Scotty Doesn’t Know


Euro Trip Movie Soundtrack

ဒီနေ့တော့ ဘာမှမရေးတော့ပဲ သီချင်းတစ်ပုဒ်ပြန်တင်ပါတယ်။ Scotty Doesn’t Know လို့ခေါ်ပါတယ်။ ကြားဖူးတယ်လဲ ဖြစ်ချင်ဖြစ်မှာပါ Euro Trip ဆိုတဲ့ ကျောင်းသား ဟာသ ကားထဲကပါ။ ဒီကားက Road Trip ပြီးမှထွက်ခဲ့တာပါ။ ကြည့်ဖူးတာကတော့ ၉ တန်းလောက် ကတည်းကပါပဲ။ အကိုနဲ့ ကြည့်တယ် နောက် ရီရတယ်ဆိုပြီး ကျောင်းကဘော်ဒါကို ပြောပြတော့ သူကထပ်ပြီး ကျွန်တော့်နာမည်နဲ့ အခွေဆိုင်မှာ ငှားပြန်တယ်။ နောက် ၁၀ ရက်လောက်ကြမှ သွားအပ်ဖြစ်တယ်။ အဲဒီတုန်းက ပါရမီက Swam ဆိုတဲ့ ဆိုင်မှာ တော်သေးတယ် အခွေဆိုင်က ဘဲကြီးနဲ့လဲ သိနေကြလို့ ပိုက်ဆံအပို မပေးရတယ်။ :D

ဇာတ်ကားက ရီရတယ် ဒါပေမယ့် ၁၈ နှစ် အထက်မှ ကြည့်လို့ရမယ် ဟီး ဟီး (အထူးသဖြင့် ဒီပို့စ်ကို ဖတ်နေတဲ့ အီမိုရပ်ကတ် ဆိုတဲ့ အကောင်ကြည့်လို့ မရဘူး :D ) ဇာတ်ကားကြည့်ပြီးတော့ Europe ဘက် အလည်သွားချင်လာတယ်.. တကယ်ပြောတာ nude beach တွေရှိလို့ မဟုတ်ဘူး ရှေးအဆောက်အဦးတွေလဲရှိတယ် နောက် အာရှ culture နဲ့ မတူတာတွေတွေ့ချင်တယ်။

Lustra – Scotty Doesn’t Know .mp3
Found at bee mp3 search engine

သီချင်းက မိုက်တယ်။ ဂစ်တာနဲ့ တီးချင်လဲ သိပ်မခက်ပါဘူး လွယ်ပါတယ်။ Punk Rock ပုံစံမျိုးပါ.. ဆိုတာက Lustra ဆိုတဲ့ အဖွဲ့ပါ။ ဆိုတဲ့သူက Mark Daemon နဲ့တောင် ဆင်သလိုလိုပဲ။ သီချင်းအဆုံးမှာ solo repeat လုပ်သွားတာလဲ ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ အဲဒီလို ငယ်ငယ်ကတုန်းကတည်းက နားထောင်တဲ့ သီချင်းတွေ ပြန်နားထောင်တိုင်း အသက်ပြန်ငယ်သွားသလို ခံစားရတာပါပဲ။ အခုသီချင်း စာသားကို အရင် Gtalk status တင်ထားတုန်းက တွေ့ပြီး သီချင်းလာဆိုပြတဲ့ ဒေါ်လေး Helena အတွက်ပါ။ သူကတော့ ဘလော့ခ် မရေးတော့တာ ကြာပါပြီ။





Related Posts

1 Comment so far »

  1. ChristopherEmoracket said,

    Wrote on August 30, 2010 @ 5:15 pm

    ဟတ်ဟတ်.. ကျွန်တော်ကြည့်လို့မရဘူးဆိုပဲ =P . ရဘူး။ ကြည့်မှာပဲ… ခုခေတ်က ကြည့်ပါတယ် , loll…

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: