Gmail’s New Features, Tips & Tricks


Gmail TIps

Gmail ရဲ့ layout အသစ် features အသစ်ကိုဒီနေ့မှ သေချာ စမ်းသုံးကြည့်မိပါတယ်။ သတိထားမိပေမယ့် မအားတာကြောင့် မကြည့်ဖြစ်တာလဲပါပါတယ်။ အခုကတော့ Multiple Accounts ကော Google Contact ကော အခြား ကောင်တွေပါစမ်းကြည့်ဖြစ်တယ်။ Google ရဲ့ Multiple Accounts feature က တော်တော်အသုံးဝင်ပါတယ် အရင်ကဆို အကောင့်တစ်ခုဝင်ထားရင် cookie ကြောင့် နောက် အကောင့်တစ်ခု ၀င်ချင်ရင် တစ်ခုထွက်ပေးရပါတယ်။ Firefox မှာဆိုရင် plug in သုံးပြီးဝင်ရပါတယ်။ အခုတော့ officially မလိုတော့ပါဘူး။

Google.com/accounts မှာသွားပြီး Multiple Accounts Sign in ကို On ပြီးရင် အခြား ကိုယ့်အကောင့်တွေ add လုပ် verify လုပ်ပြီးတာနဲ့ သုံးလို့ရပါပြီ။ တစ်ခုပဲ multiple accounts က Google Apps သုံးထားတဲ့ email ကို support မလုပ်သေးပါဘူး မလုပ်လဲ ကိစ္စမရှိပါဘူး တပြိုင်နက်ထဲ browser တစ်ခုထဲမှာ အရင်ကတည်းက ဖွင့်ရနေတာပဲ။ နောက် သဘောကျတာက Google Contact ကို Gmail ထဲမှာ ထည့်ပေါင်းပေးထားတာပါ။ ကျွန်တော်က အရင်ကတည်းက mobile phone ထဲက contacts တွေကို vCard နဲ့ import လုပ်ထားပြီး back up လုပ်နေကျဆိုတော့ အခု ထည့်ပေါင်းပေးလိုက်တော့ ကျွန်တော် ဖုန်းပါမသွားတောင် အီးမေးထဲမှာ သူငယ်ချင်း ဖုန်းနံပါတ်တွေ အသစ်ထည့်လို့ရတယ် ပြန်ရှာလို့ရတယ်။

နောက်တစ်ခု မိုက်တာက Drag and Drop Maill Attachment files upload ပါလာတာပါ။ အဲဒါကတော့ HTML 5 အလုပ်လုပ်တဲ့ Safari, Firefox, Chrome တွေမှာ ရပါတယ်။ တော်တော်မိုက်တယ်။ အရင်က အဲဒီလို drag and drop upload ဆိုတာ Java, Flash, AIR, Silverlight လိုမျိုး 3rd Party runtime တွေပေါ်မှာပဲ support လုပ်တာပါ။ အခုတော့ HTML 5 နဲ့ဆိုတော့ မိုက်တယ်။ အရင်လို ဖိုင်တစ်ခုကို browse တစ်ခါလုပ်ရတဲ့ ဒုတ်ခ မရှိတော့ဘူး။ ဒါနဲ့ ဂျာနယ်တစ်စောင်က သတင်းထောက် တစ်ယောက်လာမေးလို့ Gmail မှာ Phone No မပါရင် account သစ်ဖွင့်မရတဲ့ ပြသနာပါ ရှင်းပေးဖြစ်ပါတယ်။ အဲဒါက ပြီးခဲ့တဲ့နှစ်တွေကတည်းကပဲ ကျွန်တော် မန်းလေးမှာ အကို အင်တာနက် ကဖေးလုပ်နေကတည်းက ရှိတဲ့ပြသနာပါ။

ပြသနာက ကျွန်တော်တို့ မြန်မာနိုင်ငံက National Gateway ကထွက်သွားတဲ့ request တွေက IP address နည်းတာကြောင့် ထပ်ကုန်ပြီး Gmail Register မှာ spam လို့ထင်လာပြီး တောင်းတာပါ။ မြန်မာနိုင်ငံကနေ အကောင့်ဖွင့်နည်းမယ့် အချိန် ညဘက်မျိုးထလုပ်ရင် ရနိုင်ပါတယ်။ ဒါမှမဟုတ် ဖုန်းနံပါတ်တောင်းနေသေးရင် နိုင်ငံခြားက သူငယ်ချင်း၊ အမျိုးဖုန်းနံပါတ်နဲ့ လုပ်လိုက်လို့ရပါတယ်။ ဒါပေမယ့် အဲဒီ နံပါတ်ကို Google က SMS ပို့ပြီး verify လုပ်ခိုင်းပါတယ်။ တကယ်လို့ မလုပ်ခဲ့ရင် ၃ ရက်လောက်နေရင် အကောင့်ကို ပြန်ဖျက်ပါတယ်။ ဆိုတော့ အရှင်းဆုံးနည်းကတော့ ရှိပြီးသား ကိုယ့် Gmail account ထဲဝင်ပြီးရင် ဘယ်ဘက်က sidebar က Invite လုပ်ဖို့ အခု ၅၀ ပေးထားတာကနေ invite လုပ်လိုက်ရင်ရှင်းပြီး phone နံပါတ်လဲ မတောင်းတော့ပါဘူး။ အဲဒါကတော့ အလွယ်ဆုံး ဖြေရှင်းနည်းပါပဲ။

Alatic Inbox

ကြုံနေတာနဲ့ တစ်ခါထဲ အိုင်ဖုန်းထဲဝင်ပြီး Google Contact မှာ ရှိတဲ့ ဖုန်းနံပါတ် အသစ်တွေ update sync လုပ်ဖို့လုပ်ရင်း Google iPhone App ကိုပါ ပြန်စမ်းကြည့်ဖြစ်ပါတယ်။ Google App Voice Search ကို စမ်းလိုက်တော့ ဟိုအရင်တွေနဲ့ မတူတော့ပဲ တကယ် active ဖြစ်လာတာတွေ့ရပါတယ်။ အရင်ကဆို အသံထွက်မှန်သိတိုင်အောင် အကြိမ်တော်တော်များများ ပြောတာနဲ့ သူရှာတာလွဲပါတယ်။ အခုတော့ gmail ဆိုပြီး ရှာကြည့်တယ် ချက်ချင်း result ပြပေးပါတယ်။ တစ်ခုပဲ English Dictionary မှာမရှိတဲ့ မြန်မာစကားတွေ တော့ မသိသေးဘူး။ ဘာပဲပြောပြော စာရိုက်ရတာထက်စာရင် စက္ကန့်ပိုင်းလောက် ပိုမြန်တဲ့ voice search က ဖုန်းတွေမှာ အသုံးဝင်တာ အမှန်ပါပဲ။ စကားမစပ်ပဲ Gmail Blog မှာတွေ့လို့ HTML 5 Gmail Icon game တစ်ခုပါပြောချင်ပါသေးတယ်။ ဆော့ချင်ရင် MonoCubed.com မှာ ဆော့လို့ရပါတယ်။ လက်စသတ်တော့ ဒီနေ့က Google promotion လုပ်တဲ့ blog post ဖြစ်နေပါတယ် :D ပျော်ရွှင်ပါစေ။ ။



Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: