hit counter

Sony Expo 2010

Sony Expo 2010 Myanmar

ပြီးခဲ့တဲ့ Sunday က ညနေဘက်မှာ စာသင်အပြီး မရည်ရွယ်ဘဲ တပ်မတော်ခန်းမက Sony Expo 2010 ကို ရောက်ဖြစ်ပါတယ်။ အဲဒီ ၂၀ ရက်နေ့က နောက်ဆုံးနေ့ပါ။ ညနေ ၄ ခွဲလောက်ရောက်သွားတယ် အထဲမှာ တပ်မတော်ခန်းမတစ်ခုလုံးကို Sony ကပဲ အပြတ်ငှားပြီးပွဲ လုပ်သွားတာပါ။ Sony products တွေကို မြန်မာနိုင်ငံ အတွက် TMW Enterprise က ကိုယ်စားလှယ်ယူထားတာပါ။ သူတို့ကပဲ လုပ်သွားခဲ့တာပါ.. ကြည့်ရတာကတော့ ပွဲကုန်ကျစားရိတ်တွေကို မူရင်း Sony Japan က ထုတ်ပေးပုံရပါတယ်။

Sony Expo 2010 Myanmar

အထဲမှာ ၀င်ဝင်ချင်းစမြင်ရတာက LED TV တွေကို တစောင်းတွေဆက်ထားတဲ့ နေရာပါ။ နောက်အခြား TV မော်ဒယ်တွေ နောက် ဧည့်ခန်းပုံလုပ်ထားတဲ့ နေရာမှာ Sony ပစ္စည်းတွေနဲ့ Home Theater လုပ်ပြထားတာရှိတယ်။ နောက် အိပ်ခန်းပုံစံမှာ ဆင်ထားတာတွေရှိတယ်။ နောက် Sony Alpha DSLR Camera တွေ ပြထားတဲ့ နေရာလဲရှိပါတယ်။ အဲဒီမှာ 4000 US$ လောက်တန်တဲ့ Alpha Lens တွေလဲ ပြထားတယ်.. P&S Cybershot တွေ ပြထားတာလဲရှိပါတယ်။ အနောက်ဖက်မှာတော့ Sony PS3 ပြတာရှိပြီး God Of War, Call Of Duty ကို ၀င်ဆော့လို့ရအောင် လုပ်ပေးထားပါတယ်။

Sony Expo 2010 Myanmar

နောက် VAIO laptop တွေပြထားတဲ့ နေရာရှိပါတယ်။ နောက်တစ်ခြမ်းမှာ Sony Ericsson ဖုန်းတွေပြခန်းရှိပါတယ်။ နောက်တစ်ခန်းမှာတော့ Wrangler ဂျစ်ကား နဲ့ Suzuki R+ မှာ Sony Woofer တွေဆင်ထားပြီး မော်ဒယ်တွေ နဲ့ ပြနေတာလဲရှိပါတယ်။ ဘေးကပ်ရပ်မှာတော့ မော်ဒယ်ရှိုးလျောက်ပုံရတဲ့ စင်တစ်ခုရှိတယ် ကျွန်တော်သွားတော့ ဘာမှမရှိတော့ပါဘူး။ တစ်ဖက်မှာတော့ ကမ္ဘာဖလားပွဲကလို ဘောလုံး အကျီတွေနဲ့ မော်ဒယ်တွေရှိပါတယ်။ ဓာတ်ပုံရိုက်လို့ရပါတယ် နောက် ချက်ချင်း printer တွေနဲ့ ထုတ်ပေးတာမျိုးရှိတယ်။ ဘေးဘက်မှာကတော့ စီးပွားရေးလုပ်ငန်းသုံး HD Video Camera တွေ ပြထားတာပါ။

Sony Expo 2010 Myanmar

ဈေးတွေကတော့ တစ်ခုမှမမေးခဲ့ဘူး စိတ်ဓာတ်ကျသွားမှာ စိုးလို့ :D ဘေးဘက်မှာတော့ Sony ကထုတ်တဲ့ ဆေးဘက်ဆိုင်ရာသုံး မော်နီတာတွေ စက်တွေပြထားတယ်။ နောက်တော့ HD Movie တွေပြပေးတဲ့ အခန်းတစ်ခုရှိတယ်။ နောက် Security အတွက်သုံးတဲ့ ကင်မရာတွေ ပြထားတာရှိပါတယ်။ တစ်ဖက်မှာတော့ Sony ထုတ် Hi fi အသံစက်တွေပြထားတာရှိပါတယ်။ အဲဒီမှာ Hi Fi ကတ်ဆတ်တွေပြထားတယ်.. Speaker တွေ iPhone speaker တွေ ပြထားပါတယ်။ တစ်ဖက်ကပ်ရပ်မှာတော့ 3D Movie ပြပေးနေတဲ့ အခန်းတစ်ခုရှိပါတယ်။ မျက်နှာချင်းဆိုင်မှာတော့ ပစ္စည်းတွေရောင်းပေးတဲ့ နေရာရှိပါတယ်။

Sony Expo 2010 Myanmar

ပြောရရင် Sony Expo ပွဲက အရင်လုပ်နေကျ Exhibition တွေလို ပြပွဲဆိုပြီး ဈေးရောင်းတာမျိုးမဟုတ်ပဲ တကယ့် ပြပွဲပုံစံဖြစ်အောင် လုပ်ထားတာမို့ သဘောကျပါတယ်။ Sony ပစ္စည်းတွေမှာ ၀ယ်ချင်တာမျိုးမရှိပေမယ့် အားနေတာမို့ လျောက်ကြည့်ဖြစ်ခဲ့ပါတယ်။ Sony PS3 ရဲ့ graphic ရုပ်ထွက်ကို တော်တော်သဘောကျမိတယ်.. ၀ယ်ချင်စိတ်တော့မရှိဘူး ပိုက်ဆံမရှိတာအပြင် အသက်ကြီးသွားတော့ ဂိမ်းသိပ်မဆော့ချင်တာလဲပါမယ်ထင်တယ်။ Alpha Camera တွေကလဲ ဈေးကြီး ပုံထွက်ကောင်းပေမယ့် လိုချင်စိတ်မဖြစ်မိဘူး။

Sony Expo 2010 Myanmar

နောက် တီဗီလဲ မကြည့်ချင်တော့တာကြောင့် ဆိုနီ ပစ္စည်းတွေ လျောက်သာကိုင်ကြည့်နေတာ လိုချင်စိတ်မရှိဘူးဖြစ်သွားပြီ.. ဖြစ်နိုင်ရင် အိမ်မှာ ကွန်ပျူတာရယ် မရှိမဖြစ်ရယ်ကလွဲရင် ဘာစက်ပစ္စည်းမှ မထားချင်တော့တဲ့ စိတ်တွေ ပဲရှိတော့တာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီလကုန်မှာလဲ အဲဒီ တပ်မတော် ခန်းမှာမှာ ကားနဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ ပြပွဲရှိဦးမှာပါ.. နောက် လ ၈ ရက်နေ့လောက်မှာတော့ IT Exhibition ရှိဦးမှာပါ။ အဲဒါတွေလဲ ရန်ကုန်မှာ ရောက်တုန်းလျောက်သွားနေတာမို့ ရောက်ဖြစ်ဦးမယ်ထင်ပါတယ်။ ရောက်ရင်တော့ ဓာတ်ပုံတင်ပြီး ပို့စ်လုပ် ဆားချက်ပါဦးမည်။ =D

Sony Expo 2010 Myanmar

Sony Expo 2010 Myanmar

Sony Expo 2010 Myanmar


Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: