Repairing MacBook Pro Fan
ဒီနေ့ မနက်စောစောမှာ ကျောက်မြောင်းမှာ ရှိတဲ့ သူငယ်ချင်းရဲ့ ကွန်ပျူတာ အခွေဆိုင်သွားဖြစ်တယ်။ အဲဒီမှာ ကြုံနေတာနဲ့ ဒီကောင့်ဆီက tools တွေနဲ့ပဲ ပါလာတဲ့ ကျွန်တော့် MacBook Pro ကို ဖွင့်ဖြစ်ပါတယ်။ ကျွန်တော့်စက်မှာ fan ပျက်နေတာ ၃ လလောက်ရှိနေပြီ မလည်တော့ဘူး.. Dashboard က iStatPro မှာလဲ မပြတော့ဘူး။ စလုံးမှာတုန်းကလဲ စက်မအားလို့ မပြင်ဖြစ်ခဲ့ဘူး ဒီပြန်ရောက်တော့လဲ မထူးဘူးဆိုပြီး ဖွင့်လိုက်တာပါ။
စက်က ပန်ကာပျက်နေတော့ Heat တက်တာ အရမ်းမြန်နေခဲ့တာပါ။ MacBook Pro က HeatSink မှာ 100 Degree ရောက်ရင် စက်ကို အလိုလိုပိတ်တာမို့ တော်တော် သတိထားပြီးသုံးနေခဲ့တာပါ။ အိမ်မှာလဲ dock fan နဲ့ ထားတယ် အပြင်သွားရင်လဲ ခဏသုံးလိုက် နားလိုက်သုံးရပါတယ်။ အခုကတော့ ဖွင့်လိုက်ပြီး ကိုယ့်ဖာသာ ကလိတာပါ။ စက်ကလဲ ၂ နှစ်လောက်ရှိပြီဆိုတော့ warranty မရှိတော့ပါဘူး။ စက်ကို ၀က်အူအသေးလေးနဲ့ဖွင့်ရပါတယ်။ နောက် ပန်ကာကိုသေချာ စစ်တယ် ဖြုတ်တယ် အထဲက မော်တာပြင်ပါတယ်။ နောက်တော့ မောင်ချူချာက နှေးနှေးလေး စလည်လာပါတယ်။
နောက်တော့ ပိုလီယို လမ်းလျောက်သင်သလိုပဲ တဖြည်းဖြည်းနဲ့ မြန်လာပြီး ဖုန်တွေကော အကုန်သုတ်ပြီး ရှင်းလိုက်တော့ အကောင်းအတိုင်းပြန်ဖြစ်သွားပါတယ်။ နောက်တော့ အခြား နေရာက ဖုန်တွေပါ တခါထဲရှင်းထုတ်လိုက်ပါတယ်။ ကျွန်တော့်စက်က ၂၀၀၈ က၀ယ်တာဆိုတော့ Battery ကို ကိုယ့်ဖာသာ ကလစ်လေးနှိပ်ပြီး ဖြုတ်လို့ရပါတယ်။ 2009 မှာထုတ်တာတွေကတော့ ဘာမှ ဖြုတ်လို့ မရတော့ပါဘူး။ အဲဒါတွေတော့ ကွာပါတယ်။ ဘာပဲပြောပြော ကလိလိုက်တာကောင်းသွားတော့ ပိုက်ဆံမကုန်တော့ဘူးဆိုပြီး တော်တော် ပျော်ပါတယ်။








zip said,
Wrote on July 2, 2010 @ 9:07 pm
ဟားဟား… လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော့် Asus ကိုလည်း အဲလိုပဲ cover တွေဖြုတ်ပြီးတော့ သန့်ရှင်းပေးလိုက်တော့မှ နဂိုအတိုင်းပြန်ဖြစ်တော့တယ်.. မဟုတ်ရင် fan က ဖုန်ထူနေတော့ သိပ်မလည်နိုင်တော့ရှာဘူး.. Windows တောင် သူ့ဖာသာသူ ကျကျသွားတယ်.. အဲလိုရှင်းလိုက်တော့မှ သက်သာသွားတယ်..
Soe Mya Nandar Thet Lwin said,
Wrote on July 3, 2010 @ 5:53 am
အဲဒီလို ကလိလိုက်တာ ကောင်းသွားတယ် ဆိုတော့ ကလိတတ်အုံးမှလေ။
နန္ဒာ့ laptop လဲ သုံးနေတာ ၂နှစ်ကျော်ပြီ။ ဘာမှ မဖြစ်ပေမယ့် Windows သူ့ဟာသူ ကျကျသွားလို့ ပြန်တင်ရတာက လွဲလို့။ အခုလို ရှင်းပေးမယ့်သူ ရှိရင် သိပ်ကောင်းမှာပဲ တွေးမိတယ်။
Have a nice weekend.
နန္ဒာ (SMNTL)
Htoo Tay Zar said,
Wrote on July 14, 2010 @ 1:02 pm
@ Zip ~ ကျွန်တော့်စက်လဲ ဖုန်တက်နေလို့ ဖွင့်ပြီး ရှင်းလိုက်တယ်နောက် ဆီနဲနဲထည့်လိုက်တယ်..
@ Soe Mya Nandar Thet Lwin ~ ဟုတ်လား Windows ကျကျသွားတတ်တယ် ၂ နှစ်ကျော်ပြီဆိုရင် ကျွန်တော့်လို ဖုန်ဝင်နေလို့ဖြစ်တာလဲ ဖြစ်နိုင်ပါတယ်.. ဖွင့်ပြီး ရှင်းကြည့်ပါလား.. ဒါပေမယ့် Dryer နဲ့ တော့ မမှုတ်လိုက်နဲ့နော် အပူနဲ့ ကြွသွားမှာ စိုးရတယ်
thanks
one way said,
Wrote on August 2, 2010 @ 10:07 pm
ကျောက်မြောင်းက သူငယ်ချင်းအခွေဆိုင်ကဘယ်နားမှာလဲဟင် ကျနောလဲကျောက်မြောင်းသားပဲ အခွေဝယ်ချင်၇င်သွား၇အောင်လို့