Diary Of Me

လွန်ခဲ့တဲ့ ၃ ပတ်လောက်က iPod နားကြပ်လေးပျောက်သွားတယ်။ ပျောက်ဆို အဲဒါက အနှိုက်ခံလိုက်ရတာပါ။ ရန်ကုန်မြို့ထဲက super market တစ်ခု အ၀င်မှာ ကျောပိုးအိပ်မယူရဘူးဆိုလို့ အ၀င်ဝမှာ အပ်ခဲ့တာ အချိန်က နေ့လည်ဘက်ပဲ ခဏပါပဲ ပြန်ထွက်လာတော့ ကျွန်တော် အိတ်ပြန်ယူပြီး မြေနီကုန်းဘက် စာသွားသင်ဖို့ ထွက်တော့ အိပ်နောက်ဘက်က အိပ်အသေးထဲ ထည့်ထားတဲ့ နားကြပ်ပျောက်သွားတာ… အိမ်ကထွက်လာတုန်းက အဲဒီထဲ သေချာထည့်လိုက်တာပါပဲ။ အဲဒီ Super Market ကလဲ အိမ်နဲ့ ၁ မှတ်တိုင်စာတောင် မဝေးလို့ လမ်းလျောက်သွားတာ။ ဘယ်လိုဖြစ်တယ်မသိဘူး။
ပြောသာပြောရတယ် အရင် စာအုပ်တစ်အုပ်ထဲက ဆရာဦးဆန်းလွင် ရေးထားသလို သူရယ်သူ့သမီးရယ် ဘုရားသွားပြီး ပြန်အထွက်မှာ ဖိနပ် ပျောက်သွားတော့ သူ့သမီးကပြောတယ်… အရင် ဘ၀က အဖေ ဖိနပ်ခိုးခဲ့တာ ပေါ်ပြီတဲ့
ကျွန်တော်လဲ အဲဒီလိုပဲထင်တယ် အရင်ဘ၀ က သူများ ပစ္စည်းတစ်ခုခု ခိုးခဲ့ပုံရတယ်။ အမှန်တော့ ကျွန်တော်မှာ ပိုက်ဆံတွေ ပျောက်တာ.. ပစ္စည်းမေ့ကျန်ခဲ့တာ အခိုးခံရတာမျိုးဆိုတာ သိတတ်ကတည်းက တစ်ခါမှ မဖြစ်ဖူးဘူး။ ခါးပိုက်နှိုက်ခံရတယ်ဆိုတာ တစ်ခါမှမဖြစ်ဖူးဘူး။ ဘာပဲလုပ်လုပ် အမြဲ သတိထားတဲ့ အကျင့်လုပ်ထားတာလဲပါတယ် နောက် ဒီဘ၀မှာလဲ သူများ ပစ္စည်းမခိုးဖူးသလို အရင်ဘ၀တွေကလဲ မလုပ်ခဲ့လို့ဖြစ်မယ်။ အခုတစ်ခေါက်ကတော့ မှတ်မှတ်ရရပါပဲ။ နားကြပ်ကတော့ အသစ်ဈေးပေါတာ ၀ယ်လိုက်ပြီ Apple နားကြပ်တော့ မ၀ယ်နိုင်တော့ဘူး ဈေးလဲကြီးတယ် ဖုန်တက်ပြီး ကြာရင် အဖြူက အရောင်ပြောင်းတတ်လို့။ အပေါ်ဆုံးပုံကတော့ packing design ကြိုက်လို့ ပုံတင်ထားတာပါ။ ကျွန်တော် ၀ယ်တာဟုတ်ဘူး။
မနေ့ကမနက် အစောကတော့ အမေနဲ့ ဆေးခန်းသွားပြီး ကျွန်တော့် သွား အံဆုံး နှုတ်ဖြစ်ပါတယ်။ အံဆုံးက ပေါက်တာကြာပြီ ပေါက်တဲ့ပုံက ပါးဘက်တစောင်းပေါက်နေတာနဲ့ ဆရာဝန်က နှုတ်ပါဆိုလို့ နှုတ်လိုက်တယ်။ ထုံဆေးပေးထားတော့ မနာဘူးဗျ နေ့လည် ၁ နာရီလောက်ရောက်မှ စပြီးနာတော့တာပဲ ပါရာစီတမော သောက်ပေးတယ် အနာသက်သာအောင်လို့။ ဒီနေ့တော့ နဲနဲပဲနာတော့တာနဲ့ အခြေအနေကောင်းပြီး BAK Shopping Mall မှာလုပ်တဲ့ ကိုကိုရဲ ရဲ့ Ubuntu Show သွားဖြစ်တယ် နောက် စာသွားသင်ပါတယ်။ သွားဆိုရင် အမေကိုလဲ ကျေးဇူးတင်ရမယ် ငယ်ငယ်ကတည်းက သွားတွေစစ်ပေးတယ် နောက်တစ်ချောင်းပေါက်တာနဲ့ ငယ်သွားကို နှုတ်ပေးတာကြောင့် သွားတွေ အထပ်အထပ် ဖြစ်တာမျိုးမရှိခဲ့ဘူး။ အိမ်ထောင်ရှိတဲ့ သူငယ်ချင်းတွေလဲ သတိပေးရဦးမယ် ကလေးမွေးရင် သွားကို ဂရုစိုက်ပေးဖို့ မဟုတ်ရင် ကြီးလာတဲ့ အခါ သွားတွေ မညီတာတွေ ဖြစ်ကုန်မှာ စိုးရတယ်။ ငယ်ငယ်ကတော့ အဖွားတွေ အသိတွေ သွားကျိုးတိုင်းပြောတာ သွားကို ခေါင်မိုးပေါ်ပစ်ရတယ် ခွေးသွား၊ ကြောင်သွားတွေ မပေါက်ပါစေနဲ့ သွားလှလှလေးပေါက်ပါစေ ဆိုပဲ။ ။
Photo via : Gizmodo

ဂျစ်ပဆီ said,
Wrote on August 10, 2010 @ 2:17 pm
နာ့ကိုစောင်းပြောနေတာလားမသိဘူး။ ဟိး
Like or Dislike:
0
0