internet မှာ ၁၀ နာရီခံပြီး Standby mode မှာ နာရီ ၃၀၀ ခံပါတယ်။


ဝမ်းနည်းဖို့ကောင်းတာက iPhone 4 မှာ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့ အတွက် အရင်လို font ပါတယ် နောက် ကီးဘုတ်လဲ built in ပါပါတယ်။ ထိုင်းက အရင် OS 3.0 ကတည်းကပါတာပါ ဗီယက်နမ်လို ကောင်က အခုမှ စပါလာတယ် နောက် သူတို့ langauge တွေ အကုန်လုံး Dictionary လဲ ပါပြီးသားပါ။ ကြည့်ချင်ရင် စာလုံးကို select မှတ် နောက်တစ်ချက် tap လုပ်လိုက်ရင် အရင် copy, cut, paste လိုမျိုး bubble နဲ့ ကြည့်ရုံပါပဲ။ ဗီယက်နမ်တောင် ပါလာပြီ ကျွန်တော်တို့ ဆီမှာက Apple က US law အရ တရားဝင်ရောင်းလို့ မရသလို ရောင်းခဲ့ရင်တောင် တရားဝင်ဝယ်မယ့် အရေအတွက်က ခန့်မှန်း ၁၀ တောင်ရောင်းရမှာ မဟုတ်ဘူး။ iPhone 4 သုံးထားတဲ့ mini SIM card ကို MPT ကလဲ မထုတ်ပေးနိုင်သေးပါဘူး။

Technically, Mini SIM Card (Micro SIM) က လက်ရှိ GSM Card တွေနဲ့ တူပါတယ် ဆိုဒ်က trim down လုပ်ထားတာတစ်ခုပါပဲ။ စင်ကာပူမှာတောင် mini SIM အခုထိ မရှိသေးပါဘူး.. ဒါပေမယ့် iPad 3G တရားဝင်ရောက်တာနဲ့ SingTel လိုမျိုးက contract နဲ့ရောင်းဖို့ အသင့်ဖြစ်နေမှာ သေချာပါတယ်။ မြန်မာမှာတော့ သုံးချင်တယ် ဆိုရင်တော့ စွန့်စားပြီး ကိုယ့်ဖာသာ ဓားနဲ့ ဖြတ်ထုတ်လိုက်ရင် သုံးလို့ရပါတယ်။ ဖြတ်ပြီးသွားလို့ အခြား normal ဖုန်းနဲ့ ပြန်သုံးချင်ရင်ပဲ ဖြစ်ဖြစ်၊ ဓားနဲ့ဖြတ်တာ လက်လွန်သွားရင်တော့ MPT မှာ ဖုန်းပျောက်သွားလို့ပါဆိုပြီး SIM Card အသစ်ထုတ်ပေတော့ပဲ။ စာရွက်စာတမ်းတွေ ယူပြီး ပြန်လုပ်ရမယ် ပိုက်ဆံ ၁ သိန်းခွဲလောက် ကုန်ပါမယ် ဒါတောင် ကတ်အသစ်ပြန်ထုတ်တာသက်သက်ပဲ။ သူများဆီမှာ အဲဒီလောက် ပိုက်ဆံနဲ့တင် လိုင်းအသစ် 3G Data plan ယူလို့ရပါတယ်။ မနေနိုင်မထိုင်နိုင်စမ်းချင်ရင် ၃ လခံ prepaid card ၀ယ်ပြီး စမ်းကြည့်ကြပါလေ။

Apple ရဲ့ iPhone 4 ဟာ iPhone OS 4.0 iOS 4.0 ပါလာမှာ ဖြစ်ပြီး multi-tasking အလုပ်လုပ်နိုင်မှာပါ။ Photo, Video တွေမှာ Geotagging ရမှာဖြစ်ပြီး Photo မှာ desktop mac က iPhoto အတိုင်း faces, places ပါပါလာမှာပါ။ iBook လဲပါလာမှာဖြစ်ပြီး free book အနေနဲ့ Winnie The Pooh စာအုပ်ပါမှာပါ။ WWDC မှာ Game Center, iAd ကိုလဲ အရင် အတိုင်းပဲ သေသေချာချာ ရှင်းပြမသွားပါဘူး ယောင်ဝါးဝါးပါပဲ သေချာတာက Apple က monopolize လုပ်ဖို့ ကြိုးစားနေပေမယ့် အခုထိ iOS 4.0 ပဲ release လုပ်ရတော့မယ် သေသေချာချာ ဘာမှ မပြနိုင်သေးပါဘူး။
နောက် Apple က WWDC ပွဲမှာပဲ iOS 4.0 Terms ကို အသစ်ချိန်းထားတာ တွေ့ရတယ်။ အဲဒီမှာ 3rd Party Program တွေကို User Staticstic Track လုပ်ခွင့်ပိတ်ထားတာ စပါလာပါတယ်။ ဆိုလိုတာက iAd ပြိုင်ရမယ့် Google ရဲ့ AdMob ကို iPhone ပေါ်မှာ ပါလို့မရအောင် ပိတ်တာမျိုးဖြစ်နိုင်ပါတယ်။ Steve က D8 ပွဲမှာတုန်းကတော့ iAd လုပ်ပေမယ့် အခြား iPhone 3rd party Ad Platform တွေလဲ လုပ်ခွင့်ပေးဦးမယ် ဘာညာ ပြောထားပြီးတော့ ခုလို မလှိမ့်တပတ်လုပ်တာပါ။

နောက် Apple အခုကစပြီး iPhone cover စလုပ်လာပါတယ် Bumper လို့ခေါ်ပြီး ရာဘာ နဲ့ ပလပ်စတစ်ရောထားတာ သုံးပါတယ်။ ပုံကြည့်ရတာတော့ ကျောဘက်ကာမထားပါဘူး ဖုန်း ဘေးဘက်က aluminium ကို ပတ်ထားတဲ့ သဘောပါပဲ။ ဒီကောင်ထုတ်မှာမို့ထင်တယ် Apple က လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက Apple Online Store ပေါ်က 3rd Party iPhone Cover တွေ အကုန် reject လုပ်ထားပါတယ်။
အခု အိုင်ဖုန်းကို အရင်အတိုင်းပဲ US မှာ AT&T Contract နဲ့ထွက်လာမှာပါ။ ကျွန်တော်ပြောသလိုပါပဲ အရင် 3GS ဈေး $200 (16GB) နဲ့ ရမှာပါ။ 3GS ကအခုဆို $99 (16GB) ဒေါ်လာ ဖြစ်သွားပါပြီ။ မြန်မာပြည်မှာ အမြဲမှားတတ်တာက ဂျာနယ်တွေမှာ နိုင်ငံခြား သတင်းကို ဘာသာပြန်ရေးကြတော့ အိုင်ဖုန်းကို US $200 နဲ့ ရတယ်လို့ ထင်တတ်ကြတာပါ။ မဟုတ်ပါဘူး $200 အပြင် AT&T 3G SIM Card Contract ပါ မယူမနေရယူမှ ရပါတယ်။ အဲဒီဖိုးတွေပါထည့်တွက်လိုက်ရင် တကယ်တမ်းဖုန်းတန်ဖိုးက US $1100 ၀န်းကျင်လောက်သွားကျပါတယ်။ အဲဒါမှာ ဈေးအမှန်ပါ။ US$200 နဲ့ကတော့ အိုင်ဖုန်း မပြောနဲ့ Sony Ericsson, Nokia မျိုးတောင် ပုံမှန် level လောက်ဖုန်းပဲ ရပါတယ်။ iPhone ကို US အတွက်ထုတ်တဲ့ အခါ lock လုပ်ထားမှာဖြစ်ပြီး AT&T အတွက်သာရမှာပါ။ S’pore မှာတော့ unlock လုပ်ထားတာတွေ ရောင်းမှာပါ။

ကျွန်တော့်အနေနဲ့ကတော့ iPhone 4 ကို ပိုက်ဆံရှိရင် ပေါနေရင် ၀ယ်ဖို့ စဉ်းစားပါမယ်.. Mini SIM သုံးထားတော့ စလုံးမှာ ရှိနေမှ သုံးလို့ရမှာတော့ သိပ်ဘ၀င်မကျဘူး။ နောက် စလုံးမှာ Contract နဲ့လဲရသလိုပဲ အပြတ်ဝယ်လို့လဲ ရလောက်မှာပါ။ အပြတ်ဆိုရင်တော့ S$1200 လောက်သွားကျမယ်ထင်တယ်။ ဘယ်လိုတွေလာဦးမလဲတော့ မပြောတတ်ပါဘူး။ ဖုန်းက တော်တော်ကောင်းတယ် innovative ဖြစ်ပေမယ့်.. Apple က monopolize လုပ်တာ အရမ်းများနေတာတော့ သိပ်ကြည့်မရတော့ဘူး။ 3rd Party တွေကို မျိုးစုံ ကန်ထုတ်နေတယ်။ အခုဆို ရန်သူသိပ်များနေပြီ.. သိပ်တော့လဲ လုပ်လို့ရမှာမဟုတ်ပါဘူး monopolize သိပ်လုပ်ရင် US က FCC တို့က တရားစွဲတတ်သေးတော့ သိပ်ဆိုးဆိုးဝါးဝါးဖြစ်လာမယ် မထင်ပါဘူး။


zip said,
Wrote on June 23, 2010 @ 2:38 am
ဟုတ်တယ်ဗျာ… Steve ကြီးကလည်း ရသမျှကို ချုပ်ထားချင်နေတော့တာပဲ.. တော်တော်တင်းကျပ်လာရင်လည်း အသက်ရှူရတာခက်လာတယ်ဗျ..
iPhone 4 က တော်တော်လှတာတော့အမှန်ပဲ..
Like or Dislike:
0
0
Lin said,
Wrote on June 23, 2010 @ 3:58 am
ဦးဦးဖျားဖျားရေးတတ်လို့ ဘယ်နေ့ ရေးပါ့မလဲစောင့်ဖတ်နေတာ အခုမှပဲပေါ်လာတယ်
တစ်ခုကျန်သွားတယ်ဗျ ဘေးဘက်ကအလူမီနီယမ်ကာဗာကိုနှစ်ပိုင်းခွဲပြီး တစ်ပိုင်းကို
wifi,3G နောက်တစ်ပိုင်းကို ဖုန်းအတွက် Antenna အဖြစ်သုံးပြီး signal ကောင်းအောင်လုပ်ထားတာလေးပါ၊ဖြည့်စွက်ပေးတာပါ။
ရေးထားတာကောင်းပါတယ်၊အားပေးပါတယ်။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on June 23, 2010 @ 6:23 pm
@ Zip ~ ဟုတ်တယ်ဗျ အရမ်းချုပ်ထားတာများနေပြီ ကြာရင် ကျန်တဲ့ vendor တွေရဲ့ ဘုံရန်သူ အဖြစ်နဲ့ သတ်မှတ် ချေမှုန်းခံရတော့မယ်
@ Lin ~ ဟုတ်ကဲ့ဗျာ ကျေးဇူးတင်ပါတယ်.. ကျွန်တော် စာရေးထားတာ WWDC ပြီးကတည်းကပါ ပုံတွေက ကွန်နက်ရှင်နှေးနေလို့ တင်မရာတာနဲ့ ကြာနေတာပါ။ ကူညီဖြည့်စွက်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ အဲဒါကြောင့် ဖုန်းဘေးမှာ အဆက်ကလေးပါနေတာ အခုမှ သိတော့တယ်..
Like or Dislike:
0
0
ကြယ်စင်မင်း said,
Wrote on June 23, 2010 @ 11:18 pm
ကျေးဇူးတင်ပါတယ်..အခုလို ရှင်းပြတော့ ပိုနားလည်သွားတာပေါ့.. ဒါနဲ့ ကျွန်တော်ကတော့ မနက်ဖြန် ကိုင်ရဖို့များမယ်ထင်တယ်.. ၉ နာရီမှာ သွားတန်းဆီရမှာလေ.. ရရင်တော့ ကောင်းမှာပဲ..
Like or Dislike:
0
0
pyei soan said,
Wrote on August 11, 2010 @ 7:54 pm
Please update the Antenna problem as well if you have use in Singapore. People said/ assume the antenna problem is occured at US due to AT&T network and the rest of the world have not report yet.
In US, Steve start to thrown in a free casing cover. So what about in SGP? I am still waiting to get one if the antenna is not problem with Starhub.
Thank in advance if anyone share the experience.
Like or Dislike:
0
0
tharyeyint said,
Wrote on December 26, 2010 @ 9:45 pm
ဒီနေ့ Iphone 4 အသစ်သွားလုပ်လိုက်တယ်..iOS က 4.2.1(8C148)ဖြစ်နေလို့ အဲ့ဒါကို Jailbreak လုပ်ချင်လို့ မြန်မာ Font လဲသုံးလို့ရတဲ့ Unlock လဲ လုပ်လို့ရတဲ့ Software လေး မဆပေးပါအစ်ကို…
Like or Dislike:
0
0
ဟန်ကိုကို said,
Wrote on February 4, 2011 @ 3:43 pm
ချစ်ကိုရေ ကျနော် ခင်ဗျားလင့်မှာချိတ်ထားတာ ကြာပါပြီ။ အခုတပတ်မှ iphone 4 ကို ၀ယ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ခက်တာက ကျနော့ဖုန်းမှာ firmware က 4.2.1 ဖြစ်နေလို့ jailbreak လုပ်လို့  မရဘူး ဖြစ်နေပါတယ်။ ကိုထူးဆီမှာ သတင်းကောင်းလေးရှိရင် ပို့ပေးပါဗျာ။ ကျေးဇူးတင်စွာဖြင့်
ဟန်ကိုကို
Like or Dislike:
0
1