Invitation For Upcoming BarCamp Yangon Meeting

BarCamp Yangon 2011 အတွက် Organizer Team ဖွဲ့စည်းဖို့ အတွက် Meeting ကို အခုလာမယ့် ၂၀ ရက်နေ့မှာ Info-Tech ထဲမှာ လုပ်ဖို့ ရှိပါတယ်။ Meeting ကို မည်သူမဆို 2011 အတွက် Organized လုပ်ပေးနိုင်မယ့်သူများ တက်ရောက်နိုင်ပါတယ်။ အခန်း ၂၀၅ မှာ လုပ်မှာပါ။ ဖိတ်စာကတော့ ရက်ကပ်နေပြီ ဖြစ်တာမို့ ဂျာနယ်တွေထဲလဲ ပါဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘလော့ဂ်ကနေ အသိပေးလိုက်ရပါတယ်။ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
BarCamp Yangon 2011 ကျင်းပရေးအတွက် Organizer Team ဖွဲ့စည်းမည်
၂၀၁၀ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပခဲ့သည့်
BarCamp ဖြစ်သော BarCamp Yangon ကို ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင်
ဒုတိယအကြိမ် ကျင်းပနိုင်ရန် Organizer Team ကို ယခုနှစ်သြဂုတ်လ
၂၀ရက်နေ့တွင် ဖွဲ့စည်းမည်ဖြစ်သောကြောင့် အစည်းအဝေးသို့ ဖိတ်ခေါ်ပါသည်။
နေ့ရက်။ ။ August 20, 2010
အချိန် ။ ။ 3:00 PM
နေရာ ။ ။ Main Building Room-205၊ Myanmar Info-Tech.
Source : BarCamp Yangon 2011
