31 Aug, 2010

ဒီနေ့ August 31 ရက်နေ့က နိုင်ငံတကာ Blog Day နေ့ဖြစ်ပါတယ်။ ဒီနေ့ကို ရေးရင် 31,08 ဆိုတာလေးက Blog ဆိုတဲ့ စာလုံးနဲ့ ပုံစံ ဆင်တာမို့ ဘလော့ဂ်ဒေး လို့ သတ်မှတ်တာလဲ ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတကာက blog တွေမှာ လဲသူတို့ နှစ်သက်တဲ့ blog အသစ် ၅ ခုကို ပို့စ်တင်ပြီး မိတ်ဆက်ပေးလေ့ရှိပါတယ်။ ကျွန်တော်လဲ အရင်နှစ်တွေလိုပဲ အစဉ်အလာမပျက် ပို့စ်တင်တာပါ။ ဒီနှစ်ပါဆိုရင် ကျွန်တော် Blog Day အတွက် ပို့စ်တင်တာ ၄ နှစ်မြောက် ဖြစ်ပါတယ်။
Read the rest of this entry »
28 Aug, 2010
ဒီနေ့တော့ ဘာမှမရေးတော့ပဲ သီချင်းတစ်ပုဒ်ပြန်တင်ပါတယ်။ Scotty Doesn’t Know လို့ခေါ်ပါတယ်။ ကြားဖူးတယ်လဲ ဖြစ်ချင်ဖြစ်မှာပါ Euro Trip ဆိုတဲ့ ကျောင်းသား ဟာသ ကားထဲကပါ။ ဒီကားက Road Trip ပြီးမှထွက်ခဲ့တာပါ။ ကြည့်ဖူးတာကတော့ ၉ တန်းလောက် ကတည်းကပါပဲ။ အကိုနဲ့ ကြည့်တယ် နောက် ရီရတယ်ဆိုပြီး ကျောင်းကဘော်ဒါကို ပြောပြတော့ သူကထပ်ပြီး ကျွန်တော့်နာမည်နဲ့ အခွေဆိုင်မှာ ငှားပြန်တယ်။ နောက် ၁၀ ရက်လောက်ကြမှ သွားအပ်ဖြစ်တယ်။ အဲဒီတုန်းက ပါရမီက Swam ဆိုတဲ့ ဆိုင်မှာ တော်သေးတယ် အခွေဆိုင်က ဘဲကြီးနဲ့လဲ သိနေကြလို့ ပိုက်ဆံအပို မပေးရတယ်။
Read the rest of this entry »
26 Aug, 2010

BarCamp Singapore 6 Event ကို အခုလာမယ့် October 9, 10 (Sat And Sunday) ၂ ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီ Camp က Singapore ရဲ့ 2010 အတွင်းမှာ ဒုတိယမြောက် လုပ်တာဖြစ်ပါတယ်။ ပထမ အခေါက် BarCamp SG 5 တုန်းက ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေကို BarCamp Singapore 5 မှာ ပြန်ကြည့်လို့ရပါတယ်။ အခုတစ်ခေါက်ကိုတော့ City Hall မှာ လုပ်မယ်လို့ ဆိုပါတယ်။ Twitter hash tag က #BarCampSG6 ဖြစ်ပါတယ်။
Read the rest of this entry »
26 Aug, 2010

မြို့ထဲမှာ အခုနောက်ပိုင်း ပုံမှာ ပါသလို မြွေတွေ ရောင်းတာပါတွေ့လာရတယ်။ အရင်က ရွှေငါးတွေ အထုပ်လေးတွေနဲ့ ရောင်းတာမျိုးတွေ့ဖူးတာ။ အခုတော့ မြွေပေါက်လေးတွေပါ ရောင်းလာကြတယ်။ အဆိပ် မရှိဘူးတဲ့ခင်ဗျ။ အဲဒီ မြွေပေါက်လေးတွေကို နွားနို့တိုက်ပေးရင် ရဆိုပဲ။
Read the rest of this entry »
20 Aug, 2010

Apple က iOS 4.0 စထုတ်တဲ့ အချိန်မှာ iPhone 3G, iPod Touch 2nd Gen အစောပိုင်းတွေမှာ Home Screen Wallpaper, Battery Percent, Multitasking တွေပေး မ run တော့ပါဘူး။ အမှန်တော့ iOS 4 က အဲဒီလို device အသစ်မကိုင်နိုင်တဲ့ သူတွေအတွက် စက်လေးတာရယ် folder လေးပါလာတာရယ်ကလွဲရင် သိသာတဲ့ ပြောင်းလဲမှု မရှိသလောက်ပါ။ နောက်ဆုံးတော့ ကျွန်တော်လို JailBreak မလုပ်ချင်တဲ့သူတောင် Steve Job က အတင်းဖိအားပေးပြီး Multitasking ရဖို့ JB လုပ်ခိုင်းလာသလို ဖြစ်လာပါတယ်။
Read the rest of this entry »
18 Aug, 2010

S’pore ကနေ ရန်ကုန်ပြန်မလာ ရက်ပိုင်းအလိုလောက်ကပဲ Smashing Magazine ရဲ့ book series Smashing WordPress ဆိုတဲ့ စာအုပ်ကို Funan Digital Mall ကနေ၀ယ်ဖြစ်ပါတယ်။ Funan ရဲ့ လေးထပ်က စာအုပ်ဆိုင်မှာ ၀ယ်ဖြစ်ပါတယ်။ စာအုပ်က Wiley ထုတ်ပါ။ ဒီစာအုပ်က အွန်လိုင်းကနေမှာမှ ရတဲ့ စာအုပ်ပေမယ့် အဲဒီ Funan က ဆိုင်မှာ ရောက်နေတာကလဲ နောက်ခံ ဇာတ်လမ်းရှိပါသေးတယ်။ ဇာတ်လမ်းမပြောခင် ကြိုပြောရပါဦးမယ် အခုရေးမယ့် ပို့စ်က Smashing WordPress Book Review ဖြစ်ပါတယ်။ Smashing WordPress ဆိုတာ Popular ဖြစ်တဲ့ Web Design Blog Smashing Magazine ကထုတ်တဲ့ စာအုပ်ပါ။
Read the rest of this entry »
18 Aug, 2010
Ornagai iPhone App ရဲ့ Version 1.4 ကို ဒီနေ့ iTunes App Store မှာ update လုပ်လို့ရပါပြီ။ အခု version မှာ Search Box ပျောက်ပျောက် သွားတတ်တဲ့ ပြသနာကို ရှင်းပေးထားပါတယ်။ iPad Support လုပ်ထားပါတယ်။ Search Box ပျောက်သွားတဲ့ အခါ ပြန်ထွက်ပြီး ပြန်ဝင်လဲ ဆက်ပျောက်နေတတ်တာက Multi-Tasking က last state ကို save မှတ်ထားပေးလို့ပါ။
Read the rest of this entry »
17 Aug, 2010

BarCamp Yangon 2011 အတွက် Organizer Team ဖွဲ့စည်းဖို့ အတွက် Meeting ကို အခုလာမယ့် ၂၀ ရက်နေ့မှာ Info-Tech ထဲမှာ လုပ်ဖို့ ရှိပါတယ်။ Meeting ကို မည်သူမဆို 2011 အတွက် Organized လုပ်ပေးနိုင်မယ့်သူများ တက်ရောက်နိုင်ပါတယ်။ အခန်း ၂၀၅ မှာ လုပ်မှာပါ။ ဖိတ်စာကတော့ ရက်ကပ်နေပြီ ဖြစ်တာမို့ ဂျာနယ်တွေထဲလဲ ပါဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘလော့ဂ်ကနေ အသိပေးလိုက်ရပါတယ်။ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
Read the rest of this entry »
16 Aug, 2010

Gmail ရဲ့ layout အသစ် features အသစ်ကိုဒီနေ့မှ သေချာ စမ်းသုံးကြည့်မိပါတယ်။ သတိထားမိပေမယ့် မအားတာကြောင့် မကြည့်ဖြစ်တာလဲပါပါတယ်။ အခုကတော့ Multiple Accounts ကော Google Contact ကော အခြား ကောင်တွေပါစမ်းကြည့်ဖြစ်တယ်။ Google ရဲ့ Multiple Accounts feature က တော်တော်အသုံးဝင်ပါတယ် အရင်ကဆို အကောင့်တစ်ခုဝင်ထားရင် cookie ကြောင့် နောက် အကောင့်တစ်ခု ၀င်ချင်ရင် တစ်ခုထွက်ပေးရပါတယ်။ Firefox မှာဆိုရင် plug in သုံးပြီးဝင်ရပါတယ်။ အခုတော့ officially မလိုတော့ပါဘူး။
Read the rest of this entry »
15 Aug, 2010

Simple Desktop ဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲထားတဲ့ illustration wallpaper တွေ စုပေးထားတဲ့ဆိုဒ်ပါ။ Desktop wallpaper ကို ရှင်းရှင်းလေးထားပြီး ကာတွန်းပုံတွေ ကြိုက်တဲ့ သူတွေအတွက် အဆင်ပြေပါတယ်။ အဲဒီမှာ Widescreen wallpaper တွေရနိုင်ပါတယ်။ နောက် ဆွဲထားတာရှိရင် submit လုပ်လို့ရပါတယ်။ Resolution 2560 x 1600px ရှိတာမို့ iMac 27 inch တွေအတွက်ပါ တင်သုံးလို့ရပါတယ်။ ပျော်ရွှင်ပါစေ။