Camera Discounts for Rainy Season
ဒီနေ့ 1 ရက်နေ့ မနက်အစောဘက်မှာ မြန်မာနိုင်ငံဓာတ်ပုံပညာရှင် အသင်းရုံးချုပ်မှာ လုပ်တဲ့ မိုးရာသီ ဈေးရောင်းပွဲတော်ကို သွားဖြစ်ပါတယ်။ ရုံးက ၃၅ လမ်းအောက်ဖက်၊ India သံရုံးနားမှာရှိတာပါ။ အဲဒီ ဘလောက်ရောက်တော့ ပထမထပ်ရုံးခန်း မတက်သေးဘဲ အနားတစ်ဝိုက်ခန်းမတွေမှာများ လုပ်သလားလို့ လိုက်ရှာနေသေးတယ်။ အမေက အဲဒီနားက အကိုတစ်ယောက်ကို မေးလိုက်တော့မှ အပေါ်ထပ်မှာဆိုတာ သိရတော့တယ်။ အမေ မေးလိုက်တဲ့ သူက ဘယ်သူလဲမှတ်တယ် ကိုမျက်လုံး ဖြစ်နေတာ။
ပွဲက အသိအကို ဓာတ်ပုံသမားတစ်ယောက်ပြောတာတော့ ဓာတ်ပုံသမားတွေက အဲဒီ မိုးရာသီ မှာ ဓာတ်ပုံအသင်းမှာ လုပ်တဲ့ပွဲကို စောင့်ပြီးဝယ်ကြတယ် ဆိုပဲ။ ဈေးသက်သာတယ်ပြောတယ်။ မိုးရာသီဆို ကင်မရာသမားတွေက ၀ါဆို၊ ၀ါခေါင် ကင်မရာပေါင် ဆိုတဲ့ အတိုင်း အလုပ်မဖြစ်တဲ့အချိန်မို့ ပစ္စည်းဈေးတွေလဲကျတာ ပြောပါတယ်။ ပွဲမှာ Sony alpha, Canon, Royal Camera တို့က ရောင်းကြပါတယ်။ နောက် ဓာတ်ပုံအသင်းသူ၊ အသင်းသားတွေရဲ့ မလိုအပ်တဲ့ ပစ္စည်း Good Second Hand တွေလဲ ရောင်းကြပါတယ်။
ပွဲမှာ ဈေးတွေမှတ်မိသလောက်ပြောပါဆိုရင် အုန်းသီးထဲမှာ ကိုယ်လိုချင်တာပဲ ကိုယ်မှတ်လာခဲ့တာမို့ မှတ်မိတာတွေက Canon DSLR 550D (Rebel T2i, KISS X4) က Kit 55mm lens နဲ့က US900$, 135 Wide IS Canon Lens က US525$, Canon 200mm IS Lens က 725$ တွေပါ။ ဒီက Canon က Singapore Canon ရဲ့ အခွဲဖြစ်ပြီး ပုံမှန်အားဖြင့် စလုံးနဲ့ Gift တူပြီး ဈေးမှာ စလုံးထက် နဲနဲအမြဲသက်သာပါတယ်။ Canon ရုံးကပြောတာတော့ ဒီမှာက ဆင်းရဲတဲ့ နိုင်ငံဖြစ်တာရယ်၊ ၀န်ထမ်း စားရိတ်သက်သာတာကြောင့်လို့ ဆိုပါတယ်။ ပွဲသွားကြည့်တုန်းကတောင် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက အမှုဆောင် ဆရာကြီး အသက်ကြီးကြီးတစ်ယောက်ကတောင် ကျွန်တော် 135mm Lens ကြည့်နေတော့ သူလာပြီးရှင်းပြနေသေးတယ်။ ကျွန်တော်က ၀ယ်ဖို့ အစီအစဉ်မရှိပါဘူး ပိုက်ဆံလဲမရှိဘူး။ ဓာတ်ပုံတောင် ရှိတဲ့ အိုင်ဖုန်း အစုတ်နဲ့ သွားရိုက်ထားတာမို့ မျက်နှာငယ်နေတာ.. ဟဲ ဟဲ အခုပုံတွေက ပွဲကပုံတွေပါ။ မနက်ဖြန် ၂ ရက်နေ့က နောက်ဆုံးဖြစ်ပါတယ်။ ပုံတွေ မကြည်ရင် သည်းခံပါခင်ဗျာ.. 2MP ဖုန်းကင်မရာကပုံတွေမို့ပါ။







