13th Anniversary PhotoCity ~ Photo Exhibition


Photo City

ဒီနေ့ 7 ရက်နေ့မှာ ယောက်လမ်းမှာ ရှိတဲ့ Gallery 65 မှာ လုပ်တဲ့ PhotoCity ရဲ့ ဓာတ်ပုံပြပွဲ ရောက်ဖြစ်ပါတယ်။ ဒီပွဲက မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ ဓာတ်ပုံ ဆရာကြီးတွေ စုလုပ်တဲ့ပွဲမို့ ကြုံခဲတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ကျွန်တော့် ဆရာပုံလဲပါတာမို့ ဆရာနဲ့ ကပ်ပြီး မနက်အစော ဖွင့်ပွဲကတည်းက ရောက်ဖြစ်ပါတယ်။ အဲဒီက ကော်ဖီ၊ ဒိုးနတ်ကျွေးတယ် နောက် အဲဒီမှာ နာမည်ကြီး ဓာတ်ပုံဆရာတွေ ဓာတ်ပုံ အသင်းက နာယကကြီးတွေနဲ့ တွေ့ခဲ့ရပါတယ်။ နောက် ဓာတ်ပုံတွေ ပတ်ကြည့်ဖြစ်ပါတယ်။ ဖွင့်ပွဲမို့ထင်တယ် လူအပြင်မှာကို အများကြီးပါပဲ။

မြို့ထဲမှာလဲ ကြော်ငြာ billboard တွေ နေရာအနှံ့ တွေ့ရတာမို့ လူများမယ့် ပွဲပါပဲ။ ပုံတွေကတော့ ဆရာတွေမို့ ပြောတာမဟုတ်ပါဘူး တော်တော်ကောင်းပါတယ် ပညာသားပါတယ်၊ အချိန်ပေးထားတယ်၊ လူရောက်ခဲတဲ့ နေရာတွေမှာ ရိုက်ထားတယ် အစုံပါပဲ။ ကျွန်တော်ကတော့ အထူးသဖြင့် line တွေနဲ့ ရိုက်တာကြိုက်ပါတယ်။ လူလုပ်ထားတဲ့ ဘုရားစောင်းတန်းက လိုင်းတွေ စေတီတော်တွေက လိုင်းတွေ တောင်သမန်အင်းက လိုင်းတွေ နောက် တောင်လှေကား စိုက်ခင်းပုံတွေ တော်တော် သဘောကျနေမိတယ်။ ဒီနေ့က လူများလို့ သေချာ မကြည့်ဖြစ်ပါဘူး။ မနက်ဖြန်မှ အေးဆေးသွားပြီး ကြည့်လိုက်ပါဦးမယ်။ ကြည့်ချင်တဲ့ မိတ်ဆွေများအတွက်ကတော့ ယောက်လမ်း ယောမင်းကြီးလမ်း ဗိုလ်ချုပ်ဈေးအနောက်ဖက် အမှတ် ၆၅ မှာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီ အထိ သွားရောက် ကြည့်ရှုနိုင်သလို ပုံတွေလဲ ၀ယ်ယူအားပေးနိုင်ပါတယ်။ ပို့စ်စကတ်တွေလဲ ၀ယ်လို့ရပါတယ်လို့ သတင်းပေးလိုက်ပါတယ်။

Photo City

Photo City

Photo City

Photo City

Photo City

Photo City

Photo City

PhotoCity

PhotoCity




Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: