
ဒီနေ့ August 31 ရက်နေ့က နိုင်ငံတကာ Blog Day နေ့ဖြစ်ပါတယ်။ ဒီနေ့ကို ရေးရင် 31,08 ဆိုတာလေးက Blog ဆိုတဲ့ စာလုံးနဲ့ ပုံစံ ဆင်တာမို့ ဘလော့ဂ်ဒေး လို့ သတ်မှတ်တာလဲ ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတကာက blog တွေမှာ လဲသူတို့ နှစ်သက်တဲ့ blog အသစ် ၅ ခုကို ပို့စ်တင်ပြီး မိတ်ဆက်ပေးလေ့ရှိပါတယ်။ ကျွန်တော်လဲ အရင်နှစ်တွေလိုပဲ အစဉ်အလာမပျက် ပို့စ်တင်တာပါ။ ဒီနှစ်ပါဆိုရင် ကျွန်တော် Blog Day အတွက် ပို့စ်တင်တာ ၄ နှစ်မြောက် ဖြစ်ပါတယ်။
ဒီနှစ်ကလဲ ရွေးစရာ blog တွေများပါတယ်။ နှစ်တိုင်း အကြောင်းကြောင်းကြောင့် ဘလော့ဂ်ရေးတာ နားလိုက်တဲ့သူတွေ ရှိသလို ဘလောဂ် အသစ် စရေးကြတဲ့သူတွေလဲ များပါတယ်။ Blog တွေက အွန်လိုင်းပေါ်မှာ မီဒီယာ အသစ်တစ်ခု အနေနဲ့ရှိနေဆဲပါပဲ။ ဘလော့ဂ်ရေးတာက free sign up လုပ်ပြီး အခုလုပ်အခု ရေးလို့ ရတယ်ဆိုပေမယ့် တကယ်တမ်း ရေရှည်မှာ ရေးနိုင်ဖို့က ၀ါသနာ ကော၊ အချိန်ကော အခြား အရာတွေ ပါရင်းပြီးမှ ဖြစ်တာမို့ လွယ်လှတယ်တော့ မဟုတ်ပါဘူး။
Blog ဖတ်ရင်းနဲ့လဲ အခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ သတင်းတွေ၊ ဗဟုသုတတွေလဲ ရယူနိုင်ပါတယ်။ အမှန်ပြောရရင် ဂျာနယ်တွေကနေ formal ရေးတဲ့ စာမျိုးထက် blog ကနေ personal အမြင်မျိုး ဖတ်ရတာကလဲ blog တွေရဲ့ အားသာချက်တစ်ခုပါ။ နောက် blogger နဲ့ reader တွေ အပြန်အလှန် ဆက်သွယ်နိုင်ဖို့ comment ဆိုတာလဲ ရှိနေတာတွေကလဲ paperless media ရဲ့ အားသာချက်လို့ ပြောလို့ရပါတယ်။ Web Log ဆိုတဲ့ စကားက ဆင်းသက်လာတဲ့ Blog ဟာ personal မီဒီယာ တစ်ခု အနေနဲ့ ပိုပြီး အောင်မြင်လာဦးမှာ အသေအချာပါပဲ။
ဆိုတော့ ဒီနှစ် အတွက် blog 5 ခု ကို ညွှန်းပေးဖို့ ရွေးထားပါတယ်။ အဲဒါတွေကတော့

Jason Santa Maria blog က တကယ်တော့ web design, graphic, art အကြောင်းတွေ ရေးလေ့ရှိတဲ့ blog တစ်ခုဖြစ်ပါတယ်။ သူက သူရဲ့ ပို့စ်တိုင်းကို unique theme design သုံးလေ့ရှိတဲ့ အတွက် web design လောကမှာ နာမည်ကျော်ပါတယ်။ WordPress ကို customize လုပ်ပြီး ဒီဇိုင်းမျိုးစုံသုံးလေ့ရှိပါတယ်။ တကယ်လို့ မိတ်ဆွေက Design အကြောင်း စိတ်ဝင်စားတယ် ဆိုရင်တော့ subscribe လုပ်တာထက် အပြင် ဆိုဒ်ကို သွားကြည့်တာက ပို အရသာ ရှိပါတယ် လို့ ညွှန်းလိုပါတယ်။

နောက် တစ်ခုကတော့ Mark Jardine ဆိုသူရဲ့ personal blog ပါ။ သူက လူသိများတဲ့ iPhone က Convert Bot, Paste Bot, Weight Bot Apps တွေကို ဒီဇိုင်း လုပ်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ ဘလော့ဂ်မှာကတော့ personal အကြောင်း အရာတွေ ဓာတ်ပုံ အကြောင်း Illustartion, design အကြောင်းတွေ ဖတ်ရမှာပါ။

ဒီဘက်နှစ်တွေမှာ နိုင်ငံတကာ ဘလော့ဂ်လောကမှာ Network Blogs တွေလဲ ခေတ်စားလာပါတယ်။ PSD Tuts ကနေစလို့ အခြားအကြောင်း အရာတွေတင်လာတဲ့ TutsPlus Network ရှိသလို အရင်ကတည်းက နာမည်ကျော် AOL ရဲ့ Engadget လို blog network တွေရှိတယ်။ LifeHacker, Gizmodo တို့လို အတွဲတွေလဲရှိကြပါတယ်။ အခုကတော့ Fuel Network လို့ ခေါ်တဲ့ တစ်ခုကို ညွှန်းချင်ပါတယ်။ သူကတော့ Web Design, UI, Usability, Illustartion, Photography စတာတွေ အထူးသဖြင့် visual design တွေကို အဓိကထားပြီးလုပ်ထားတဲ့ blog network ဖြစ်ပါတယ်။ Article တွေလဲ ကောင်းတာမို့ subscribe လုပ်ထားသင့်တဲ့ ဘလော့ဂ်တွေ ဖြစ်ပါတယ်။

နောက် တစ်ခုအနေနဲ့ကတော့ ကိုကိုကျောက်၊ ရော်ဂျာကျောက်လို့ နာမ်စား သုံးလေ့ရှိတဲ့ ရွှေရတုမှတ်တမ်း ဆိုတဲ့ ဘလော့ဂ်ပါ။ ဒီဘလော့ဂ်မှာတော့ စာရေးသူ ကိုကိုကျောက်ရဲ့ ခရီးသွားမှတ်တမ်း၊ မှတ်စုမျိုးတွေကို ဟာသရသနဲ့ တွဲပြီး ဖတ်ရမှာပါ။ ဗဟုသုတလဲ ရနိုင်သလို ရီလဲရီရပါတယ်။ စာရေးဆရာကြီး သော်တာဆွေ လို အရေးအသားမျိုးမို့ ဖတ်လို့ ကောင်းတာ အမှန်ပါ။ လူချင်းတော့မသိပေမယ့် စာအရတော့ ကိုကိုကျောက်က သဘောကောင်းပြီး ဟာသ အပြောကောင်းမယ့်သူလို့ ခန့်မှန်းရပါတယ်။ မဖတ်ဖူးသေးရင်တော့ ဖတ်ကြည့်ဖို့ ဒီနှစ် အတွက် ညွှန်းပါရစေ။
အမှန်တော့ Blog Day မှာ ညွှန်းတာတွေက ဘလော့ဂ် အသစ်တွေဖြစ်သင့်တာပါ။ ဒါပေမယ့် ဒီတစ်ခုကတော့ အဟောင်းတွေကိုပဲ ပြန်ညွှန်းပါရစေ။ ခေါင်းစဉ်ကတော့ Citizen Journalsits ဘလော့ဂ်တွေလို့ တပ်ထားလိုက်ပါတယ်။ ပြန်ညွှန်းရခြင်း အကြောင်းအရင်းက blog ဆိုတာ ပုံမှန်ထက်ပိုတဲ့ မီဒီယာတစ်ခုဆိုတာ ညွှန်းချင်လို့ တင်ခြင်းဖြစ်ပါတယ်။ ဥပမာ ~ ကိုညီလင်းဆက် ဘလော့ဂ်မှာ သင်္ကြန်ဗုံးပေါက်တုံးကလို ကိစ္စမျိုးတွေကို printed media တွေ အခြား မီဒီယာတွေ မထွက်ခင်ထက် တင်နိုင်တာမျိုးရှိတယ်၊ နောက် ကိုမျက်လုံးလို ဘလော့ဂ်မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အဆိုတော်တချို့ကို blog တစ်ခုအနေနဲ့ အင်တာဗျူးထားတာမျိုးရှိတယ်။ ကိုစိုးဇေယျ နဲ့ ကျွန်တော့် ဘလော့ဂ်မှာလဲ အရင် ဒွေးသေတုန်းက ၂ နာရီလောက်ပဲ ခြားပြီး အွန်လိုင်းမှာ သတင်းတင်နိုင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဆိုလဲ မစိုးမြတ်နန္ဒာသက်လွင်ရဲ့ ရှပ်ရှင် မင်းသား နေတိုး အင်တာဗျုး မျိုးတွေ ရှိပါတယ်။ အခြားအခြားသော ဘလော့ဂ်တွေမှာလဲ up to date သတင်းမျိုးတွေကို ကမ္ဘာ အနှံ့က မြန်မာတွေ သိနိုင်ဖို့ ကြိုးစားရေးပေးနေကြတဲ့ ဘလော့ဂ်တွေကို ဂုဏ်ပြုခြင်းသာ ဖြစ်ပါတယ်။ ဒီတစ်ခုအတွက် ညွှန်းစရာလင့် အတိအကျ မရှိပါဘူး Myanmar Citizen Journalists တွေ အားလုံးကို ညွှန်းလိုတာပါပဲ။
ဒီနှစ်အတွက်ကတော့ ကျွန်တော် ရွေးခဲ့တဲ့ ဘလော့ဂ် ၅ ခုက အထက်ပါအတိုင်းဖြစ်ပါတယ်။ ဘလော့ဂ်များကို ရွေးပြီး မိတ်ဆက်ပေးတာက မြန်မာ ဘလော့ဂ်တွေထဲမှာ အကောင်းဆုံး ဆိုတဲ့ သဘောထက် ကျွန်တော့် personal အမြင်အရ ရွေးပြီး ဒီနှစ်အတွက် မိတ်ဆက် ပေးခြင်းဖြစ်ပါတယ်။ တကယ်လို့များ အရင် နှစ်တွေက ကျွန်တော် ညွှန်းခဲ့တဲ့ ဘလော့ဂ်တွေ ဖတ်ကြည့်ချင်တယ်ဆိုရင်ဖြင့် အောက်ပါ links တွေမှာ ပြန်ဖတ်ကြည့်လို့ ရပါတယ်။ ဒီနှစ်အတွက်ကတော့ ဒီမျှသာပါပဲ.. အားလုံး ပျော်ရွှင်ပါစေ…. Happy Blog Day!!
Like or Dislike:
0
0
အချင်းချင်း သိတ်မြှောက်မပေးနဲ့လေ…မြှောက်ပေးတဲ့သူရှိရင် ဒီက ဟိုဟာတက်အောင်ကတာ..
Like or Dislike:
0
0
It was sooooo cool to read that post and I kinda expect that you would do this post for blog day as you always did over the past years.
I posted this comment with my iPhone, 1st time comment I ever done so far.
Please keep it up on your blog whenever you can.
Many thanks!!
Nandar
Like or Dislike:
0
0
[...] Blog Day 2010 [...]
Like or Dislike:
0
0