Waka Waka

Waka Waka လို့ဆိုတဲ့ 2010 ကမ္ဘာဖလား သီချင်းကတော့ တော်တော် အောင်မြင်တာပဲ။ နေရာတိုင်းကြားရတယ်။ ကျွန်တော် World Cup 2010 Song ဆိုပြီး တင်တုန်းက Shakira နဲ့ ဗီဒီယိုက မထွက်သေးဘူး သီချင်းပဲရှိသေးတာ။ အခုမှ ဗီဒီယိုကို နေရာအနှံ့မြင်ရတော့ ကြည့်မိပြီး သဘောကျသွားတယ်။ ကတာတွေလဲ ကြိုက်တယ်။ နောက် Shakira ရဲ့ ဖက်ရှင်ကို ကြိုက်တယ်။ ဆံပင်မှာ အရောင်စုံ ဘောလုံးလိုလေးတွေ တပ်ထားတာလဲ သဘောကျတယ်။
သီချင်းထဲမှာ မြန်မာလူမျိုး တွေပါတယ်ဆိုလို့ ပြူးပြဲကြည့်မိသေးတယ်။ ဟုတ်တယ် ညီအမသုံးယောက်ပါတယ်လို့ Interview မှာ ဖတ်ရပါတယ်။ ဟုတ်တယ် သီချင်းထဲမှာ အနောက်ဖက် ညာဖက်နားမှာ အပြာ. ခရမ်း ၀တ်ထားတယ် မြန်မာထမီနဲ့ပဲ ရင်ဖုံး အကျီနဲ့။ အရင် အဲဒါမသိခင်ကတည်းက ကြည့်မိတယ် သေချာလိုက်ကြည့်တာ ဘယ်နိုင်ငံတွေပါလဲလို့ အဲဒီတုန်းကတော့ India, တို့ ကိုရီးယားတို့ ပါတာ သူတို့ ၀တ်စုံတွေကြည့်ပြီး သတိထားမိတယ်။ မြန်မာပါတာတော့ အင်တာဗျူးတွေ့မှပဲ သိတော့တယ်။
သီချင်းကို Shakira နဲ့ John Hill တို့ကရေးတယ်လို့ သိရတယ်။ 1986 တုန်းက ကင်မရွန်းနီးယန်း သီချင်း “Zangaléwa” ဆိုတဲ့ သီချင်းက Chorus ပိုဒ်ကို သုံးထားတယ်လို့ ဆိုပါတယ်။ Waka Waka သီချင်းတစ်ပုဒ်လုံးကိုတော့ အနှီ မြန်မာနိုင်ငံက ပုဂ္ဂိုလ် အဆိုတော်ကြီးက မြန်မာမှု့ပြုပြီး တစ်ပုဒ်လုံး ပြန်ဆို သေးတယ်လို့ ကြားမိတယ်။ ခေမီကို ကလဲ Waka Waka ဆိုပြီး လိုက်ကပါသေးတယ်။ ကတာကို လက်ခံလို့ ရပေမယ့် သီချင်းကို မြန်မာလိုပြန်ဆိုတာကတော့ ဘယ်လိုမှ ခံစားလို့ မရပါဘူး။
ထူးဆန်းပါပေ့.. Shakira ကပဲ Campign တစ်ခုလုပ်ထားတယ်လို့ YouTube မှာတွေ့ပါတယ်။ အဲဒါက သူကထားတဲ့ အတိုင်းလိုက်ကပြီး ဗီဒီယိုရိုက် YouTube မှာ respond အနေနဲ့ ပြန်တင်ခြင်းအားဖြင့် ကမ္ဘာအနှံ့က စာမသင်ရတဲ့ ကလေးတွေကို ကူညီနိုင်မယ်လို့ ဆိုပါတယ်။ ကူညီချင်ပါတယ် ခက်တာက YouTube က ရန်ကုန်မှာ ဖွင့်လို့ မရဘူး နောက် ကလဲ မကတတ်လို့။ သီချင်းပဲ အိမ်မှာ အသံကျယ်ဖွင့်ပြီး နားထောင်ဖြစ်ပါတယ်။ ဘောလုံး သီချင်းဆိုရင် Shakira ရဲ့ အခုသီချင်းရယ် 2006 ကသီချင်းရယ်၊ Ricky Martin ရဲ့ 1998 World Cup က သီချင်းနဲ့ နောက် Euro 2004 ပေါ်တူဂီမှာ လုပ်သွားတုန်းက သီချင်းကြိုက်တယ်။ နောက် အမြဲ မရိုးတဲ့ Queen ရဲ့ We Will Rock You (မွေးနေ့တုန်းကတောင် M3 မှာ အော်လိုက်သေးတယ်
စကားချပ်) နောက် We Are The Champion တွေကတော့ iPod ထဲ အမြဲနားထောင်ဖြစ်တဲ့ သီချင်းမျိုးတွေပေါ့။

amayarko said,
Wrote on June 28, 2010 @ 10:04 am
Waka Waka ကြိုက်တယ် ,Shakiraဖက်ရှင်ကြိုက်တယ်.
Global Voices in English » Myanmar: World Cup Reactions said,
Wrote on July 4, 2010 @ 7:28 pm
[...] held. Many were overjoyed that there were 2 Myanmar females in Shakira's Waka Waka music video. Htoo Tayzar wrote: I heard that there were Burmese people in the music video, so I watched it carefully. I read [...]
Myanmar: World Cup Reactions :: Elites TV said,
Wrote on July 4, 2010 @ 10:49 pm
[...] Many were overjoyed that there were 2 Myanmar females in Shakira’s Waka Waka music video. Htoo Tayzar wrote: I heard that there were Burmese people in the music video, so I watched it carefully. I read [...]
Global Voices teny Malagasy » Myanmar: ireo fihetsehana amin’ny amboara eran-tany said,
Wrote on July 13, 2010 @ 2:19 am
[...] fa nisy vehivavy teratany Myanmar 2 tao amin'ny rakikiran'i Shakira Waka Waka. Nanoratra i Htoo Tayzar: Naheno aho fa nisy teratany Birmana tao amin'ilay hira, noho izany dia nijery izany tsara [...]
social bookmarking said,
Wrote on July 19, 2010 @ 7:55 pm
I see that and its a fantasting song.Worldcup is gone but still now waka-waka a o ….