Apple’s New Magic Trackpad, Battery Charger and MacPro


New Apple iMac

ဒီအပတ်မှာ Apple က iMac line ကို hardware မြင့်တာတွေနဲ့ update လုပ်လိုက်ပါတယ်။ ဒီဇိုင်းကတော့ ဘာမှမပြောင်းဘူး အထဲက Spec ပြောင်းကုန်တာ။ အရင် ၀ယ်ထားတဲ့သူတွေ ကြေကွဲချိန်ရောက်ပြီ။ Processors Core i series တွေဖြစ်လာသလို Graphic လဲမြင့်သွားပါတယ်။ နောက် SD Card slot က နောက်ဆုံးပေါ် DSLR camera တွေမှာ သုံးနေပြီဖြစ်တဲ့ SDXC Card ကို support စလုပ်ပါပြီ အရင်က SDHC အထိပဲရတာပါ။

Apple Magic Trackpad

နောက် Magic TrackPad လို့ခေါ်တာ လဲထုတ်လာတယ်.. ဈေးက 69.99$ ပါ ဆိုတော့ Magic Mouse နဲ့ဈေးတူပါတယ်။ သူက iMac Desktop တွေမှာ MacBook Pro ကလို multi-touch trackpad လုပ်ပေးတဲ့သဘောပါပဲ.. ဒါမျိုးကို Wacom က Bamboo line up အသစ်နဲ့ ထုတ်ထားတာ ၁ နှစ်လောက်ရှိပါပြီ Apple ကတော့ အခုမှ စတာပေါ့။

New MacPro

MacPro လဲ အသစ်ထွက်ပါတယ်။ Core က 12 Core ပါတဲ့ ဆိုတော့ လက်ရှိ Macintosh computer series ထဲမှာ အမြန်ဆုံး အမျိုးအစားပဲ နောက် ဈေးအကြီးဆုံးလို့လဲပြောလို့ ရတယ်။

Apple Cinema Display

MacPro နဲ့တွဲ သုံးဖို့ အတွက်လဲ Cinema Display အသစ်ထွက်ပါတယ်။ LED ဖြစ်သွားပါတယ် နောက် iSight, Speaker, MagSafe port တွေကတော့ အရင် အတိုင်းပါပါတယ်။

Apple Rechargeable Battery

နောက် AA Battery Charger ထုတ်ပါတယ်။ သူရည်ရွယ်တာက Wireless Keyboard, Magic TrackPad, Magic Mouse ပိုင်ရှင်တွေ အတွက် AA battery အားသွင်းဖို့ရည်ရွယ်ထားပုံရတယ်။ ဈေးကတော့ သူများ product တွေနဲ့ ယှဉ်ရည် ဒီတစ်ခုက သက်သာတယ်လို့ မြင်တယ်။




Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: