How To Get iPhone, iPad, Android Apps Free

ကျွန်တော့်ဖုန်းကို jailbreak လုပ်မသုံးဖြစ်တာ တော်တော်ကြာပါပြီ ၁ နှစ်လောက်တောင် ရှိတော့မယ် (အခုတော့ JB လုပ်ပါတော့မယ်)။ မလုပ်ဖြစ်တာက iOS version အသစ်ထွက်တိုင်း အရင်ဆုံးစမ်းသုံးကြည့်ချင်တာ တကြောင်း၊ နောက် JB လုပ်ရင် ကြာရင် စက်လေးလာတယ်လို့ ထင်တာကြောင့်ပါ။ JB မလုပ်သည့်တိုင်အောင် ကျွန်တော့်ဖုန်းမှာ Games လို ပိုက်ဆံပေးဝယ်ရတဲ့ app တွေ အများကြီးရှိပါတယ်။ အဲဒါတွေ ဘယ်ကရလဲဆိုတဲ့ နည်းအခု ပြောမလို့ပါပဲ။
Paid Game တွေကို တစ်နေ့ တစ်ခု free လုပ်ပေးတဲ့ ဆိုဒ်ကနေ ရပါတယ်။ ဆိုဒ်နာမည်က FAAD ~ Free App A Day လို့ခေါ်ပါတယ်။ အဲဒီဆိုဒ်မှာ ပိုက်ဆံပေးရတဲ့ ဂိမ်းတွေ app တွေကို 24 Hours ကို တစ်ခု free အနေနဲ့ လုပ်လုပ်ပေးပါတယ်။ အဲဒီဆိုဒ်ကို နေ့တိုင်းကြည့်ပြီး App တွေ တစ်နေ့တစ်ခု free ယူတာပါ။ ဆိုဒ်ရဲ့ ရည်ရွယ်ချက်က Developer တွေ app ကို free တစ်ရက်ပေးထားလိုက်ပြီး App Store ရဲ့ Top 10 Free list ထဲပါပြီး exposure ရအောင် လုပ်ယူကြတဲ့ သဘောပါ။ အဲဒီဆိုဒ်ကနေ တစ်နေ့တစ်ခု မှန်မှန်စုလို့ရပါတယ်။ နောက်ဆိုသူ့မှာ iPad နဲ့ Android app တွေပါ free high light လုပ်ဦးမှာမို့ Android users တွေလဲ စောင့်ကြည့်သင့်ပါတယ်။

နောက်ဆိုဒ်တစ်ခုကတော့ iPhone Game Network OpenFient ရဲ့ program ဖြစ်ပါတယ်။ Free Game Of The Day ဆိုတဲ့ ဆိုဒ်ပါ။ သူကလဲ တစ်နေ့တစ်ခု အမြဲတမ်း free limited time ပေးလေ့ရှိတာကြောင့် စောင့်ကြည့်သင့်ပါတယ်။ အခုပြောခဲ့တဲ့ ဆိုဒ် ၂ ခုလုံးဟာ သူတို့ကိုပိုင် Native App လဲရှိတာကြောင့် အဲဒီ app ၂ ခုကနေ အလွယ်တကူ ဒီနေ့ ဘာ free ပေးလဲဆိုတာ ကြည့်လို့ရပါတယ်။ အခြား free ရနိုင်တဲ့ နည်းဆို၇င်တော့ သက်ဆိုင်ရာ Game Company တွေက သူတို့ Company Anniversary တွေမှာ ၁ ရက် free လုပ်တာမျိုးရှိပါတယ်။ ဥပမာ – Ngmoco, EA တို့ ရှိတယ် ဒါပေမယ့် သူတို့ ဘယ်ရက် Anniversary လဲဆိုတာ သိဖို့ မလွယ်ပါဘူး။ Twitter မှာလိုမျိုး follow လုပ်ထားမှသာ သိနိုင်ပါတယ်။ အဆင်ပြေပါစေ….
English Version Of This Post ? Read Here!!
