Cosplay ဆိုတာက cartoon, games တွေထဲက ဇာတ်ကောင်တွေနဲ့ ပုံစံတူလိုက် ၀တ်တဲ့ပွဲတော်မျိုးတစ်ခုပါ။ အထူးသဖြင့် japan Manga, Anime ထဲက characters တွေကို လုပ်ကြတာများပါတယ်။ အခုတလောတော့ ကျွန်တော်လဲ နေမကောင်းတာနဲ့ သူငယ်ချင်းဆီက ကူးလာတဲ့ Naruto Shippuden ဆိုတဲ့ Japan Anime ထိုင်ကြည့်ဖြစ်ပါတယ်။ ကြည့်ကြည့်ရင်းနဲ့စွဲသွားတာ နေ့ကြည့်ညကြည့်နဲ့ နေတောင်မကောင်းဘူး
Blog ကလဲကျော်မရလို့ အင်တာနက်တောင် မသုံးဖြစ်တာ.. အခုမှ အဆင်ပြေလို့ ပြန်သုံးဖြစ်ပါတယ်။
အခုကတော့ ဘာတင်ရမှန်းမသိလို့ ပြီးခဲ့တဲ့ အပတ်က ရှာပြီး save လုပ်ထားတဲ့ Naruto Cosplay တွေ memory stick ထဲကနေတင်လိုက်ပါတယ်။ ရန်ကုန်မှာကတော့ Cosplay က ခေတ်မစားဘူး တူတာဆိုလို့ punk တွေပဲရှိတယ်။ အခု Cosplay ပုံတွေက deviantArt ကနေရှာထားတာပါ။ Naruto ကားထဲမှာဆိုရင် character designs တွေမှာ Akatsuki, Gaara, Kakashi, Zabuza, Haku, Hinata, Shikamaru တို့ကြိုက်တယ်။ မိန်းကလေးထဲမှာ Hinata အကြိုက်ဆုံးပဲ ဆံပင်ပုံကော မျက်လုံးကောပဲ။ မကြိုက်ဆုံး character design ကတော့ Sai ပဲ ခါးတပိုင်းပြတ် အကျီနဲ့ အခြောက်လိုလိုပဲ။ Akatsuki တွေရဲ့ cloak ကိုကြိုက်တယ် နောက် Sharinghan lens လဲလိုချင်တယ်။
လောလောဆယ်တော့ Naruto ပဲ ထိုင်ကြည့်နေဖြစ်တယ်။ နောက်မှပဲ အပိုင်းလိုက် Naruto SoundTrack နဲ့ Fun Facts တွေ ဆက်တင်ဦးမယ်။ Naruto soundtrack ကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုက်တယ် နားထောင်ဖြစ်တယ်။ ဇာတ်ကားကတော့ အခုမှပဲကြည့်ဖူးတော့တယ်။ ဂစ်တာနဲ့ တီးဖို့အတွက် သိပ်မခက်ပါဘူး။
အတွဲလိုက်ကားတွေက အမှန်တော့ အချိန်မရရင် မကြည့်တာကောင်းပါတယ်.. တော်တော်စွဲတယ် တစ်ခန်းတစ်ခန်းပြီးတိုင်း နောက် တပိုင်းမှာ tempo မြင့်တော့မယ်နေရာမျိုး၊ မြင့်နေတုန်းပဲဖြစ်ဖြစ်ရပ်ရပ်သွားတော့ နောက်တစ်ပိုင်းက မကြည့်ရမနေနိုင်ဖြစ်လာတယ်။ ကျွန်တော်ကတော့ ကြည့်ရင် အပြတ်ပဲ ၅ ရက်လောက် ဘယ်မှမသွားပဲကြည့်တာ အရင်ကတော့ ကိုရီးယားကား ဂျူမုန် ကြည့်လိုက်တယ်။ အခုကတော့ နောက်တစ်ခေါက်ပဲ။
နောက်မှပဲ ဆက်ပြောပါတော့မယ် အခုတော့ Cosplay ပုံတွေကြည့်ကြည့်ပါဦး။ Cosplay တွေကို ငယ်ငယ်ကတည်းက ရှာရှာကြည့်ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ Final Fantasy games fan ဖြစ်နေတာကိုး။ Cosplay ကြည့်တိုင်း ကာတွန်းဇာတ်ကောင်တွေ အပြင်မှာ တကယ်ရှိခဲ့သလိုပဲ ထင်ရတယ်။ ပျော်ရွှင်ပါစေ။
i want to join your site.because i like naruto shippuden movie
Like or Dislike:
0
0