Save Ayarwaddy
Blog မရေးဖြစ်တာ တော်တော်ကြာသွားပါတယ်။ ကြာသွားဆို ရန်ကုန်ပြန်ရောက် နေတာရယ်၊ ကျွန်တော် blog က အရင်ကတည်းက ban ခံထားရတာရယ်၊ ကျော်နည်းခွနည်းတွေ မသိတာရယ်၊ ကွန်နက်ရှင်နှေးတာတွေ စုပေါင်းပြီး မရေးဖြစ်တာပါ။ အခုတော့ ကွန်နက်ရှင်ပြန်ကောင်း အဆင်ပြေနေတာကြောင့် ပုံတင်လို့ ရသွားပါတယ်။ အရင်က ပုံတောင်တင်လို့ မရဘူး။ အခုတော့ Save Ayarwaddy လို့ နာမည်ပေးထားတဲ့ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း တွေပြခဲ့တဲ့ ပွဲတုန်းက ပုံတွေ တင်လိုက်ပါတယ်။ ပွဲက အားလုံး ဧရာဝတီ ရယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် ရည်ရွယ်တယ်လို့ ပြောပါတယ်။
ပွဲကို ယောမင်းကြီးလမ်းက Studio 96 မှာ လုပ်ခဲ့တာပါ။ ဒီလ အစောပိုင်းကလုပ်ခဲ့တာဖြစ်ပြီး နာမည်ကျော် ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း ဆရာများက ပါဝင်ပြသကြပြီး ရောင်းရငွေထဲက တစ်ဝက်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သုံးစွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Green Hearts လို့ ခေါ်တဲ့ အဖွဲ့ ဦးဆောင်လုပ်တာလို့ သိရတယ်။ အထဲက ကြိုက်
မိတဲ့ ပန်းချီတချို့ မ၀ယ်နိုင်တာကြောင့် ဓာတ်ပုံရိုက်ပြီး လေ့လာဖို့ ယူခဲ့တယ်။ အခြားပုံတွေလဲ တင်ထားလိုက်ပါတယ်။





